Connect with us

Hi, what are you looking for?

သတင်း

လွိုင်​ကော်မြို့နယ်၊ ပဒါး​ညေးရွာတွင်တိုက်ပွဲဖြစ် စစ်တပ်က​ဒေသခံပြည်သူများကို ဖမ်းဆီးပြီးလူသားဒိုင်းလုပ်

ယခုလ ဒုတိယပတ်ကစ၍ စစ်ကောင်စီကလွိုင်ကော် -မိုးဗြဲ နှင့် လွိုင်ကော်ဆီဆိုင်လမ်းပိုင်းတွင် နည်းလမ်းပေါင်းစုံဖြင့် စစ်ရေးလှုပ်ရှားမှုများပြုလုပ်လာခြင်းဟု အသိပေးသည်။

(လွိုင်ကော်အခြေစိုက်ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF တပ်ရင်း ၂ မှ တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-KNDF)
(လွိုင်ကော်အခြေစိုက်ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF တပ်ရင်း ၂ မှ တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-KNDF)

▪︎စစ်​ကောင်စီလက်နက်ကြီးမှန်၍ ပြည်သူအချို့​သေဆုံးပြီး ဒဏ်ရာရအဘွားအိုတစ်ဦးကို စစ်တပ်က​ဆေးကုသခွင့်မ​ပေး

လွိုင်ကော်မြို့နယ်၊ ပဒါးညေးကျေးရွာ တိုက်ပွဲ ၌ ဒေသခံပြည်သူများကို စစ်ကောင်စီက လူသားဒိုင်း အဖြစ်ဖမ်းဆီးအသုံးပြုကြောင်း ကရင်နီစစ်ရေး သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(ဇူလိုင် ၂၀ ရက်) နံနက်အစောပိုင်းကစ၍ ညနေပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီကလက်နက်ကြီး ပစ်ကူများစွာသုံးစွဲ ခဲ့ရသည်ဟု သိရသည်။

“လက်နက်ကြီးထိလို့ ၁၆ နှစ်ကလေး တစ်ယောက်သေသွားသလို အသက် ၇၀ ကျော်အဘွားတစ်ယောက် လည်း ဒဏ်ရာပြင်းထန်ရထားတယ်လို့သိရတယ်။သူတို့ကို လွိုင်ကော်ဆေးရုံလည်း ပို့ခွင့် မပေးသလို လူမှုကူညီရေးအသင်းကားကိုလည်း လာခေါ်ခွင့် မပေးဘူး။ နောက်ပြီး အခု ရွာထဲ ကျန်ခဲ့တဲ့ ဒေသခံ ၂၀ ကျော်လောက်ကိုပါ လူသားဒိုင်းကာအနေနဲ့ စကစ ဘက်က အသုံးပြုထားတယ်”ဟု ကရင်နီ စစ်ရေးသတင်းရင်း မြစ်ကပြောသည်။

လက်ရှိတွင် ပဒါးညေးကျေးရွာ ဘုန်ကြီးကျောင်း၌ စစ်ကောင်စီက တပ်စွဲထား​ကြောင်းသိရသည်။

Public Service Announcement

Public Service Announcement

“အင်အား ၁၀၀ လောက်ပါတယ်။သူတို့ဘက်က စ ပြီး စစ်ကြောင်းဝင်လာရင်း ထိတွေ့မှု ဖြစ်တာ။တိုက်ပွဲ အခြေအနေတော့မသိရသေးဘူး။ဒါပေမယ့်အရပ်သားတချို့ လက်နက်ကြီးမှန်ပြီး သေတယ်လို့ ကြားတယ်”ဟု လွိုင်ကော်အခြေစိုက် ကရင်နီအမျိုးသား များကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

လွိုင်ကော်-မိုးဗြဲ နှင့် လွိုင်ကော် -ဆီဆိုင်လမ်းမကြီး၌ အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း( ၂ )က ယခုလ ၁၈ ရက်နေ့က သတိပေးထုတ်ပြန်ထားသည်။

ယခုလ ဒုတိယပတ်ကစ၍ စစ်ကောင်စီကလွိုင်ကော် -မိုးဗြဲ နှင့် လွိုင်ကော်ဆီဆိုင်လမ်းပိုင်းတွင် နည်းလမ်းပေါင်းစုံဖြင့် စစ်ရေးလှုပ်ရှားမှုများပြုလုပ်လာခြင်းဟု အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။