Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မတ္တရာတွင် စစ်တပ်က တံငါသားအဖ သတ်ဖြတ်သွား၊ ၁၀ရက်အတွင်း ပြည်သူ ၆ ဦး သတ်ဖြတ်ခံရ

ဇူလိုင် ၁၅ ရက်က မတ္တရာမြို့နယ်၊ အင်ကြင်းမြိုင်လေကြောင်းကာကွယ်ရေးတပ်ကို မန္တလေး PDFက ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဇူလိုင် ၁၆ ရက်ညကစတင်ကာ မတ္တရာနယ်အရှေ့ခြမ်းသို့ စစ်ကြောင်းထိုးခဲ့သည်။

မတ္တရာတွင် စစ်တပ်က တံငါသားအဖ သတ်ဖြတ်သွား၊ ၁၀ရက်အတွင်း ပြည်သူ ၆ ဦး သတ်ဖြတ်ခံရ
မတ္တရာတွင် စစ်တပ်က တံငါသားအဖ သတ်ဖြတ်သွား၊ ၁၀ရက်အတွင်း ပြည်သူ ၆ ဦး သတ်ဖြတ်ခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ညောင်အုပ်ကျေးရွာတွင် စစ်ကောင်စီတပ်က တံငါလုပ်ကိုင်နေသောသားဖနှစ်ဦးကို ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (ဇူလိုင် ၂၄ ရက်) ညနေ ၅ နာရီခန့်က မတ္တရာမြို့နယ်၊ ညောင်အုပ်ရွာသို့ အင်အား ၄၀ ခန့်ပါ စစ်ကောင်စီတပ်က လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ဝင်ရောက်ခဲ့သည်။

ထို့နောက် စစ်ကောင်စီတပ်သည် ညောင်အုပ်ရွာအနောက်ဘက်သို့ ထွက်လာပြီး အင်းအတွင်းရှိ တံငါလုပ်ကိုင်နေသော သားအဖ နှစ်ဦးအား ပစ်သတ်သွားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဒေသခံပြည်သူအချို့ကိုလည်း ဖမ်းဆီးပြီး လူသားဒိုင်းပြုလုပ်ကာ ပတ်လည်အင်းဘက်ရွာသို့ ဝင်ရောက်သွားခဲ့ကြောင်း ​ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“အဲဒီစစ်အုပ်စုက အခုညောင်အုပ်ဘုန်းကြီးကျောင်းထဲရောက်နေတယ်။”ဟု Wetlet Informational Networkအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက်ကလည်း ညောင်အုပ်ကျေးရွာသို့ ရောက်ရှိလာပြီး ရွာခံအမျိုးသား တစ်ဦးနှင့် စဥ့်ကူးနယ်မှ အလုပ်လာလုပ်သော အမျိုးသား သုံးဦးကိုလည်း သတ်ဖြတ်ကာ အလောင်းများအား ဧရာဝတီမြစ်အတွင်း မျောချခဲ့သည်။

ဇူလိုင် ၁၅ ရက်က မတ္တရာမြို့နယ်၊ အင်ကြင်းမြိုင်လေကြောင်းကာကွယ်ရေးတပ်ကို မန္တလေး PDFက ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဇူလိုင် ၁၆ ရက်ညကစတင်ကာ မတ္တရာနယ်အရှေ့ခြမ်းသို့ စစ်ကြောင်းထိုးခဲ့သည်။

အဆိုပါ စစ်ကောင်စီတပ်အား မတ္တရာ(ပကဖ)အပါအဝင် တော်လှန်ရေးအင်အားစုများက တိုက်ခိုက်နေပြီး စစ်တပ်အရာရှိတစ်ဦးအပါအဝင် ၆ဦးခန့် သေဆုံးခဲ့ကြောင်း ပကဖအဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်ကြောင့် ကျေးရွာ ၁၀ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပြီး အောင်ချမ်းသာကျေးရွာမှ နေအိမ် ၂၅လုံး၊ ကျောက်ဆည်လေးကျေးရွာမှ နေအိမ် ၁၀၀ကျော်၊ ဆီးဖြူပင်ကျေးရွာမှ ရွာလုံးကျွတ်နီးပါး၊ ရုန်းပင်နှင့်ရှားစေးချက်ကျေးရွာ အိမ်ခြေအချို့ မီးရှို့ဖျက်ဆီးခံထားရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

ခင်ဦးနယ်အတွင်းရှိ ကျေးရွာ ၁၂ရွာမှ ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများလိုအပ်နေကြောင်း သတင်းရရှိသည်။

သတင်း

ရက္ခိုင်ပြည်နယ်အတွင်း AA မှ လွဲ၍ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိစေရမူအတိုင်း ရှိနေမည်ဟုလည်း AAက ထပ်မံ အသိပေးသည်။