Connect with us

Hi, what are you looking for?

သတင်း

မြင်းမူမြို့မ ရဲစခန်းနှင့် ထွေအုပ်ရုံး မောင်းသူမဲ့ လေယာဉ်ငယ်ဖြင့် ဗုံးချတိုက်ခိုက်ခံရ

ဇွန်လ ၂၈ ရက် နံနက်ပိုင်းကလည်း မြင်းမူမြို့ရှောင်လမ်းတွင် ဆိုင်ကယ်နှစ်စီးဖြင့် ဖြတ်သန်းလာသော စစ်သား လေးဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံး ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်။

(Sharr Do War နည်းပညာ မောင်းသူမဲ့ လေယာဉ်နှစ်စီးဖြင့် တိုက်ခိုက်ရန်ပြင်ဆင်နေစဥ်။ရဓာတ်ပုံ-ကိုနွေဦး(မြောင်))
(Sharr Do War နည်းပညာ မောင်းသူမဲ့ လေယာဉ်နှစ်စီးဖြင့် တိုက်ခိုက်ရန်ပြင်ဆင်နေစဥ်။ရဓာတ်ပုံ-ကိုနွေဦး(မြောင်))

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ မြို့မရဲစခန်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို မောင်းသူမဲ့ လေယာဉ်ငယ်ဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း မြောင် CDSOM အဖွဲ့မှ ကိုနွေဦး(မြောင်)က ပြောသည်။

ယမန်နေ့ (ဇူလိုင်လ ၂ ရက်) ညနေပိုင်းက မြင်းမူမြို့မရဲစခန်းကို ဗုံးသီး နှစ်လုံး၊ အထွေထွေအုပ် ချုပ်ရေးမှူးရုံးကို ဗုံးသီး နှစ်လုံးကို Sharr Do War နည်းပညာ မောင်းသူမဲ့လေယာဉ်နှစ်စီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ပစ်မှတ်အား တိကျစွာတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေမှာမူ မသိရသေးကြောင်း ကိုနွေဦး(မြောင်)က ပြောသည်။

“ပထမအကြိမ်က ထွက်ပစ်ခတ်နိုင်တယ်။ ဒုတိယအကြိမ်ကျတော့ မကြားရတော့ဘူး။”ဟု ၎င်းက ပြောသည်။

Public Service Announcement
Public Service Announcement

ထိုသို့ တိုက်ခိုက်မှုကြောင့် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးသည်ဟု သိရကြောင်း မြို့ခံအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို CDSOM အနောက်ပိုင်း (၀၀၁)အဖွဲ့၊ Myinmu Civil Revolution Force၊ စစ်ကိုင်း ခရိုင် ပလဖ (အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့)၊ မြင်းမူ ပကဖ၊ မြင်းမူ ကိုလမ်းဗိုလ်နှင့်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဇွန်လ ၂၈ ရက် နံနက်ပိုင်းကလည်း မြင်းမူမြို့ရှောင်လမ်းတွင် ဆိုင်ကယ်နှစ်စီးဖြင့် ဖြတ်သန်းလာသော စစ်သား လေးဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံး ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ အနင်းကျေးရွာရဲစခန်းကိုဒရုန်းဖြင့် ဗုံးကြဲခဲ့သလို ရေးမြို့နယ် အောင်သပြေကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ပြောက်ကျားစစ်ဆင်ရေးနဲ့ တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာလာပမြို့နယ် ရွှေပေါက္ကံနယ်မြေရဲစခန်းက ရဲတွေကင်းပတ်ဖို့ထွက်လာတဲ့ ကားနဲ့ ဆိုင်ကယ်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဒရုန်းဗုံးထိမှန်ပြီး ဒဏ်ရာရခဲ့တဲ့ ဂန့်ဂေါမြို့မရဲစခန်းက ဒုရဲအုပ်တစ်ဦး သေဆုံးတယ်လို့ ဂန့်ဂေါမြို့နယ်သတင်းရင်းမြစ်အချို့က ပြောပါတယ်။