Connect with us

Hi, what are you looking for?

သတင်း

ဖောင်းပြင်မြို့နယ်၌ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားမှု စစ်ကောင်စီတပ် အထိနာဟု ထုတ်ပြန်

ဖောင်းပြင်နှင့် ဟုမ္မလင်းနယ်အစပ်တွင် ဇွန်လဆန်းပိုင်းအတွင်းက တိုက်ပွဲများဖြစ်ပွားခဲ့ရာ ထိုစဉ်ကလည်း စစ်ကောင်စီက လေကြောင်း ပစ်ကူရယူတိုက်ခိုက်ခဲ့သည်ဟု ဟုမ္မလင်း PDFက ထုတ်ပြန်ထားသည်။

(စစ်ကောင်စီတပ်က ဖောင်းပြင်မြို့နယ် ကော်ကမ်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ဟုမ္မလင်း PDF)
(စစ်ကောင်စီတပ်က ဖောင်းပြင်မြို့နယ် ကော်ကမ်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ဟုမ္မလင်း PDF)

▪️တော်လှန်ရေးရဲဘော် နှစ်ဦးကျဆုံး၊ပြည်သူ နှစ်ဦးကို စစ်ကောင်စီသတ်ဖြတ်သွားဟု အသိပေး

စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ် ကော်ကမ်းကျေးရွာတွင် ဇွန်လ ၂၈ရက်ကစ၍ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က အထိနာခဲ့ကြောင်း ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ် (PDF)က သတင်းထုတ်ပြန်သည်။

ဟုမ္မလင်းမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီ၏ ခလရ(၂၇၂)နှင့် ရှမ်းနီးတပ်မတော်(SNA) ပူးပေါင်းစစ်ကြောင်းသည် အင်အား ၁၀၀ခန့်ဖြင့် ကော်ကမ်းကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

ထိုသို့ဝင်ရောက်ရာတွင် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူဖြင့် ဝင်ရောက်လာကြောင်း၊ ဇွန်လ ၂၈ရက် နံနက်ပိုင်းတွင် ရဟတ်ယာဉ် နှစ်စီးဖြင့် မိနစ် ၂၀ခန့် ပစ်ခတ်ဗုံးကြဲပြီးနောက် ရန်သူ့စစ်ကြောင်း နှင့် ဟုမ္မလင်း-ဖောင်းပြင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်းတို့ တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်က လေးဦးထိခိုက်ခဲ့သည်ဟု ထုတ်ပြန်သည်။

(စစ်ကောင်စီတပ်က ဖောင်းပြင်မြို့နယ် ကော်ကမ်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ဟုမ္မလင်း PDF)
(စစ်ကောင်စီတပ်က ဖောင်းပြင်မြို့နယ် ကော်ကမ်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – ဟုမ္မလင်း PDF)

စစ်ကောင်စီတပ်များမိုင်းထိခဲ့၍ လေးဦးဒဏ်ရာရရှိခဲ့ရာ တစ်ဦးမှာ ဒဏ်ရာပြင်းထန်၍ ဖောင်းပြင်ပြည်သူ့ဆေးရုံ၌ လုံခြုံရေးထားရှိ ဆေးကုသမှု ခံယူနေကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဇွန်လ ၂၉ရက်တွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

လေကြောင်းပစ်ခတ်ပြီးနောက် သတ်ကွင်းပြင်စောင့်နေသော အကြမ်းဖက်တပ်ဖွဲ့အားPDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာပြီးညပိုင်းတွင် တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ဗုံးသီး နှစ်လုံးကြဲချတိုက်ခိုက်လာသည်ဟု ဆိုသည်။

(စစ်ကောင်စီတပ်က ဖောင်းပြင်မြို့နယ် ကော်ကမ်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ဟုမ္မလင်း PDF)
(စစ်ကောင်စီတပ်က ဖောင်းပြင်မြို့နယ် ကော်ကမ်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – ဟုမ္မလင်း PDF)

တိုက်ပွဲဒုတိယနေ့တွင် စစ်ကောင်စီဘက်က အရာခံဗိုလ် တစ်ဦး၊ တပ်သားတစ်ဦးနှင့် SNA ရဲဘော် တစ်ဦးသေဆုံးပြီးအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ အထိနာသည့် စစ်ကောင်စီတပ်သည် ဇွန်လ ၃၀ရက်တွင် ဖောင်းပြင်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ပွားစဉ် ဖောင်းပြင်စစ်ကောင်စီတပ်ကလက်နက်ကြီးများပစ်ကူပေးတိုက်ခိုက်ခဲံကြောင်း ဖော်ပြသည်။

နှစ်ရက်တာ တိုက်ပွဲအတွင်း ပြည်သူနှစ်ဦး ဖမ်းဆီးသတ်ဖြတ်ခြင်းခံရပြီး၊ PDF ရဲဘော်တစ်ဦး၊ ပ.က.ဖ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း အသိပေးထားသည်။

ဖောင်းပြင်နှင့် ဟုမ္မလင်းနယ်အစပ်တွင် ဇွန်လဆန်းပိုင်းအတွင်းက တိုက်ပွဲများဖြစ်ပွားခဲ့ရာ ထိုစဉ်ကလည်း စစ်ကောင်စီက လေကြောင်း ပစ်ကူရယူတိုက်ခိုက်ခဲ့သည်ဟု ဟုမ္မလင်း PDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မြောက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာမို့ နွားထိုးကြီး-ပြင်စည်လမ်းပိုင်းကို မနက် ၅နာရီကနေ ည ၇နာရီအချိန်အထိသာ အသုံးပြုသွားလာရန် မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ထားပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က စစ်တောင်မြစ်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ နေ့စဉ်ဗုံးကြဲနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။