Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးဗြဲ-လွိုင်​ကော်လမ်းနှင့် ဖယ်ခုံမြို့ တွင်တိုက်ပွဲများဖြစ်

ကရင်နီပြည်နယ်အတွင်း တိုက်ပွဲအရှိန်ကြောင့်ရှမ်းပြည်နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းများမှာ ခြေလျင်၊ယာဥ်တန်း အပါအဝင် ရဟတ်ယာဥ်များ ဖြင့် နေ့စဥ်နီးပါး အင်အားဖြည့်တင်းနေသည်။

(KNDF တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-KNDF)
(KNDF တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-KNDF)

မိုးဗြဲ-လွိုင်ကော်လမ်းမကြီးနှင့် ဖယ်ခုံမြို့ဘက်တွင်စစ်ကောင်စီကစစ်ကြောင်းထိုးနေပြီး ထိတွေ့တိုက်ပွဲများရှိနေကြောင်းကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဖယ်ခုံမြို့နယ်၊ခေါင်းအိ ကျေးရွာ တစ်ကြောနှင့် မိုးဗြဲ-လွိုင်ကော် လမ်းမကြီးကြားရှိ ကန်းကျိုင်း ကျေးရွာ တို့တွင် ယခုရက်သတ္တပတ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ဟု ဆိုသည်။

“ဒီအပတ်ထဲမှာ ဖယ်ခုံဘက်ဆို ခေါင်းအိဘက်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးနေတာရှိတယ်။အဲဒီစစ် ကြောင်းတွေနဲ့ ကျွန်တော်တို့ တပ်ပေါင်းစုတွေ ထိတွေ့မှုရှိနေတယ်။ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော်လမ်းမကြီးတွေဘက်မှာဆိုလည်း စစ်ကောင်စီရဲ့ယာဥ်တန်းတွေ အသွားအလာလုပ်လာတာ ခပ်စိပ်စိပ်ဖြစ်လာတယ်။အဲဒါကို ကျွန်တော်တို့ တပ်ရင်းတွေက ကြားဖြတ်တိုက် ခိုက်တာရှိတယ်”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

ကရင်နီပြည်နယ်အတွင်း တိုက်ပွဲအရှိန်ကြောင့်ရှမ်းပြည်နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းများမှာ ခြေလျင်၊ယာဥ်တန်း အပါအဝင် ရဟတ်ယာဥ်များ ဖြင့် နေ့စဥ်နီးပါး အင်အားဖြည့်တင်းနေသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် မိုးဗြဲ-လွိုင်ကော်၊ဆီဆိုင်-လွိုင်ကော်လမ်းမကြီးများကို ပြည်သူများအနေဖြင့် အသုံးမပြုရန် KNDF က သတိပေးထားသည်။

Public Service Announcement
Public Service Announcement

“အချိန်မရွေးထိတွေ့မှုရှိနိုင်တာကြောင့် တိုက်ပွဲ ကြားထဲမှာ လူထုပိတ်မိနိုင်တာမို့ သတိပေးထားတာ။ နောက်ပြီး အရေးပေါ်အခြေအနေအရ မသွားမဖြစ် အိမ်စီးကားတွေကို ကားမှန်ချပြီး တော့သွားလာခွင့်တော့ပြုထားပါတယ်”ဟု KNDF တာဝန်ရှိသူက ပြောသည်။

ယမန်နေ့က လွိုင်ကော်-မိုးဗြဲလမ်းပိုင်းရှိ ဆောင်ကန်းတွင် ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတို့ ထိတွေ့မူရှိခဲ့ပြီး ရဲဘော်သုံးဦးဒဏ်ရာရရှိခဲ့သည်။

“၂၁ ရက်နေ့ကတည်းက တိုက်ပွဲ ဖြစ်တာ။သုံးရက်ဆက်ရှိပြီ။အခု စကစဘက်က ကန်းကျိုင်းရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်”ဟု ကရင်နီစစ်ရေး သတင်းရင်းမြစ်က ပြောသည်။

ဇူလိုင်လ ဒုတိယပတ်ကစ၍ စစ်ကောင်စီက လွိုင်ကော်-မိုးဗြဲ နှင့် လွိုင်ကော်ဆီ-ဆိုင်လမ်းပိုင်းတွင် နည်းလမ်းပေါင်းစုံဖြင့်စစ်ရေးလှုပ်ရှားမှုများပြုလုပ်ရန်ကြိုးစား​နေသည်။

ဆက်စပ်သတင်းများ

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။