Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ခမ်းပတ်မြို့တိုက်ပွဲသို့ ​လေ​ကြောင်းမှပို့​သောစစ်သားများကြားဖြတ်အတိုက်ခံရ၍ အထိနာ

တမူးမြို့နယ်အတွင်းရှိ ၊ခမ်းပတ်မြို့မှ ရဲစခန်းနှင့် စစ်ကောင်စီတပ်စခန်းများကို ဒေသခံကာကွယ်ရေးတပ်များက ဇူလ်ုင် ၂၂ ရက်ညကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(ဇူလိုင် ၂၄ ရက် မွန်းလွှဲ ၂ နာရီ ဝန်းကျင်က ခမ်းပက်မြို့အနီးဝန်းကျင်သို့ပျံသန်း​နေ​သော စစ်တပ်ရဟတ်ယာဥ်တစ်စီးနှင့် တိုက်ပွဲများပြင်းထန်​နေ၍ ထွက်​ပြေးတိမ်း​ရှောင်​နေ​သော​ဒေသခံပြည်သူများ။ဓါတ်ပုံ-​ပေးပို့)
(ဇူလိုင် ၂၄ ရက် မွန်းလွှဲ ၂ နာရီ ဝန်းကျင်က ခမ်းပက်မြို့အနီးဝန်းကျင်သို့ပျံသန်း​နေ​သော စစ်တပ်ရဟတ်ယာဥ်တစ်စီးနှင့် တိုက်ပွဲများပြင်းထန်​နေ၍ ထွက်​ပြေးတိမ်း​ရှောင်​နေ​သော​ဒေသခံပြည်သူများ။ဓါတ်ပုံ-​ပေးပို့)

▪︎​ဒေသခံပြည်သူ ​​ထောင်ချီထွက်​ပြေးတိမ်း​ရှောင်​နေရ

စစ်ကိုင်းတိုင်း၊ ခမ်းပတ်မြို့တိုက်ပွဲသို့ စစ်ကောင်စီတပ်က ​လေ​ကြောင်းမှ စစ်ကူပို့​သော စစ်သားများကို PDF များက ယ​နေ့မနက်တွင် ကြားဖြတ်တိုက်ခိုက်ရာ စစ်သားများ ထိခိုက်​သေဆုံးမှုများပြားပြီး အထိနာခဲ့ကြောင်း ဒေသခံအချို့က​ပြောသည်။

တမူးမြို့နယ်အတွင်းရှိ၊ ခမ်းပတ်မြို့မှ ရဲစခန်းနှင့် စစ်ကောင်စီတပ်စခန်းများကို ဒေသခံကာကွယ်ရေးတပ်များက ဇူလ်ုင် ၂၂ ရက်ညကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းကို နာရီ​ပေါင်းများစွာတိုက်ခိုက်ခံရပြီး​နောက် ဇူလိုင် ၂၃ ရက်တွင် က​လေးမြို့မှ စစ်သားများကို Mi-17 ရဟတ်ယာဥ်ဖြင့် ပို့​ဆောင်ခဲ့သည်။ စစ်ကူပို့ရာတွင် PDF များကတိုက်မည်စိုး၍ မြို့​ပေါ်နှင့် မြို့နားအနီးဝန်းကျင်တွင် မချဘဲ ခမ်းပတ်မြို့ အထက်ဘက် ဆိုင်ကယ်ဖြင့် ၁ နာရီခန့်သွားရ​သော​နေရာတွင် ချ​ပေးခဲ့ခြင်းဖြစ်သည်။ ​လေ​ကြောင်းမှ လာ​သောစစ်သားများသည် ခမ်းပတ်မြို့ဘက်သို့ အလာ ယ​နေ့နံနက်တွင် ​တော်လှန်​ရေးအဖွဲ့များက လမ်း၌ ဖြတ်တိုက်ခဲ့ရာ ​သေဆုံးဒဏ်ရာရသူများ​ကြောင်း​ဒေသခံအချို့က ​ပြောသည်။

(ဇူလိုင် ၂၄ ရက် မွန်းလွှဲ ၂ နာရီ ဝန်းကျင်က ခမ်းပက်မြို့အနီးဝန်းကျင်သို့ပျံသန်း​နေ​သော စစ်တပ်ရဟတ်ယာဥ်တစ်စီးနှင့် တိုက်ပွဲများပြင်းထန်​နေ၍ ထွက်​ပြေးတိမ်း​ရှောင်​နေ​သော​ဒေသခံပြည်သူများ။ဓါတ်ပုံ-​ပေးပို့)
(ဇူလိုင် ၂၄ ရက် မွန်းလွှဲ ၂ နာရီ ဝန်းကျင်က ခမ်းပက်မြို့အနီးဝန်းကျင်သို့ပျံသန်း​နေ​သော စစ်တပ်ရဟတ်ယာဥ်တစ်စီးနှင့် တိုက်ပွဲများပြင်းထန်​နေ၍ ထွက်​ပြေးတိမ်း​ရှောင်​နေ​သော​ဒေသခံပြည်သူများ။ဓါတ်ပုံ-​ပေးပို့)

“ဒီမနက်တိုက်ပွဲမှာစစ်ကောင်စီဘက်သေဆုံးက၁၆ ဦးထက်မကရှိနေတယ်လို့ကြားရပါတယ်။ ဒီမနက်တိုက်ပွဲက တိန်းကယားကျေးရွာတစ်ဝိုက်မှာဖြစ်သွားတယ်။ PDFဘက်လည်းထိခိုက်ဒဏ်ရာရတဲ့သူတွေရှိတယ်ကျဆုံးတာတော့မကြားသိသေးဘူး။”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

