Connect with us

Hi, what are you looking for?

သတင်း

စမ်းချောင်းမြို့နယ် တိုက်ခန်းတစ်ခုတွင် ဓားဒဏ်ရာများဖြင့်သေဆုံးနေသော အမျိုးသားနှင့် ဒဏ်ရာရထားသည့် အမျိုးသမီး‌တစ်ဦးတွေ့

စမ်းချောင်းလမ်း 777 စားသောက်ဆိုင်ရှေ့ရှိ တိုက်ခန်းတစ်ခုမှ ၆လွှာတွင် အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်ကာ လူမှုကူညီရေးအသင်းရောက်ရှိချိန်တွင် တံခါးကိုဖျက်၍ ဝင်ခဲ့ရပြီး သေဆုံးနေသည့် အမျိုးသားနှင့် ဒဏ်ရာရရှိသည့် အမျိုးသမီးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း ၎င်းက ပြောသည်။

လူမှုကူညီရေးအသင်းမှ လာရောက်သယ်ဆောင်နေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - ရဲသူရိန်
လူမှုကူညီရေးအသင်းမှ လာရောက်သယ်ဆောင်နေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - ရဲသူရိန်

သေဆုံးအမျိုးသားမှာ ဓာတ်ပုံဆရာဖြစ်ပြီး အမျိုးသမီးမှာ မော်ဒယ် ဟုဆို

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ တိုက်ခန်းတစ်ခုတွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေသော အမျိုးသားတစ်ဦးနှင့် ဓားဒဏ်ရာရရှိထားသည့် အမျိုးသမီးကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း လူမှူကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

“မနေ့ည ၁၁နာရီ ၄၅မိနစ်လောက်မှာ ရဲစခန်းက အကြောင်းကြားလို့ သွားတာပါ။ ရောက်တဲ့ အချိန်မှာ အမျိုးသားကတော့ သေဆုံးနေပါပြီ”ဟု ၎င်းက ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်မသိသော်လည်း သေဆုံးသူအမျိုးသားမှာ ဓာတ်ပုံဆရာဖြစ်ပြီး အမျိုးသမီးမှာ မော်ဒယ်ဟုသိရကြောင်း ၎င်းက ဆိုသည်။

သို့သော် အဆိုပါအချက်အလက်နှင့်ပတ်သက်၍ လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေး‌ပေ။

Public Service Announcement

Public Service Announcement

စမ်းချောင်းလမ်း 777 စားသောက်ဆိုင်ရှေ့ရှိ တိုက်ခန်းတစ်ခုမှ ၆လွှာတွင် အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်ကာ လူမှုကူညီရေးအသင်းရောက်ရှိချိန်တွင် တံခါးကိုဖျက်၍ ဝင်ခဲ့ရပြီး သေဆုံးနေသည့် အမျိုးသားနှင့် ဒဏ်ရာရရှိသည့် အမျိုးသမီးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း ၎င်းက ပြောသည်။

“ဓားဒဏ်ရာတွေက ငါးချက်လောက်တွေ့တယ်။ ဗိုက်မှာနှစ်ချက် ၊ လည်ပင်းမှာတစ်ချက် ၊အရှိုက်မှာတစ်ချက်”ဟု သေဆုံးသွားသည့် အမျိုးသားနှင့်ပတ်သက်၍ ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်က Bar4U ဆိုင်မီးလောင်ခဲ့ပြီး အမျိုးသား ၂ ဦး​သေဆုံးတယ်လို့ သွားရောက်ကူညီတဲ့ လူမှုကူညီရေးအဖွဲ့ဝင်​တွေကပြောပါတယ်။

သတင်း

LGBT ၁ဦးလည်း ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာ

သတင်း

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

Facebook