Connect with us

Hi, what are you looking for?

သတင်း

ဖောင်းပြင်တွင်အထိနာ၍ဆုတ်ခွာသွား​​သော စစ်တပ်တပ်စွဲရာ​နေရာမှ စစ်သားအ​လောင်းအချို့နှင့်လက်နက်ခဲယမ်းအချို့ PDFများသိမ်းဆည်းရရှိ

တပ်ကြပ်ကြီးအဆင့်ရှိ အလောင်းနှစ်လောင်း နှင့် ပြည်သူ့စစ် ရှမ်းနီ(SNA) တပ်သား အလောင်းတစ်လောင်း ကို ယမန်နေ့က နယ်မြေရှင်းလင်းရာ တွေ့ရှိခဲ့ခြင်းဟုသိရသည်။

(HPDF မှ တပ်ဖွဲ့ဝင်အချို့ ကို​တွေ့ရစဥ် ။ဓါတ်ပုံ-HPDF)
(HPDF မှ တပ်ဖွဲ့ဝင်အချို့ ကို​တွေ့ရစဥ် ။ဓါတ်ပုံ-HPDF)

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့ နယ်တိုက်ပွဲ ၌ အထိနာ၍ ဆုတ်ခွာခဲ့သော စစ်ကောင်စီတပ်စွဲထားသည့် နေရာများကို နယ်မြေရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်သား အ လောင်းများနှင့် လက်နက်ခဲယမ်းအချို့ ရရှိကြောင်း HPDF-124 တာဝန်ရှိသူက လူထုနွေဦး သို့ ပြောသည်။

တပ်ကြပ်ကြီးအဆင့်ရှိ အလောင်းနှစ်လောင်း နှင့် ပြည်သူ့စစ် ရှမ်းနီ(SNA) တပ်သား အလောင်းတစ်လောင်း ကို ယမန်နေ့က နယ်မြေရှင်းလင်းရာ တွေ့ရှိခဲ့ခြင်းဟုသိရသည်။

“စခ က သုံးရစ် ၂ ယောက်အဆင့်ပေါ့။SNAတစ်ယောက်။ အထိအခိုက်ကတော့ များတယ်။တပ်ခွဲမူးလည်းထိတယ်သိရတယ်။ဖောင်းပြင်ဆေးရုံမှာကုနေရတယ်”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

ထို့အတူ မောင်းပြန်သေနတ် နှစ်လက်နှင့် ခဲယမ်းအချို့ပါ ရရှိကြောင်းလည်း ရုပ်သံဖိုင်နှင့်တစ်ကွထုတ်ပြန်သည်။ရုပ်သံဖိုင်ကို People’s Spring တယ်လီဂရန်တွင်​ဖော်ပြထားပါသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဟုမ္မလင်းမြို့နယ်တွင် လှုပ်ရှားစစ်ကြောင်းအဖြစ် အမိန့်ကျသော (ခလရ -၂၇၂) နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ပူးပေါင်းစစ်ကြောင်း သည် ခန့်မှန်းအင်အား (၁၀၀) ဝန်းကျင်ဖြင့် ဇွန်လ ၂၈ ရက်မှစတင်ပြီး ဖောင်းပြင်မြို့မှတဆင့် ကော်ကမ်းကျေးရွာသို့ လေကြောင်းပစ်ကူဖြင့် စစ်ကြောင်းထိုးလာခဲ့သည်။

ဇွန် ၂၈ ၊နံနက် ၉ နာရီခွဲခန့်ကစ၍ လေယာဉ် နှစ်စီး (Mi-35 ၊Mi-17) ဖြင့် မိနစ် (၂၀) ခန့် ပစ်ခတ်ဗုံးကြဲပြီးနောက် ဟုမ္မလင်း-ဖောင်းပြင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်းတို့ တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဇွန် ၂၉ ရက်က ခမရ ၃၀၉ မှ စစ်ကူ တပ်စု တစ်စု ရောက်လာပြီး နေ့လယ် ပိုင်းတွင် လေယာဉ် နှစ်စီးဖြင့် မိနစ် (၃၀) ခန့် ပစ်ခတ်ဗုံးကျဲခဲ့ပြန်သည်။

“ရန်သူဖက်က လူအင်အား လက်နက်အင်အား လေ ကြောင်းပစ်ကူနဲ့ ချည်းကပ်ဝင်ရောက်ပြီး ရွာကိုဝင်ထိုင်မှ ခရိုင် (၂)ခရိုင်ပေါင်းပြီး ပြန်လည်ထိုးစစ်နဲ့ ရန်သူအထိ နာအောင် ပြန်လည်ထိုးစစ်ဆင်နိုင်တော့ အဲ့ကောင်တွေ အထိခိုက်များစွာနဲ့လေကြောင်းပစ်ကူပေးပီးပြန်ဆုတ်ရတာ”ဟု တိုက်ပွဲ ဖြစ်ပွားခဲ့ပုံကို HPDF 124တာဝန်ရှိသူက ရှင်းပြသည်။

ထိုနှစ်ရက်တာ တိုက်ပွဲအတွင်း ပြည်သူ နှစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပြီး PDF ရဲဘော် တစ်ဦး နှင့် ပ.က.ဖ ရဲဘော် တစ်ဦး ကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်းမှာ အခု ဇွန်လအတွင်း စစ်တပ်စခန်းသိမ်းတိုက်ပွဲတွေမှာ ရရှိတဲ့ လက်နက်၊ခဲယမ်းတွေကို ပါ၀င်တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံ ခွဲဝေပေးနေပြီလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းတာတွေ လုပ်ရင် ထိရောက်စွာ အရေးယူမယ်လို့ ကချင်ပြည်နယ် ရွှေကူခရိုင် အခြေစိုက်လှုပ်ရှားနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၁၁) တပ်ရင်း(၁၂) က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်က အရာရှိအပါအဝင်​သေဆုံးဒဏ်ရာရသူ​တွေရှိ ၊ တိုက်ခိုက်ခံရတဲ့​နေရာကိုစစ်တပ်ဗုံးဆက်တိုက်ကြဲ​နေ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ် ထုံးကြီးကျေးရွာ ရဲစခန်းမှာ တပ်စွဲထားတဲ့စစ်တပ်က လက်နက်ကြီးတွေနဲ့ ကျွန်းပေါ်က ကျေးရွာတွေကို ပစ်ခတ်ခဲ့လို့ ဒေသခံ ပြည်သူ ၆ဦး ဒဏ်ရာရခဲ့ပြီး၂ဦး စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။