Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲဖြစ်သည့် နန်ဆန်ယာန်ရွာဘက်သို့ စစ်ကောင်စီတပ် လက်နက်ကြီးများ ပစ်ခတ်

KIA ထိန်းချုပ်နယ်မြေ မိုင်ဆပ်ပါရွာနှင့် နန်ဆန်ယာန်ကျေးရွာအနီးက တိုက်ပွဲဖြစ်ပွားသည့် နေရာအနီးတဝိုက်ကို စစ်ကောင်စီတပ်က ဇူလိုင် ၅ရက်တွင် လက်နက်ကြီးများပစ်ခတ်ကြောင်း ဖော်ပြထားပြီး ကျဆုံးထိခိုက်မှုရှိမရှိကို ဖော်ပြမထားပေ။

(ဝိုင်းမော်မြို့နယ် နန်ဆန်ယာန်ရွာနှင့် တိုက်ပွဲများ​ကြောင့် ​ဒေသခံပြည်သူများ​နေအိမ်နှင့်ဆိုင်များပိတ်ထားသည်ကိုတွေ့ရစဥ်။ ဓာတ်ပုံ - The Kachin Net)
(ဝိုင်းမော်မြို့နယ် နန်ဆန်ယာန်ရွာနှင့် တိုက်ပွဲများ​ကြောင့် ​ဒေသခံပြည်သူများ​နေအိမ်နှင့်ဆိုင်များပိတ်ထားသည်ကိုတွေ့ရစဥ်။ ဓာတ်ပုံ - The Kachin Net)

▪️ဗန်းမော် – မြစ်ကြီးနားလမ်းသွား ပြည်သူများသတိထားရန်၊ တိုက်ပွဲနှင့် နီးစပ်ရာသို့ မသွားရန်၊ တိုက်ပွဲဖြစ်ရာနေရာမှ တိမ်းရှောင်ရန် KIO/KIA သတိပေး

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်တို့ ဝိုင်းမော်မြို့နယ် နန်ဆန်ယာန်ရွာအနီးတွင် ဇူလိုင် ၃ရက်မှစ၍ တိုက်ပွဲများဖြစ်ပွားခဲ့ရာ ယနေ့(ဇူလိုင် ၅ရက်)တွင် စစ်ကောင်စီတပ်က KIA ထိန်းချုပ်နယ်မြေများအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု KIA သတင်းပြန်ကြားရေးဌာနက အသိပေးဖော်ပြသည်။

KIA ထိန်းချုပ်နယ်မြေ မိုင်ဆပ်ပါရွာနှင့် နန်ဆန်ယာန်ကျေးရွာအနီးက တိုက်ပွဲဖြစ်ပွားသည့် နေရာအနီးတဝိုက်ကို စစ်ကောင်စီတပ်က ဇူလိုင် ၅ရက်တွင် လက်နက်ကြီးများပစ်ခတ်ကြောင်း ဖော်ပြထားပြီး ကျဆုံးထိခိုက်မှုရှိမရှိကို ဖော်ပြမထားပေ။

(ဝိုင်းမော်မြို့နယ် နန်ဆန်ယာန်ရွာနှင့် တိုက်ပွဲများ​ကြောင့် ​ဒေသခံပြည်သူများ​နေအိမ်နှင့်ဆိုင်များပိတ်ထားသည်ကိုတွေ့ရစဥ်။ ဓာတ်ပုံ - The Kachin Net)
(ဝိုင်းမော်မြို့နယ် နန်ဆန်ယာန်ရွာနှင့် တိုက်ပွဲများ​ကြောင့် ​ဒေသခံပြည်သူများ​နေအိမ်နှင့်ဆိုင်များပိတ်ထားသည်ကိုတွေ့ရစဥ်။ ဓာတ်ပုံ – The Kachin Net)

တိုက်ပွဲများပြန်ဖြစ်လာ၍ နန်ဆန်ယာန်ကျေးရွာနှင့် အနီးဝန်းကျင်ရှိ ပြည်သူများ ဘေးကင်းရာသို့ရွှေ့ပြောင်း တိမ်းရှောင်နေကြရကြောင်း၊ ကားလမ်းတလျှောက်တောင်ယာလုပ်ကိုင်နေကြသည့် ပြည်သူတချို့က တိမ်းရှောင်နိုင်ခြင်းမရှိသေးကြောင်း KIA သတင်းပြန်ကြားရေးက ဖော်ပြသည်။

စစ်ရေးစစ်ရာမတည်ငြိမ်သည့် ကာလဖြစ်၍ KIOအုပ်ချုပ်ရေးရုံးက ဇူလိုင် ၄ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ ဗန်းမော် – မြစ်ကြီးနားကားလမ်းသွား ခရီးသည်ပြည်သူများ သတိထားရန်၊ မဖြစ်မနေ ခရီးသွားရမယ်ဆိုပါက စစ်ရေးသတင်းတွေ နားစွန့်ထားရန် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

(ဝိုင်းမော်မြို့နယ် နန်ဆန်ယာန်ရွာနှင့် တိုက်ပွဲများ​ကြောင့် ​ဒေသခံပြည်သူများ​နေအိမ်နှင့်ဆိုင်များပိတ်ထားသည်ကိုတွေ့ရစဥ်။ ဓာတ်ပုံ - The Kachin Net)
(ဝိုင်းမော်မြို့နယ် နန်ဆန်ယာန်ရွာနှင့် တိုက်ပွဲများ​ကြောင့် ​ဒေသခံပြည်သူများ​နေအိမ်နှင့်ဆိုင်များပိတ်ထားသည်ကိုတွေ့ရစဥ်။ ဓာတ်ပုံ – The Kachin Net)

ထို့ပြင် တိုက်ပွဲနေရာနှင့် နီးစပ်သည့် နေရာများကို မသွားရန်၊ တိုက်ပွဲဖြစ်သည့် နေရာကနေတိမ်းရှောင်ရန်စသည့် အချက်များကို KIO အုပ်ချုပ်ရေးပိုင်းက ထုတ်ပြန်ခဲ့သည်။

ယမန်နေ့တွင်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဒေသခံလေးဦးဒဏ်ရာရခဲ့သည်ဟု နန်ဆန်ယာန်ရွာခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

လက်ရှိတွင် စစ်ကောင်စီတပ်က နန်ဆန်ယာန်ရွာဘက်သို့ စစ်အင်အားများဖြည့်တင်းနေရာ ယင်းသို့ လုပ်ဆောင်ချက်သည် နန်ဆန်ယာန်ရွာနှင့် ဗန်းမော်-မြစ်ကြီးနားလမ်းကို စစ်ကောင်စီတပ်ကပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းခြင်းဖြစ်နိုင်သည်ဟု ကချင်သတင်းရင်းမြစ်က သုံးသပ်ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။