Connect with us

Hi, what are you looking for?

သတင်း

မိုင်းခွဲဖျက်ဆီးခဲ့သည့် ကျုံအိတ်တံတားလာစစ်သည့် ရဲနှင့်​ထွေအုပ်အပါအဝင်စစ်ကောင်စီဝန်ထမ်းများ ဒရုန်းဖြင့် တိုက်ခိုက်ခံရ

တံတားမိုင်းခွဲခံရစဉ် ပျက်စီးခဲ့သည့် ကားပေါ်ပါသူအချို့ထိခိုက်သေဆုံးခဲ့ကြောင်း၊ အဆိုပါ သေဆုံးသူများမှာလည်း သထုံခရိုင် ဥပဒေရုံးမှ ဝန်ထမ်းစိုးမိုးဆိုသူ ဖြစ်ကြောင်း နယ်မြေခံ KNLA ဘက်က အသိပေးသည်။

(ဘီးလင်းမြို့နယ်ရှိ တံတားတစ်စီးကို ယမန်နေ့ညပိုင်းက မိုင်းခွဲဖျက်ဆီးပြီးနောက်တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ဘီးလင်းမြို့နယ်ရှိ တံတားတစ်စီးကို ယမန်နေ့ညပိုင်းက မိုင်းခွဲဖျက်ဆီးပြီးနောက်တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

▪️ငါးဦးထိခိုက်ပြီး အရာရှိအချို့သေကနဦးသတင်းရရှိ

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ ရန်ကုန် – မော်လမြိုင်လမ်းမကြီး ကျုံအိတ်တံတားအား ကရင်အမျိုးသာလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ညပိုင်း၌ မိုင်းခွဲဖျက်ဆီးခဲ့ရာ တံတားအပျက်အစီးကို သွားရောက်စစ်ဆေးသည့် ရဲများ၊​ထွေအုပ်နှင့် စစ်ကောင်စီဝန်ထမ်းများ ထပ်မံ၍ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း KNLA နယ်မြေခံတပ်မှူးက ပြောသည်။

မော်လမြိုင်နှင့် ဘားအံမြို့ဘက်သို့ စစ်ကောင်စီထောက်ပို့လမ်းကြောင်း ဖြတ်တောက်နိုင်ရေးအတွက် ဘီးလင်းနှင့် သထုံမြို့နယ်ကြားရှိ အဆိုပါတံတားကို မိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ တံတားတစ်ခြမ်းပြုကျပျက်စီးခဲ့သည်။

“မနက်က တံတားကျိုးတဲ့နေရာမှာ လာစစ်ဆေးတဲ့အဖွဲ့ ခရိုင်မှူးတွေပါတယ်။ အဲဒီမှာ မြို့နယ်အုပ်ချုပ်ရေးမှူးပါတယ်။ ခရိုင်ရဲမှူးပါတယ်။ အဲဒီမှာ ရဲအဖွဲ့ဝင်တွေ အင်ဂျင်နီယာ EE အဖွဲ့ဝင်တွေပါတယ်။ ပါတော့ ဒီကနေ ပူးပေါင်းအဖွဲ့ကထပ်ပြီးတော့ ဒရုန်းနဲ့သွားကြဲချတာ။ ကြဲချတော့ ခရိုင်မှူး ဒဏ်ရာရတယ်။ အုပ်ချုပ်ရေးမှူးလည်းဒဏ်ရာရတယ်။ နောက်ပြီး EE တစ်ယောက် သေသွားတယ်နဲ့တူတယ်။ အဲဒီမှာ အားလုံး ငါးယောက်ထိတာ ၂ယောက်သေတယ်”ဟု နယ်မြေခံ KNLA တပ်မှူးက ပြောသည်။

