Connect with us

Hi, what are you looking for?

သတင်း

စမ်းချောင်းမြို့နယ်တွင် ကားတစ်စီး မီးလောင်

စမ်းချောင်းမြို့နယ်အတွင်း ကားတစ်စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ သွားရောက် ငြှိမ်းသတ်ခဲ့ပြီး နေ့လယ် ၂နာရီခန့်တွင် မီးငြှိမ်းသတ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - MFSD
ဓာတ်ပုံ - MFSD

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် မြောင်းမြလမ်းတွင် ယနေ့(ဇူလိုင် ၂) နေ့လယ်က ကားတစ်စီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

ယနေ့ နေ့လယ် ၁နာရီခွဲကျော်တွင် ကျွန်းတောအလယ်ရပ်ကွက်၊ မြောင်းမြလမ်းရှိ ကားဝပ်ရှော့တစ်ခုအနီးတွင် ရပ်ထားသည့်ကားတစ်စီး မီးလောင်ကျွမ်းခဲ့ခြင်းဟု စမ်းချောင်းမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

“ကားက ဘက်ထရီရှော့ဖြစ်ပြီး လောင်တာလို့ ပြောကြတယ်။ ကားတစ်စီးလုံး အကုန်ပါပဲ လောင်သွားတယ်။ မီးခိုးတွေလည်း တော်တော်များတယ်။ ညှော်နံ့တွေလည်း တော်တော်ရတယ်။ အခုချိန်ထိ ရပ်ကွက်ထဲမှာ ညှော်နံ့ရနေတုန်းပဲ။ လူတော့ကားထဲမှာ မရှိဘူး။ ကားထဲမှာ ဂက်စ်အိုးလည်း ပါတယ်။ မီးသတ်တွေ ငြှိမ်းတာမြန်လို့ ဂက်စ်အိုးတော့ မပေါက်သွားဘူး” ဟု ၎င်းက ဆိုသည်။

Public Service Announcement
Public Service Announcement

စမ်းချောင်းမြို့နယ်အတွင်း ကားတစ်စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ သွားရောက် ငြှိမ်းသတ်ခဲ့ပြီး နေ့လယ် ၂နာရီခန့်တွင် မီးငြှိမ်းသတ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

သို့သော် မီးလောင်ကျွမ်းမှု ဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည့်အ​ကြောင်းကြောင့် လောင်ကျွမ်းသည်ကို မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ထဲက မြို့နယ်တစ်ခုထဲမှာ လျှပ်စစ်ဓာတ်အားခွဲ စက်ရုံတစ်ခု မီးလောင်မှု ဖြစ်ပွားပြီး ပေါက်ကွဲသံတွေ ထွက်ပေါ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်ခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံက အထည်ချုပ် စက်ရုံတစ်ခုရဲ့ အလုပ်သမားဆောင်မှာ မီးလောင်ရာက စက်ရုံကို မီးကူးစက်ခဲ့ပြီး မြန်မာဝန်ထမ်း ၇၀ ကျော် အရေးပေါ် ရွှေ့ပြောင်းခဲ့ရပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့၊ မီးသတ်ရုံးဘေးက အေးမြသီတာစျေး မီးလောင်ကျွမ်းမှုမှာ ပွဲရုံ ၄ ရုံနဲ့ ဆိုင်ခန်း ၂၄ ခန်း မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

Facebook