Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနယ်ရှိ တလိုင်းရွာအား စစ်တပ်က စီးနင်းပစ်ခတ်ရာ ရဲဘော် ငါးဦးကျဆုံး

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်များက ပြန်လည်ခုခံခဲ့ရာ ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ် ထိခိုက်မှုရှိကြောင်း၊ ပြည်သူ့ရဲဘော် ငါးဦးလည်းကျဆုံးခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

(တလိုင်းရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(တလိုင်းရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး)

▪️နေအိမ် ၁၀၀ကျော် မီးရှို့ဖျက်ဆီးသွား

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ တလိုင်းကျေရွာအား စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ရာ ပြည်သူ့ရဲဘော် ငါးဦးကျဆုံးပြီး နေအိမ် ၁၀၀ကျော်ကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ​ပြောသည်။

ဇူလိုင် ၂ ရက် နံနက် ၃ နာရီခွဲခန့်က စစ်ကိုင်းမြို့နယ်၊ တလိုင်း(ထီးလှိုင်)ရွာအား အင်အား ၇၀ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်များက ပြန်လည်ခုခံခဲ့ရာ ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ် ထိခိုက်မှုရှိကြောင်း၊ ပြည်သူ့ရဲဘော် ငါးဦးလည်းကျဆုံးခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

(တလိုင်းရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(တလိုင်းရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး)

“တလိုင်းတောင်ဘက်က ကင်းကို အင်အား ၇၀ လောက်နဲ့ ဝင်စီးတယ်။ ကင်းနဲ့ ထိတွေ့မှုဖြစ်ခဲ့တယ်။လက်နက် အင်အားကွာဟချက်ကြောင့် ရဲဘော်တွေကျသွားတယ်။ကင်း ရဲဘော်တွေ ခုခံကာကွယ်ပေးခဲ့တာကြောင့် ကျေးရွာပြည်သူတွေ ရှောင်တိမ်းချိန်ရခဲ့တယ်။ မဟုတ်ရင် ဒီထက် အခြေအနေဆိုးနိုင်ပါတယ်။ စစ်ကြောင်းဝင်လာပြီးချိန် ဖမ်းဆီးခံရတာမျိုးတော့မရှိပါဘူး။”ဟု စစ်ကိုင်းမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် နံနက် ၁၀နာရီခန့်တွင် တလိုင်းရွာအရှေ့ပိုင်းမှ စတင်ကာ မီးရှို့ခဲ့ရာ နေအိမ် ၁၀၀ကျော် ပြာကျခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

“တလိုင်းကတော့ ပြန်ထွက်သွားပြီဆိုတော့ ရွာပြန်ကပ်နိုင်ကြပါပြီ။ ဘယ်အချိန်ပြန်ဝင်လာမလဲ သတိထားနေရဆဲပါ။”ဟုအထက်ပါအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ညနေပိုင်းတွင်လည်း စစ်ကောင်စီတပ်က တလိုင်းရွာမှအရှေ့ဘက် တောင်ကြောတဝိုက်ကို လက်နက်ကြီးများဖြင့် အချက်ရေများစွာ ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။

(တလိုင်းရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(တလိုင်းရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး)

စစ်ကောင်စီတပ်သည် ဇူလိုင် ၃ရက် နံနက် ၁၀နာရီခန့်တွင် ပဒူရွာသို့ ပြန်ဝင်သွားကြောင်း၊ မေလ ၁၉ ရက်ကတည်းက တပ်စွဲထား၍ ကျေးရွာနေပြည်သူများမှာ ယနေ့အထိ ပြန်လည်ဝင်ရောက်နိုင်ခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်ကလည်း စစ်ကိုင်းမြို့နယ်၊ ကိုင်းပြင်အုပ်စု လက်ပန်တောရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှိုဖျက်ဆီးခဲ့၍ အိမ်ခြေ ၁၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရပြီး အကူအညီများ အရေးပေါ်လိုအပ်နေကြောင်း Sagaing District Medical Team အဖွဲ့က ပြောသည်။

စစ်ကိုင်းမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လအတွင်း စစ်ကောင်စီတပ်၏သတ်ဖြတ်မှုကြောင့် ရဲဘော်နှင့် ပြည်သူပေါင်း ၅၀ နီးပါး‌ကျဆုံးခဲ့ရကြောင်း စစ်ကိုင်းအခြေစိုက် စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook