Connect with us

Hi, what are you looking for?

သတင်း

မုံရွာနယ်တွင် စစ်တပ်က ပြည်သူအယောင်ဆောင် PDFစခန်းများစီးနင်းနေ၍ လမ်းပိုင်းငါးခု၌ သတိပြုရမည့်အချက်များ ပကဖ ထုတ်ပြန်

မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မြို့နယ်အတွင်း၌ မော်တော်ကားများမောင်းနှင်ခြင်းနှင့်ပတ်သတ်၍ အသိပေးကြေညာချက်ကို ယမန်နေ့ (ဇူလိုင်၁၇)က ထုတ်ပြန်သည်။

(မုံရွာ-မန္တ​လေးလမ်း ယာယီပိတ်ထား၍ စောင့်ဆိုင်းနေသောယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj)
(မုံရွာ-မန္တ​လေးလမ်း ယာယီပိတ်ထား၍ စောင့်ဆိုင်းနေသောယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူအယောင်ဆောင်၍ ယာဥ်မျိုးစုံဖြင့် PDFစခန်းများစီးနင်းနေသောကြောင့် လမ်းပိုင်း၅ ခု၌ သွားလာရာတွင် သတိပြုရမည့်အချက်များကို မုံရွာ(ပကဖ)အဖွဲ့က ထုတ်ပြန်ကြေညာသည်။

မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မြို့နယ်အတွင်း၌ မော်တော်ကားများမောင်းနှင်ခြင်းနှင့်ပတ်သတ်၍ အသိပေးကြေညာချက်ကို ယမန်နေ့ (ဇူလိုင်၁၇)က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် အိမ်စီးကားများ၊ ဖောကားများ၊ ၁၂ဘီးကားများဖြင့် ပြည်သူအသွင်ယူကာ ပြည်သူများအား ဖမ်းဆီးခြင်းနှင့် တော်လှန်ရေး အင်အားစုများ၏ စခန်းများအား ဝင်ရောက်စီးနင်းခြင်းများ လုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ကြောင့် မုံရွာမြို့နယ်အတွင်း သွားလာနေသော မော်တော်ယာဥ်များအနေဖြင့် မုံရွာ-မန္တလေး လမ်းပိုင်း၊ မုံရွာ-အရာတော် လမ်းပိုင်း(ကျောက္ကာလမ်း)၊ မုံရွာ-သာစည် လမ်းပိုင်း(သာစည်လမ်း)၊ မုံရွာ-ဘုတလင်-ရေဦး လမ်းပိုင်းနှင့် မုံရွာ-အမြင့်လမ်းပိုင်းများအား ဖြတ်သန်းသွားလာပါက အိမ်စီးကားများ မှန်ချမောင်းနှင်ရန်၊ ကုန်တင်ကားများဖြစ်သည့် ဖောကား၊ ၆ ဘီးကားနှင့် ၁၂ဘီးကားများအနေဖြင့် မိုးမရွာဘဲ မိုးကာအုပ်မောင်းနှင်ခြင်းများ မပြုလုပ်ကြရန်၊ကုန်ပစ္စည်း မပါဘဲ ကားနောက်ပိတ်များပိတ်၍ မောင်းနှင်ခြင်းများ မပြုလုပ်ကြရန် မုံရွာ(ပကဖ)အဖွဲ့က သတိပေးသည်။

Public Service Announcement

Public Service Announcement

၁နာရီ ကီလို ၆၀နှုန်းထက် မကျော်ဘဲ မောင်းနှင်ကြရန်နှင့် ညဘက်တွင် ကားအတွင်းမီးဖွင့်၍ မောင်းနှင်ရန်၊စစ်ကောင်စီယာဉ်တန်းများနှင့် အနီးကပ်မောင်းနှင်ခြင်းများ မပြုလုပ်ကြရန် မုံရွာ(ပကဖ)အဖွဲ့က ထပ်မံသတိပေးသည်။

ပြည်သူများ လိုက်နာခြင်းဖြင့် တော်လှန်ရေးကို ကူညီပေးရန်နှင့် လိုက်နာခြင်းမရှိ‌ပါက ထိရောက် စွာ အရေးယူသွားမည်ဖြစ်ကြောင်း၊ ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ကိစ္စရပ်များကိုလည်း တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ကြောင်းမုံရွာ(ပကဖ) အဖွဲ့က သတိပေးထားသည်။

မုံရွာ-မန္တ​လေးလမ်းပေါ်တွင် စစ်ကောင်စီယာဥ် များအား ဒေသတွင်းတော်လှန်ရေးအဖွဲ့များက မကြာခဏ တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေက စစ်တပ်လက်အောက်ခံ တပ်တွေရဲ့ ချုပ်ကိုင်မှုအောက်မှာရှိနေတာကြောင့် စစ်တပ်ကို ဖျက်သိမ်းမှသာ ရပ်တန့်မယ်လို့ Justice For Myanmar-JFM က သဘောထားထုတ်ပြန်လိုက်ပါတယ်။

သတင်း

ရက္ခိုင်ဒေသ စစ်တပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂ပတ်အတွင်း အရပ်သား ၇ ဦးသေ၊ ၃၀ ဦးနီးပါး ဒဏ်ရာရ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။