Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့မဈေးမှာ ပေါက်ကွဲမှုဖြစ်ပြီး ၈ ဦးထိခိုက်ဒဏ်ရာရ

စစ်တပ်ထောက်ခံအားပေးတဲ့ တယ်လီဂရမ်တွေမှာလည်း ရွှေဘိုမြို့မဈေး ပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသူတွေရဲ့ အမည်နဲ့ အသက်အရွယ်တွေ ဖော်ပြထားတာတွေ့ရပါတယ်။

ရွှေဘိုမြို့မဈေးမှာ ပေါက်ကွဲမှုဖြစ်ပြီး ၈ ဦးထိခိုက်ဒဏ်ရာရ
ရွှေဘိုမြို့မဈေးမှာ ပေါက်ကွဲမှုဖြစ်ပြီး ၈ ဦးထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မဈေး မှာ ဒီနေ့မနက်ပိုင်းဈေးဖွင့်ချိန် ပေါက်ကွဲမှုဖြစ်ရာ ကိုရင် ၁ပါးနဲ့ အရပ်သား ၇ဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။

မနက် ၇ နာရီခွဲခန့်က ဈေးရဲ့ သားငါးတန်းကနေ ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်တာလို့ ရွှေဘိုမြို့ခံ သတင်းရင်းမြစ်ထံက သိရပါတယ်။

Public Service Announcement
Public Service Announcement

စစ်တပ်ထောက်ခံအားပေးတဲ့ တယ်လီဂရမ်တွေမှာလည်း ရွှေဘိုမြို့မဈေး ပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသူတွေရဲ့ အမည်နဲ့ အသက်အရွယ်တွေ ဖော်ပြထားတာတွေ့ရပါတယ်။

အဲဒီတယ်လီဂရမ်တွေမှာ ဒဏ်ရာရသူတွေရဲ့ ဓာတ်ပုံတွေကို တင်ထားပြီး ကိုရင် ၁ပါး ၊ အမျိုးသမီး ၅ ဦး နဲ့အမျိုးသား ၂ ဦး တို့ ကိုတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရသူအမျိုးသမီးတွေထဲမှာ အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်လည်းပါဝင်တယ်လို့ ဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဘိုလီးဗီယားနိုင်ငံက စစ်တန်းလျား တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့စက်တင်ဘာ ၂ရက် မနက်ပိုင်းက ကျယ်လောင်တဲ့ပေါက်ကွဲသံထွက်ပေါ်လာလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

Facebook