Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့နယ်တွင် စစ်ကောင်စီတပ်က ဒေသခံများ၏ပစ္စည်းများလုယူ၊ ခြိမ်းခြောက်စာများပါရေးသွား

ယနေ့ (ဇူလိုင်လ ၂ ရက်) နေ့လယ် ၁၂ နာရီက လင်းပိုးကျေးရွာကို အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်က ခြေလျင်စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည်။

(စစ်ကောင်စီတပ်များ လင်းပိုးကျေးရွာအတွင်းရှိ နေအိမ်များအတွင်းရှိ ပစ္စည်းများလုယူပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ- Monywa-AMyint Road Information)
(စစ်ကောင်စီတပ်များ လင်းပိုးကျေးရွာအတွင်းရှိ နေအိမ်များအတွင်းရှိ ပစ္စည်းများလုယူပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ- Monywa-AMyint Road Information)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ လင်းပိုးကျေးရွာတွင် စစ်ကောင်စီတပ်က ကျပ်သိန်းတစ်ရာကျော်တန်ဖိုးရှိ ဒေသခံပြည်သူများ၏ ပစ္စည်းများကို သိမ်းယူသွားပြီး ခြိမ်းခြောက်စာများပါ ရေးသားသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (ဇူလိုင်လ ၂ ရက်) နေ့လယ် ၁၂ နာရီက လင်းပိုးကျေးရွာကို အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်က ခြေလျင်စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည်။

(စစ်ကောင်စီတပ်များ လင်းပိုးကျေးရွာအတွင်းရှိ နေအိမ်များအတွင်းရှိ ပစ္စည်းများလုယူပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ- Monywa-AMyint Road Information)
(စစ်ကောင်စီတပ်များ လင်းပိုးကျေးရွာအတွင်းရှိ နေအိမ်များအတွင်းရှိ ပစ္စည်းများလုယူပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ- Monywa-AMyint Road Information)

မုံရွာ – အမြင့်လမ်းပေါ်ဖြတ်သန်းလာသော FAW ကားကြီးနှစ်စီး ချောဆွဲပြီး လင်းပိုးကျေးရွာစျေးဆိုင်များမှ ကာလတန်ဖိုး သိန်း၆၀ ခန့်ရှိသည့် ဓာတ်ဆီပေပါ (၁၂)လုံး၊ စားသုံးဆီပုံးများ၊ TV တစ်လုံး၊ ဘတ္ထရီအိုးကြီးတစ်လုံး၊ ဖိနပ်များ၊ Aircoolerတစ်လုံးနှင့် စျေးဆိုင်များရှိမုန့်၊အအေးဗူး၊ ဘီယာဗူးများ၊ ကျောင်းသားသုံးကျောပိုးအိတ်ပါမကျန် စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း တစ်ရာကျော်ဖိုး ပစ္စည်းများ လုယူသွားကြောင်း မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

“သူတို့ရိက္ခာအသုံးတွေ ပြတ်လို့နေမှာပေါ့။ အဲလိုပဲ ထင်တယ်။ ဆီဆိုင်တွေက ဆီတွေလည်းယူသွားတယ်။ ငါးရွာလောက် ရှောင်ရတယ်။”ဟု မုံရွာ – အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့ဝင် ကိုစွမ်းလင်းထက်က ပြောသည်။

Public Service Announcement

Public Service Announcement

(စစ်ကောင်စီတပ်များ လင်းပိုးကျေးရွာအတွင်းရှိ နေအိမ်များအတွင်းရှိ ပစ္စည်းများလုယူပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ- Monywa-AMyint Road Information)
(စစ်ကောင်စီတပ်များ လင်းပိုးကျေးရွာအတွင်းရှိ နေအိမ်များအတွင်းရှိ ပစ္စည်းများလုယူပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ- Monywa-AMyint Road Information)

အဆိုပါ စစ်ကောင်စီတပ်သည် လင်းပိုးကျေးရွာရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ခြိမ်းခြောက်စာများ၊ ပြည်သူနှင့် တော်လှန်ရေးရဲဘော်များအကြား သွေးကွဲစေသောစာများရေးသားထားခဲ့ကြောင်း၊ ထို့နောက် ညနေ ၄နာရီခန့်တွင် မအူဂိတ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း ညောင်ပင်သာ – လင်းပိုး – လင်းပင်ဝ ကျေးရွာများကို ၂ ကြိမ်ထက်မနည်းဝင်ရောက်ပြီး လက်ဖက်ရည်ဆိုင်များ မီးရှို့ဖျက်ဆီးခြင်း၊ မုံရွာ-အမြင့်လမ်းအား ဘူဒိုဇာများဖြင့် ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။