လက်ရှိ စစ်ရေးအခြေအနေများအရ လုပ်စရာရှိသည်များကို ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ပြည်သူတွေကလည်း အရပ်သားကားတွေ သွားတာ လာတာ သတိထားပြီးသွားကြလို့နော်။ ဒီမှာ ကျနော်တို့အဖွဲ့တွေလည်း အဲဒီမှာ စစ်ဆေးရေးတွေဘာတွေလုပ်ရင်လည်း ရပ်ပေးပေါ့။ ရပ်ပြီး အစစ်ဆေးခံပေါ့”ဟုလည်း KNLA တပ်မှူးက ပြောသည်။

တံတားတိုက်ခိုက်မှုဖြစ်စဉ်တွင် အရပ်ယာဉ် အချို့လည်း တံတားနှင့်အတူ ပြုတ်ကျပျက်စီးခဲ့သည်။

တံတားမိုင်းခွဲခံရစဉ် ပျက်စီးခဲ့သည့် ကားပေါ်ပါသူအချို့ထိခိုက်သေဆုံးခဲ့ကြောင်း၊ အဆိုပါ သေဆုံးသူများမှာလည်း သထုံခရိုင် ဥပဒေရုံးမှ ဝန်ထမ်းစိုးမိုးဆိုသူ ဖြစ်ကြောင်း နယ်မြေခံ KNLA ဘက်က အသိပေးသည်။

ဒဏ်ရာရသူမှာ သထုံခရိုင်၊ မှုခင်းမှတ်တမ်းရုံး(C.R.O)မှ ရဲတပ်သားမြတ်မင်းထိုက် ဖြစ်သည်ဟု ဆိုသည်။ တံတားမိုင်းခွဲတိုက်ခိုက်စဉ် ထိခိုက်သွားသည့် ကားများသည် လိုင်စင်မဲ့ယာဉ်များဖြစ်ပြီး ထိခိုက်သူများသည်လည်း အဆိုပါ ယာဉ် မောင်းသူများဖြစ်သည်ဟု ဆိုသည်။ သို့​သော် People’s Spring အ​နေဖြင့် သီးခြားအတည်မပြုနိုင်ပါ။

“လိုင်စင်မဲ့ကားတွေသယ်လာတာလို့ပြောတယ်။ သေဆုံးသူတစ်ဦးမှာ သထုံခရိုင် ဥပဒေရုံးမှ ဝန်ထမ်း စိုးမိုးဆိုသူဖြစ်ကြောင်း သိရှိရ။ ရဲ(စစ်​ကောင်စီရဲ)တစ်ယောက် လည်း ထိတယ်တဲ့။ သူတို့တွေဘက်က သတင်းဖုံးထား။ ဒေသခံကားမပါဘူးနော်။ ကား သုံးစီးလုံးလိုင်စင်မဲကားတွေသူတို့(စစ်​ကောင်စီဝန်ထမ်းနှင့် ဆက်စပ်သူများ) သယ်လာတာ”ဟု KNLA တပ်မှူးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ ဒရုန်းပိုင်ဆိုင်ခွင့်ကို ပိတ်ပင် တားဆီးသွားမယ်လို့ သိရပါတယ်။ လုံခြုံရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုစည်းမျဉ်းသစ်ကို နိုဝင်ဘာလမှာ စတင်သတ်မှတ် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။

သတင်း

PDF ​တွေကတံတားဦး​လေတပ်အား ဒရုန်း ၆ စီးနဲ့တိုက်ခိုက်မှုကိုဟန်တားဖျက်ဆီးနိုင်ခဲ့တယ်လို့စစ်တပ်က စက်တင်ဘာ၁၀ရက်ညမှာထုတ်ပြန်ပြီး နာရီပိုင်းအကြာမှာပဲ PDF ​တွေက ​လေတပ်ရဲ့​လေယာဥ်​ပြေးလမ်း​ပေါ်မှာ​လေတပ်ကစစ်သား​တွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကိုထပ်မံထုတ်ပြန်လိုက်ပါတယ် ။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။