Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံထောင်မှာ နိုင်ကျဉ်းအမျိုးသားတစ်ဦးသေဆုံး

သေဆုံးသူဟာ နိုင်ငံရေးပုဒ်မ ၅၀၅(က) နဲ့ ထောင် ၃ နှစ် ကျခံနေရသူ မြင်းခြံမြို့နယ် ၊မကျီးစုရွာသား အသက် ၄၃ နှစ်အရွယ် ဦးစိန်ဝင်း ဖြစ်တယ်လို့ သိရပါတယ်။

မြင်းခြံထောင်မှာ နိုင်ကျဉ်းအမျိုးသားတစ်ဦးသေဆုံး
မြင်းခြံထောင်မှာ နိုင်ကျဉ်းအမျိုးသားတစ်ဦးသေဆုံး

မန္တလေးတိုင်း၊ မြင်းခြံထောင်မှာ အသက် ၄၀ ကျော်အရွယ် နိုင်ငံရေးအကျဉ်းသားတစ်ဦး ပြီးခဲ့တဲ့ရက်ပိုင်းက ရိုက်နှက်ခံရတဲ့ လက္ခဏာတွေနဲ့သေဆုံးသွားတယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် မှတာဝန်ရှိသူ ကိုသက်ထွန်းဦးကပြောပါတယ်။

သေဆုံးသူဟာ နိုင်ငံရေးပုဒ်မ ၅၀၅(က) နဲ့ ထောင် ၃ နှစ် ကျခံနေရသူ မြင်းခြံမြို့နယ် ၊မကျီးစုရွာသား အသက် ၄၃ နှစ်အရွယ် ဦးစိန်ဝင်း ဖြစ်တယ်လို့ သိရပါတယ်။

ဦးစိန်ဝင်း အစာအိမ်အချဉ်ပေါက်ပြီး ဇူလိုင်လ ၂ ရက်နေ့မှာ သေဆုံးသွားတယ်လို့ အကျဉ်းထောင်ဘက်က မိသားစုထံ နောက်တစ်ရက်မှာပဲ အကြောင်းကြားလာပါတယ်။

ဒါပေမယ့် အလောင်းမှာ ရိုက်နှက်ခံထားရတဲ့ဒဏ်ရာတွေ တွေ့ခဲ့ရတယ်ဆိုတာကို တဆင့်ပြန်လည်သိရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် မှတာဝန်ရှိသူ ကိုသက်ထွန်းဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ရုပ်အလောင်းကိုလည်း အကျဉ်းထောင်ဘက်ကအစီအစဉ်နဲ့ သဂြိုဟ်ခဲ့တယ်လို့လည်းသိရပါတယ်။

ဦးစိန်ဝင်းဟာ ဖမ်းဆီးမခံရခင်က ကျန်မာရေးကောင်းမွန်တဲ့ တောင်သူတစ်ဦးဖြစ်ကာ ပြီးခဲ့တဲ့ နှစ်က ဖမ်းဆီးခံရတာပါ။

မြင်းခြံထောင်ဟာ နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်မှုမှာ နာမည်ဆိုးနဲ့ကျော်ကြားပါတယ်။

ပြီးခဲ့တဲ့မေလအတွင်းကလည်း မြင်းခြံထောင် မှာ နိုင်ငံရေးအကျဉ်းသားတစ်ဒါဇင်ကျော်ကို အပြင်ခေါ်ထုတ်ပြီး တစ်ပတ်နီးပါးကြာ ရိုက်နှက်စစ်ကြောခဲ့တာတွေရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။