Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲ-လွိုင်​ကော်လမ်းနှင့် ဖယ်ခုံမြို့ တွင်တိုက်ပွဲများဖြစ်

ကရင်နီပြည်နယ်အတွင်း တိုက်ပွဲအရှိန်ကြောင့်ရှမ်းပြည်နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းများမှာ ခြေလျင်၊ယာဥ်တန်း အပါအဝင် ရဟတ်ယာဥ်များ ဖြင့် နေ့စဥ်နီးပါး အင်အားဖြည့်တင်းနေသည်။

(KNDF တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-KNDF)
(KNDF တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-KNDF)

မိုးဗြဲ-လွိုင်ကော်လမ်းမကြီးနှင့် ဖယ်ခုံမြို့ဘက်တွင်စစ်ကောင်စီကစစ်ကြောင်းထိုးနေပြီး ထိတွေ့တိုက်ပွဲများရှိနေကြောင်းကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဖယ်ခုံမြို့နယ်၊ခေါင်းအိ ကျေးရွာ တစ်ကြောနှင့် မိုးဗြဲ-လွိုင်ကော် လမ်းမကြီးကြားရှိ ကန်းကျိုင်း ကျေးရွာ တို့တွင် ယခုရက်သတ္တပတ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ဟု ဆိုသည်။

“ ဒီအပတ်ထဲမှာ ဖယ်ခုံဘက်ဆို ခေါင်းအိဘက်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးနေတာရှိတယ်။အဲဒီစစ် ကြောင်းတွေနဲ့ ကျွန်တော်တို့ တပ်ပေါင်းစုတွေ ထိတွေ့မှုရှိနေတယ်။ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော်လမ်းမကြီးတွေဘက်မှာဆိုလည်း စစ်ကောင်စီရဲ့ယာဥ်တန်းတွေ အသွားအလာလုပ်လာတာ ခပ်စိပ်စိပ်ဖြစ်လာတယ်။အဲဒါကို ကျွန်တော်တို့ တပ်ရင်းတွေက ကြားဖြတ်တိုက် ခိုက်တာရှိတယ်” ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

ကရင်နီပြည်နယ်အတွင်း တိုက်ပွဲအရှိန်ကြောင့်ရှမ်းပြည်နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းများမှာ ခြေလျင်၊ယာဥ်တန်း အပါအဝင် ရဟတ်ယာဥ်များ ဖြင့် နေ့စဥ်နီးပါး အင်အားဖြည့်တင်းနေသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် မိုးဗြဲ-လွိုင်ကော်၊ဆီဆိုင်-လွိုင်ကော်လမ်းမကြီးများကို ပြည်သူများအနေဖြင့် အသုံးမပြုရန် KNDF က သတိပေးထားသည်။

Public Service Announcement
Public Service Announcement

“ အချိန်မရွေးထိတွေ့မှုရှိနိုင်တာကြောင့် တိုက်ပွဲ ကြားထဲမှာ လူထုပိတ်မိနိုင်တာမို့ သတိပေးထားတာ။ နောက်ပြီး အရေးပေါ်အခြေအနေအရ မသွားမဖြစ် အိမ်စီးကားတွေကို ကားမှန်ချပြီး တော့သွားလာခွင့်တော့ပြုထားပါတယ်” ဟု KNDF တာဝန်ရှိသူက ပြောသည်။

ယမန်နေ့က လွိုင်ကော်-မိုးဗြဲလမ်းပိုင်းရှိ ဆောင်ကန်းတွင် ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတို့ ထိတွေ့မူရှိခဲ့ပြီး ရဲဘော်သုံးဦးဒဏ်ရာရရှိခဲ့သည်။

“ ၂၁ ရက်နေ့ကတည်းက တိုက်ပွဲ ဖြစ်တာ။သုံးရက်ဆက်ရှိပြီ။အခု စကစဘက်က ကန်းကျိုင်းရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်” ဟု ကရင်နီစစ်ရေး သတင်းရင်းမြစ်က ပြောသည်။

ဇူလိုင်လ ဒုတိယပတ်ကစ၍ စစ်ကောင်စီက လွိုင်ကော်-မိုးဗြဲ နှင့် လွိုင်ကော်ဆီ-ဆိုင်လမ်းပိုင်းတွင် နည်းလမ်းပေါင်းစုံဖြင့်စစ်ရေးလှုပ်ရှားမှုများပြုလုပ်ရန်ကြိုးစား​နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ထိခိုက်ဒဏ်ရာရသူများလို့ KK Park ထဲကအ​ဆောက်အအုံတစ်လုံးကို​ရှေ့တန်း​ယာယီဆေးရုံလုပ်ထားလို့ထိုင်းသတင်းဌာန​တွေ​​ဖော်ပြ

သတင်း

နိုဝင်ဘာ-၂၆၊၂၀၂၅။အိမ်သွင်/People’s Spring ဖားကန့်မှာ မနေ့ညပိုင်းမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်သုံးပန်းအများအပြားကို KIA ၊KPDF ပူးပေါင်းတပ်က ဖမ်းမိခဲ့ပါတယ်။ ဆန်းကြွယ်နဲ့ ရှရော်ခရွာကို စစ်တပ်စစ်ကြောင်းဝင်လာလို့ ည၇နာရီခန့်ကစပြီး ညနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့တာလို့​ဒေသခံအချို့က​ပြောပါတယ်။ “ စစ်ကြောင်းဝင်လာလို့ပိတ်ဆော်တာပါ။စစ်တပ်ဘက်က လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ပါ ချတာ။ လေယာဉ်လည်းလာတယ်။ တိုက်ပွဲမှာတော့ ပစ(စစ်မှုထမ်းသင်တန်းဆင်း)တွေပါ...

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆို၊ ဘောလခဲနဲ့ မိုးဗြဲမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်နဲ့ ရဲဘော်အချို့က ပြောပါတယ်။

သတင်း

မောတောင်မြို့သိမ်းတိုက်ပွဲမှာ ထိုင်းနိုင်ငံဘက်ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကော့သောင်းစက်လှေဂိတ်ကနေတဆင့် ထိုင်းအာဏာပိုင်တွေက စစ်ကောင်စီထံ ပြန်လွှဲပေးလိုက်ပါတယ်။