Connect with us

Hi, what are you looking for?

သတင်း

မတ္တရာတွင် စစ်တပ်က တံငါသားအဖ သတ်ဖြတ်သွား၊ ၁၀ရက်အတွင်း ပြည်သူ ၆ ဦး သတ်ဖြတ်ခံရ

ဇူလိုင် ၁၅ ရက်က မတ္တရာမြို့နယ်၊ အင်ကြင်းမြိုင်လေကြောင်းကာကွယ်ရေးတပ်ကို မန္တလေး PDFက ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဇူလိုင် ၁၆ ရက်ညကစတင်ကာ မတ္တရာနယ်အရှေ့ခြမ်းသို့ စစ်ကြောင်းထိုးခဲ့သည်။

မတ္တရာတွင် စစ်တပ်က တံငါသားအဖ သတ်ဖြတ်သွား၊ ၁၀ရက်အတွင်း ပြည်သူ ၆ ဦး သတ်ဖြတ်ခံရ
မတ္တရာတွင် စစ်တပ်က တံငါသားအဖ သတ်ဖြတ်သွား၊ ၁၀ရက်အတွင်း ပြည်သူ ၆ ဦး သတ်ဖြတ်ခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ညောင်အုပ်ကျေးရွာတွင် စစ်ကောင်စီတပ်က တံငါလုပ်ကိုင်နေသောသားဖနှစ်ဦးကို ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (ဇူလိုင် ၂၄ ရက်) ညနေ ၅ နာရီခန့်က မတ္တရာမြို့နယ်၊ ညောင်အုပ်ရွာသို့ အင်အား ၄၀ ခန့်ပါ စစ်ကောင်စီတပ်က လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ဝင်ရောက်ခဲ့သည်။

ထို့နောက် စစ်ကောင်စီတပ်သည် ညောင်အုပ်ရွာအနောက်ဘက်သို့ ထွက်လာပြီး အင်းအတွင်းရှိ တံငါလုပ်ကိုင်နေသော သားအဖ နှစ်ဦးအား ပစ်သတ်သွားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဒေသခံပြည်သူအချို့ကိုလည်း ဖမ်းဆီးပြီး လူသားဒိုင်းပြုလုပ်ကာ ပတ်လည်အင်းဘက်ရွာသို့ ဝင်ရောက်သွားခဲ့ကြောင်း ​ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“အဲဒီစစ်အုပ်စုက အခုညောင်အုပ်ဘုန်းကြီးကျောင်းထဲရောက်နေတယ်။”ဟု Wetlet Informational Networkအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက်ကလည်း ညောင်အုပ်ကျေးရွာသို့ ရောက်ရှိလာပြီး ရွာခံအမျိုးသား တစ်ဦးနှင့် စဥ့်ကူးနယ်မှ အလုပ်လာလုပ်သော အမျိုးသား သုံးဦးကိုလည်း သတ်ဖြတ်ကာ အလောင်းများအား ဧရာဝတီမြစ်အတွင်း မျောချခဲ့သည်။

ဇူလိုင် ၁၅ ရက်က မတ္တရာမြို့နယ်၊ အင်ကြင်းမြိုင်လေကြောင်းကာကွယ်ရေးတပ်ကို မန္တလေး PDFက ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဇူလိုင် ၁၆ ရက်ညကစတင်ကာ မတ္တရာနယ်အရှေ့ခြမ်းသို့ စစ်ကြောင်းထိုးခဲ့သည်။

အဆိုပါ စစ်ကောင်စီတပ်အား မတ္တရာ(ပကဖ)အပါအဝင် တော်လှန်ရေးအင်အားစုများက တိုက်ခိုက်နေပြီး စစ်တပ်အရာရှိတစ်ဦးအပါအဝင် ၆ဦးခန့် သေဆုံးခဲ့ကြောင်း ပကဖအဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်ကြောင့် ကျေးရွာ ၁၀ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပြီး အောင်ချမ်းသာကျေးရွာမှ နေအိမ် ၂၅လုံး၊ ကျောက်ဆည်လေးကျေးရွာမှ နေအိမ် ၁၀၀ကျော်၊ ဆီးဖြူပင်ကျေးရွာမှ ရွာလုံးကျွတ်နီးပါး၊ ရုန်းပင်နှင့်ရှားစေးချက်ကျေးရွာ အိမ်ခြေအချို့ မီးရှို့ဖျက်ဆီးခံထားရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။