Connect with us

Hi, what are you looking for?

သတင်း

ပဲခူးရိုးမဖြတ်လမ်းနယ်​မြေစိုးမိုး​ရေး PDFများ​ဆောင်ရွက်

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်နှင့် ပဲခူးတိုင်းအရှေ့ခြမ်း၊ ကျောက်တံခါးမြို့နယ်သို့ ပဲခူးရိုးမအားဖြတ်ပြီးဖောက်လုပ်ထားသည့်လမ်း၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေစစ်ဆေးရေးလုပ်ဆောင်နေခြင်းဖြစ်သည်။

(သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှရဲ​ဘော်များလုံခြုံ​ရေး​ဆောင်ရွက်စဥ်)
(သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှရဲ​ဘော်များလုံခြုံ​ရေး​ဆောင်ရွက်စဥ်)

▪︎ ရိုးမဖြတ်ကျော်လမ်း၌ လိုအပ်သည့် စစ်ရေးလှုပ်ရှားမှုများ စတင်နေပြီဖြစ်၍ ပြည်သူများ စစ်ကောင်စီတပ်ဖွဲ့နှင့်အတူ သွားလာခြင်း၊ အနီးတွင်နေထိုင်ခြင်းများ မပြုလုပ်ကြရန်အသိ​ပေး

ပဲခူးတိုင်းအနောက်ခြမ်းနှင့်အရှေခြမ်းကိုဆက်သွယ်ထားသည့် ပဲခူးရိုးမဖြတ်လမ်းကိုနယ်မြေစိုးမိုးနိုင်ရေး ဆောင်ရွက်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကစစ်ဆေးရေးလုပ်ဆောင်နေကြောင်း အမှတ်(၂)စစ်ဒေသခွဲ၊ဒုတိယစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက‌ ပြောသည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်နှင့် ပဲခူးတိုင်းအရှေ့ခြမ်း၊ ကျောက်တံခါးမြို့နယ်သို့ ပဲခူးရိုးမအားဖြတ်ပြီးဖောက်လုပ်ထားသည့်လမ်း၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေစစ်ဆေးရေးလုပ်ဆောင်နေခြင်းဖြစ်သည်။

(သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှရဲ​ဘော်များလုံခြုံ​ရေး​ဆောင်ရွက်စဥ်)
(သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှရဲ​ဘော်များလုံခြုံ​ရေး​ဆောင်ရွက်စဥ်)

“ရိုးမဖြတ်လမ်းကိုစိုးမိုးရေးလုပ်နိုင်ဖို့ဆောင်ရွက်နေပါတယ်”ဟုအမှတ်(၂)စစ်ဒေသခွဲ ဒုတိယစစ်ဒေသခွဲမှူးက‌ပြောသည်။

မင်းလှမြို့နယ်နှင့်ကျောက်တံခါးမြို့နယ်ဖြတ်ထားသည့် ရိုးမဖြတ်ကျော်လမ်း၌ လိုအပ်သည့် စစ်ရေးလှုပ်ရှားမှုများ စတင်လုပ်ဆောင်နေပြီဖြစ်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့နှင့်အတူ သွားလာခြင်း၊ အနီးတွင်နေထိုင်ခြင်းများ မပြုလုပ်ကြရန် အမှတ်( ၂) စစ်ဒေသခွဲ၊သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း( ၃၈၀၂ )က သတိပေးထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါရိုးမဖြတ်လမ်းသည် ရန်ကုန်−မန္တလေးအမြန်လမ်းနှင့် ဆက်သွယ် ထားသောလမ်းဖြစ်သည်။ စစ်ကောင်စီတပ်နှင့် သစ်မှောင်ခိုသမားများသည် ထိုလမ်းမှတဆင့် သစ်ခိုးထုတ်နေ​သော​ကြောင့်တတ်နိုင်သမျှ တားဆီးထိန်းချုပ်သွားမည်ဟု မင်းလှမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

(သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှရဲ​ဘော်များလုံခြုံ​ရေး​ဆောင်ရွက်စဥ်)
(သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှရဲ​ဘော်များလုံခြုံ​ရေး​ဆောင်ရွက်စဥ်)

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန၏တောင်ပိုင်းတိုင်းစစ်ဒေသခွဲ၊ အမှတ် (၂) စစ်ဒေသခွဲသည် ပဲခူးတိုင်းအတွင်းရှိ ရန်ကုန်−မန္တလေး အမြန်လမ်း၊ ရန်ကုန်−မန္တလေးလမ်း လမ်းဟောင်း၊ ပဲခူး−စစ်တောင်းလမ်းပိုင်းနှင့် ရန်ကုန်−မုတ္တမ၊ ရန်ကုန်−ဘားအံလမ်းပိုင်းများအား နေ့စဉ် ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း မသွားလာကြရန် သတိပေးထားသည်။

ယခုအခါစစ်ကောင်စီတပ်သည် ပဲခူးတိုင်းအတွင်းမင်းလှနဲ့ပေါင်းတည်မြို့များတွင်စစ်ရေးလှုပ်ရှားမှုရှိနေကြောင် သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။