သို့‌သော်စစ်​ကောင်စီတပ်သေဆုံးထိခိုက်မှုအ​ခြေအ​နေကကိုPeople’s Spring အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ယ​နေ့ မွန်းလွဲ ၂ နာရီ ဝန်းကျင်တွင် စစ်​ကောင်စီ ရဟတ်ယာဥ် က မြို့အနီးဝန်းကျင်ကိုထပ်မံ ပျံသန်း​နေသဖြင့် ​ မြို့ကို စစ်တပ်က ​လေ​​​ကြောင်းမှတိုက်ခိုက်မည်ကို ​ဒေသခံများကစိုးရိမ်​နေသည်။ယခုတိုက်ပွဲသည် ခမ်းပတ်မြို့​ပေါ်တွင် ဖြစ်ပွား​သောပထမဆုံးတိုက်ပွဲဖြစ်သည်။ ယ​နေ့ ​ည​နေပိုင်းတွင် တိုက်ပွဲမှာအနည်းငယ်ငြိမ်သက်​နေ​ကြောင်းသိရသည်။

(ဇူလိုင် ၂၄ ရက် မွန်းလွှဲ ၂ နာရီ ဝန်းကျင်က ခမ်းပက်မြို့အနီးဝန်းကျင်သို့ပျံသန်း​နေ​သော စစ်တပ်ရဟတ်ယာဥ်တစ်စီးနှင့် တိုက်ပွဲများပြင်းထန်​နေ၍ ထွက်​ပြေးတိမ်း​ရှောင်​နေ​သော​ဒေသခံပြည်သူများ။ဓါတ်ပုံ-​ပေးပို့)
(ဇူလိုင် ၂၄ ရက် မွန်းလွှဲ ၂ နာရီ ဝန်းကျင်က ခမ်းပက်မြို့အနီးဝန်းကျင်သို့ပျံသန်း​နေ​သော စစ်တပ်ရဟတ်ယာဥ်တစ်စီးနှင့် တိုက်ပွဲများပြင်းထန်​နေ၍ ထွက်​ပြေးတိမ်း​ရှောင်​နေ​သော​ဒေသခံပြည်သူများ။ဓါတ်ပုံ-​ပေးပို့)

တိုက်ပွဲဖြစ်ပွား​သောကြောင့် ခမ်းပတ်မြို့ခံများတောထဲတောင်ထဲတွင် ​ဒေသခံပြည်သူဦး​ရေ ၃၀၀၀ကျော်ပုန်းခိုနေရပြီး လူဦးရေ ၂၀၀၀ခန့်မှာ အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေသည်ဟု ဒုက္ခသည်အရေးကူညီနေသူများကပြောသည်။ တချို့မှာကလေးမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်းသိရသည်။

စစ်​ကောင်စီတပ်က ​လေ​ကြောင်းမှ စစ်ကူပို့သည့်အပြင် မော်လိုက်မြို့မှလည်း စစ်သား၊ ပျူစောထီး၊SNA (ရှမ်းနီတပ်) စုစု​ပေါင်းအင်အား ၈၀ခန့်ကိုလည်း တွန်းပင်၊မော်ကူး၊မဟော်ဂနီကျောက်မီးသွေးလမ်းအတိုင်းအသုံးပြုကာ အင်အားဖြည့်တင်းခဲ့​ကြောင်း​ဒေသခံအချို့က​ပြော သည်။

(ဇူလိုင် ၂၄ ရက် မွန်းလွှဲ ၂ နာရီ ဝန်းကျင်က ခမ်းပက်မြို့အနီးဝန်းကျင်သို့ပျံသန်း​နေ​သော စစ်တပ်ရဟတ်ယာဥ်တစ်စီးနှင့် တိုက်ပွဲများပြင်းထန်​နေ၍ ထွက်​ပြေးတိမ်း​ရှောင်​နေ​သော​ဒေသခံပြည်သူများ။ဓါတ်ပုံ-​ပေးပို့)
(ဇူလိုင် ၂၄ ရက် မွန်းလွှဲ ၂ နာရီ ဝန်းကျင်က ခမ်းပက်မြို့အနီးဝန်းကျင်သို့ပျံသန်း​နေ​သော စစ်တပ်ရဟတ်ယာဥ်တစ်စီးနှင့် တိုက်ပွဲများပြင်းထန်​နေ၍ ထွက်​ပြေးတိမ်း​ရှောင်​နေ​သော​ဒေသခံပြည်သူများ။ဓါတ်ပုံ-​ပေးပို့)

“စစ်ဘေးရှောင်အများစုကကျေးရွာဘက်ကိုရှောင်လိုက်ပေမယ့်စစ်ကောင်စီတပ်ကကျေးရွာဘက်ကနေခမ်းပတ်ကိုတက်လာတာဖြစ်လို့ထပ်ရှောင်ဖို့အခက်ခဲ့တွေနဲ့ရင်ဆိုင်နေရပါတယ်။ အထူးသဖြင့်နန်ကတိတ်ရွာ၊နန်းခေါက်ခေါက်ရွာ၊ ကျွန်းတော့ရေရှင်ရွာဘက်တစ်ကျော့လုံး ပေါ့”ဟု​ဒေသခံတစ်ဦးက​ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်ကြောင့် ​ဒေသခံတစ်ဦးသေဆုံးခဲ့သည်။ ထိုတိုက်ပွဲကို တမူးခရိုင် PDFတပ်ရင်း၊ ချင်းကာကွယ်ရေးတပ် -CNDFနှင့် ဒေသခံကာကွယ်ရေးတပ်များကပူး​ပေါင်းတိုက်ခိုက်​နေခြင်းဖြစ်သည်။

စစ်​ကောင်စီက ဖုန်းလိုင်းများဖြတ်​တောက်ထား​ကြောင်းလည်း​ဒေသခံအချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။