Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ဒေသခံများမောင်းထုတ်ပြီး ရွာတပ်စွဲထား၍ သရက်ချောင်းနယ် ပြည်သူများ ဒုက္ခရောက်နေ

လွန်ခဲ့သောတစ်ပတ်ခန့်က အင်အား ၃၀ကျော်ဖြင့် ရောက်ရှိလာသော စစ်ကောင်စီတပ်သည် ရငဲရွာမှ ဒေသခံပြည်သူများအား ၎င်းတို့၏နေအိမ်များတွင် နေထိုင်ခွင့်မပြုဘဲ ကျေးရွာမှထွက်ခွာကြရန် ဖိအားပေးခြိမ်းခြောက်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။

(စစ်ကောင်စီတပ်က ရငဲရွာအား ယခုနှစ်ဇွန်လအတွင်းက မီးရှို့ဖျက်ဆီးခဲ့သည်။ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်က ရငဲရွာအား ယခုနှစ်ဇွန်လအတွင်းက မီးရှို့ဖျက်ဆီးခဲ့သည်။ဓာတ်ပုံ - CJ)

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ရငဲကျေးရွာသို့ရောက်ရှိလာသည့် စစ်ကောင်စီတပ်များက ဒေသခံများအား မောင်းထုတ်ကာ ရွာထဲတပ်စွဲထားသောကြောင့် ပြည်သူများထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများက People’s Spring သို့ ပြောသည်။

လွန်ခဲ့သောတစ်ပတ်ခန့်က အင်အား ၃၀ကျော်ဖြင့် ရောက်ရှိလာသော စစ်ကောင်စီတပ်သည် ရငဲရွာမှ ဒေသခံပြည်သူများအား ၎င်းတို့၏နေအိမ်များတွင် နေထိုင်ခွင့်မပြုဘဲ ကျေးရွာမှထွက်ခွာကြရန် ဖိအားပေးခြိမ်းခြောက်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။

“စစ်သားတွေက ရွာထိပ်ဘုန်းကြီးကျောင်းမှာနေနေကြပါတယ်။ ရွာထဲမှာ ဘယ်သူမှနေခွင့်မရကြပါဘူး။ ရွာလမ်းတွေကို သက်ပင်တွေလှဲပြီး ပိတ်ထားပါတယ်”ဟု ရငဲရွာမှ ဒေသခံပြည်သူတစ်ဦးက People’s Spring သို့ ပြောသည်။

(စစ်ကောင်စီတပ်က ရငဲရွာအား ယခုနှစ်ဇွန်လအတွင်းက မီးရှို့ဖျက်ဆီးခဲ့သည်။ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်က ရငဲရွာအား ယခုနှစ်ဇွန်လအတွင်းက မီးရှို့ဖျက်ဆီးခဲ့သည်။ဓာတ်ပုံ – CJ)

စစ်ကောင်စီတပ်က ရငဲရွာခံများအား ကျေးရွာတွင်မနေကြဖို့ ဖိအားပေးခြိမ်းခြောက်စဥ် ရွာသားငါးဦးက ရွာပြင်မထွက်ဘဲ ပုန်းခိုနေသည်ကို စစ်တပ်က တစ်အိမ်တက်ဆင်းရှာဖွေဖမ်းဆီးပြီး ရွာမှထွက်မသွားပါက ပစ်သတ်မည်ဟု ခြိမ်းခြောက်ကာ ဖမ်းဆီးချုပ်နှောင်၍ တစ်ညအကြာတွင်မှ ပြန်လွှတ်ပေးခဲ့ကြောင်း အထက်ပါဒေသခံက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

သရက်ချောင်းမြို့နယ်ရှိ ရငဲရွာသည် အိမ်ခြေ (၁,၀၀၀)ခန့်ရှိပြီး လူဦးရေ(၅,၀၀၀)ဝန်းကျင်ရှိသည့် ကျေးရွာကြီးတစ်ရွာဖြစ်ကာ လက်ရှိတွင် ရွာ၌ စစ်ကောင်စီတပ်များ ဝင်ရောက်တပ်စွဲထားသောကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေကြရပြီး စားဝတ်နေရေး အခက်အခဲများရှိနေသည်ဟု ယင်းဒေသခံများက ပြောသည်။

(စစ်ကောင်စီတပ်က ရငဲရွာအား ယခုနှစ်ဇွန်လအတွင်းက မီးရှို့ဖျက်ဆီးခဲ့သည်။ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်က ရငဲရွာအား ယခုနှစ်ဇွန်လအတွင်းက မီးရှို့ဖျက်ဆီးခဲ့သည်။ဓာတ်ပုံ – CJ)

“အလှူရှင်တွေက တတ်နိုင်သလောက်တော့ လှူပေးကြပါတယ်။ ဒါပေမဲ့ အဓိကလိုအပ်ချက်က စားဝတ်နေရေးပါပဲ”ဟု ရငဲဒေသခံတစ်ဦးက ရှင်းပြ သည်။

သရက်ချောင်းမြို့နယ်တွင် ထိတွေ့တိုက်ပွဲအပါအဝင် ယခုရက်ပိုင်းအတွင်း စစ်ရေးလှုပ်ရှားမှုများမရှိသော်လည်း စစ်ကောင်စီတပ်က ကျေးရွာများသို့ ဝင်ရောက်ကာ ဒေသခံများအားရွာမှ မောင်းထုတ်ခြင်း၊ နေအိမ်များအား ဖောက်ထွင်းခိုးယူခြင်းများ ကျူးလွန်လျှက်ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပျူ​စောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

Facebook