Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စမ်းချောင်းမြို့နယ် တိုက်ခန်းတစ်ခုတွင် ဓားဒဏ်ရာများဖြင့်သေဆုံးနေသော အမျိုးသားနှင့် ဒဏ်ရာရထားသည့် အမျိုးသမီး‌တစ်ဦးတွေ့

စမ်းချောင်းလမ်း 777 စားသောက်ဆိုင်ရှေ့ရှိ တိုက်ခန်းတစ်ခုမှ ၆လွှာတွင် အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်ကာ လူမှုကူညီရေးအသင်းရောက်ရှိချိန်တွင် တံခါးကိုဖျက်၍ ဝင်ခဲ့ရပြီး သေဆုံးနေသည့် အမျိုးသားနှင့် ဒဏ်ရာရရှိသည့် အမျိုးသမီးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း ၎င်းက ပြောသည်။

လူမှုကူညီရေးအသင်းမှ လာရောက်သယ်ဆောင်နေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - ရဲသူရိန်
လူမှုကူညီရေးအသင်းမှ လာရောက်သယ်ဆောင်နေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - ရဲသူရိန်

သေဆုံးအမျိုးသားမှာ ဓာတ်ပုံဆရာဖြစ်ပြီး အမျိုးသမီးမှာ မော်ဒယ် ဟုဆို

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ တိုက်ခန်းတစ်ခုတွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေသော အမျိုးသားတစ်ဦးနှင့် ဓားဒဏ်ရာရရှိထားသည့် အမျိုးသမီးကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း လူမှူကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

“မနေ့ည ၁၁နာရီ ၄၅မိနစ်လောက်မှာ ရဲစခန်းက အကြောင်းကြားလို့ သွားတာပါ။ ရောက်တဲ့ အချိန်မှာ အမျိုးသားကတော့ သေဆုံးနေပါပြီ”ဟု ၎င်းက ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်မသိသော်လည်း သေဆုံးသူအမျိုးသားမှာ ဓာတ်ပုံဆရာဖြစ်ပြီး အမျိုးသမီးမှာ မော်ဒယ်ဟုသိရကြောင်း ၎င်းက ဆိုသည်။

သို့သော် အဆိုပါအချက်အလက်နှင့်ပတ်သက်၍ လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေး‌ပေ။

Public Service Announcement

Public Service Announcement

စမ်းချောင်းလမ်း 777 စားသောက်ဆိုင်ရှေ့ရှိ တိုက်ခန်းတစ်ခုမှ ၆လွှာတွင် အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်ကာ လူမှုကူညီရေးအသင်းရောက်ရှိချိန်တွင် တံခါးကိုဖျက်၍ ဝင်ခဲ့ရပြီး သေဆုံးနေသည့် အမျိုးသားနှင့် ဒဏ်ရာရရှိသည့် အမျိုးသမီးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း ၎င်းက ပြောသည်။

“ဓားဒဏ်ရာတွေက ငါးချက်လောက်တွေ့တယ်။ ဗိုက်မှာနှစ်ချက် ၊ လည်ပင်းမှာတစ်ချက် ၊အရှိုက်မှာတစ်ချက်”ဟု သေဆုံးသွားသည့် အမျိုးသားနှင့်ပတ်သက်၍ ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။