Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံမြို့နယ်တွင်တစ်လခွဲအတွင်းတိုက်ပွဲ ၁၃ကြိမ်ဖြစ်ပွား

ဇွန်လနှင့် ဇူလိုင်လဒုတိယပါတ်အထိရှမ်း-ကရင်နီဒေသကြားရှိ ဖယ်ခုံ မြို့ ခေါင်းအိ၊စက်တော် ၌ တပ်စွဲထားသော ခလရ -၂၄၈ တပ်ကို တိုက်ခိုက်နေခြင်းဟုသိရသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းအချို့ ။ဓါတ်ပုံ-KRU)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းအချို့ ။ဓါတ်ပုံ-KRU)

▪︎စစ်​ကောင်စီတပ် ၁၉ ဦး​သေပြီး၊ဘက်နက်ခဲယမ်းအချို့ ရရှိဟု KRU ​ပြော

ဖယ်ခုံမြို့နယ် ရှိ ခေါင်းအိ နှင့် စက်တော် ကျေးရွာ ၌ ထိတွေ့တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၉ ဦးသေဆုံးကာ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU က ယနေ့ ထုတ်ပြန်သည်။

ဇွန်လနှင့် ဇူလိုင်လဒုတိယပါတ်အထိရှမ်း-ကရင်နီဒေသကြားရှိ ဖယ်ခုံ မြို့ ခေါင်းအိ၊စက်တော် ၌ တပ်စွဲထားသော ခလရ -၂၄၈ တပ်ကို တိုက်ခိုက်နေခြင်းဟုသိရသည်။

တိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှ (၁၉) ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရသူအများအပြားရှိကြောင်းဖော်ပြသည်။

ထို့အတူ စစ်ကောင်စီထံ မှ MG-3 ငါးကြင်းမှီး တစ်လက်နှင့် MA 3 တစ်လက်၊ တင့်ဖျက်မိုင်း နှင့် ကျည်ခဲယမ်းများရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ စကစ ဘက်က အင်အား ဖြည့်တင်းတာတွေ အဆက်မပြတ်လုပ်နေတယ်။အခု စုံစမ်းရသလောက်ဝင်လာတဲ့အရေအတွက်က ထောင်ဂဏန်းကျော်တယ်။ဒါကလည်း ဖယ်ခုံတစ်ခုတည်းတော့မဟုတ်ဘူး။လွိုင်ကော် မှာ စစ်အားတိုးသလို မယ်စဲ့ဘက်လည်း သွားတာရှိတယ်။ရှေ့လျှောက် တိုက်ပွဲက ဒီထက်ပိုလာဖို့ပဲရှိတယ်” ဟု KRU တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဖယ်ခုံမြို့ရှိစစ်ကောင်စီတပ်စွဲနေရာများကို တိုက်ခိုက်မှု၌ KRU၊ SSDF (ရှမ်းတောင် ဒရုန်း တပ်ဖွဲ့) ၊LKPDF နှင့် ရှမ်းတောင်တပ်ပေါင်းစု အဖွဲ့ 1003၊1005, 1008, 1009 – IPDF၊SSLRU၊ NPT (ပ က ဖ)တပ်ရင်းများလည်း ပါဝင်သည်။

KRU ဖက်မှ ရဲဘော် (3) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဖယ်ခုံ PDF ရဲဘော်တစ်ဦးကျဆုံးခဲ့ရသည်။ ထိခိုက်ဒဏ်ရာရရှိခဲ့သော ရဲဘော်များကိုလည်း ကျန်းမာရေး ​ကောင်းမွန်၍ ဆေးကုသမှုခံယူလျက်ရှိ​ကြောင်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်မှာနိုင်ငံရေး၊စီးပွားရေးမဟာမိတ်အဖြစ် ပူးပေါင်းချိတ်ဆက်ဖို့ဆွေးနွေးခဲ့ဟု ချင်းညီနောင်ပြော

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ခြမ်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်ပွားနေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

နိုဝင်ဘာ – ၇ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring ဘားအံမြို့မှာ စစ်ကောင်စီက ကျင်းပတဲ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်လက်နက်ကိုင်အဖွဲ့သုံး ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ဒီနေ့​ (နိုဝင်ဘာလ ၇ ရက်) မှာ ကျရောက်တဲ့ နှစ် (၇၀ )...

သတင်း

ဧရာဝတီတိုင်းကရေကြည် နဲ့ လေးမျက်နှာမြို့နယ်စပ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်‌တော်(AA) တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီကဟင်္သာတမြို့ဘက်ကနေ အင်အားဖြည့်နေပါတယ်။