Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံတဝန်း စစ်​ကောင်စီကျူးလွန်နေမှုများကို လာမည့်ကုလလူ့အခွင့်အရေးကောင်စီအစည်းအဝေး တင်ပြနိုင်ရေး NUG ကြိုးပမ်း

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Türk သည် ဝန််ကြီးဦးအောင်မျိုးမင်းကို ဖေဖော်ဝါရီ ၂၃ ရက််တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာရှိ ၎င်း၏ရုံးခန်း၌ လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများကို ရင်််းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင််ခဲ့ကြောင်း သိိရသည််။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Türk နှင့် ဝန််ကြီးဦးအောင်မျိုးမင်းတို့တွေ့ဆုံနေစဉ်၊ ဓာတ်ပုံ - MoHR
ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Türk နှင့် ဝန််ကြီးဦးအောင်မျိုးမင်းတို့တွေ့ဆုံနေစဉ်၊ ဓာတ်ပုံ - MoHR

နိုင်ငံတဝန်း စစ်ကောင်စီကျူးလွန်နေသော လူ့အခွင့်အရေးချိုးဖောက်မှု၊ ရာဇဝတ်မှုများနှင့်ပတ်သက်၍ လာမည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ လူ့အခွင့်အရေးမဟာမင်းကြီးတင်ပြမည့် အစီရင်ခံစာ၌ ပိုမိုပြင်းထန်််စွာထည့်သွင်းနိုင််ရေး တင််ပြတိုက််တွန််းနိုင်ခဲ့ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Türk သည် ဝန််ကြီးဦးအောင်မျိုးမင်းကို ဖေဖော်ဝါရီ ၂၃ ရက််တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာရှိ ၎င်း၏ရုံးခန်း၌ လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများကို ရင်််းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင််ခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Türk နှင့် ဝန််ကြီးဦးအောင်မျိုးမင်းတို့တွေ့ဆုံနေစဉ်၊ ဓာတ်ပုံ - MoHR
ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Türk နှင့် ဝန််ကြီးဦးအောင်မျိုးမင်းတို့တွေ့ဆုံနေစဉ်၊ ဓာတ်ပုံ – MoHR

“လူ့အခွင့်အရေးကောင်စီမဟာမင်းကြီး တာဝန်််စယူယူချင်း မြန်မာစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက််မှုတွေကို သူ့ရဲ့ပထမဆုံးအစီရင်ခံစာမှာ ပြင််းပြင်းထန်ထန် ထည့်သွင်းဖော်ပြတဲ့အပေါ် ကျေးဇူးတင်ကြောင်း ပြောခဲ့တယ်။ လာမယ့် လူ့အခွင့်အရေးကောင်စီညီလာခံမှာ သူ့အနေနဲ့ အစီရင်ခံစာနောက်တစ်ခုထုတ်ပြန်မယ် ဆိုတဲ့အကြောင်း၊ အဲဒီထဲမှာ တကယ့် စစ်ကောင်စီကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ ပိုမိုပြင်းထန်စွာ တင််ပြဖို့ရယ်၊ နောက်တစ်ခါ စစ်ကောင်စီကို စီးပွားရေး ၊ လက်နက်တင်ပို့ရောင်းချမှု၊ နိုင်ငံတကာယန္တရားတွေကနေ အရေးယူနိုင်ဖို့ လုပ််ဆောင််ဖို့အတွက် ဒါတွေ ထည့်သွင်းဖော်ပြဖို့ တိုက်တွန်းနိုင်ခဲ့ပါတယ်” ဟု ဝန်ကြီးဦးအောင်မျိုးမင်းက ပြောသည််။

လူ့အခွင့်အရေးကောင်စီ မဟာမင်းကြီးသည်် လာမည့် မတ်လ ၆ ရက်တွင် လူ့အခွင့်အရေးကောင်စီသို့ အစီရင်ခံစာတင််ပြမည််ဖြစ်ပြီး မြန််မာစစ်ကောင်စီ၏ ဆိုးရွားသည့် ချိုးဖောက်မှုများကို ထပ်မံ ရှင််းလင်းဖော်ပြမည််ဖြစ်ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Türk နှင့် ဝန််ကြီးဦးအောင်မျိုးမင်းတို့တွေ့ဆုံနေစဉ်၊ ဓာတ်ပုံ - MoHR
ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Türk နှင့် ဝန််ကြီးဦးအောင်မျိုးမင်းတို့တွေ့ဆုံနေစဉ်၊ ဓာတ်ပုံ – MoHR

“တကယ့်ဆိုးရွားလုပ်ဆောင်နေမှုတွေကို ပြင်းပြင်းထန်ထန်ရှုတ်ချတာတွေ အရင်ကလည်း ထုတ်ခဲ့ပြီးပါပြီ။ စစ်ကောင်စီရဲ့ ချိုးဖောက်မှုတွေကို သူ့အနေနဲ့ လက်မခံတဲ့အကြောင်း အဲဒီနေ့မှာ ထပ်ပြီး တင်ပြမယ်လို့ မျှော်လင့်ပါတယ်”ဟု ဦးအောင်မျိုးမင်းက ဆိုသည််။

ထို့အပြင် လူ့အခွင့်အရေးကောင်စီမဟာမင်းကြီးရုံးအနေဖြင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အရေးနှင့်ပတ်သက်၍ အချက်အလက်ကောက်ယူနေသူများကို နည်းပညာဆိုင်ရာ အကူအညီနှင့် အခြားလိုအပ်နေသာ အကူအညီများပေးရန် မဟာမင်းကြီးကို တောင်းဆိုခဲ့ကြောင်း ဝန်ကြီးဦးအောင်မျိုးမင်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်