Connect with us

Hi, what are you looking for?

သတင်း

မတ္တရာမြို့နယ်တွင်တပ်စွဲထားသည့် စစ်ကောင်စီစစ်တပ်ကို စနိုက်ပါဖြင့်ပစ်ခတ်၊ နှစ်ဦးသေဟုဆို

မြနန္ဒာစစ်ဆင်ရေးကို ထောက်ပံ့လိုသူများအနေဖြင့် ၎င်းတို့၏ ဖေ့စ်ဘွတ်ခ် ၊ တယ်လီဂရန် မှ ပါဝင်နိုင်သလို Voice of Mandalay မှ တစ်ဆင့်လည်း ထောက်ပံ့ပေးနိုင်သည်။

မတ္တရာမြို့နယ်တွင်တပ်စွဲထားသည့် စစ်ကောင်စီစစ်တပ်ကို စနိုက်ပါဖြင့်ပစ်ခတ်၊ နှစ်ဦးသေဟုဆို
မတ္တရာမြို့နယ်တွင်တပ်စွဲထားသည့် စစ်ကောင်စီစစ်တပ်ကို စနိုက်ပါဖြင့်ပစ်ခတ်၊ နှစ်ဦးသေဟုဆို

မန္တလေးတိုင်း မတ္တရာမြို့နယ် ကြပ်ပြင်ကျေးရွာ၌တပ်စွဲထားသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးကြောင်း မြနန္ဒာစစ်ဆင်ရေး မန္တလေးမှ တာဝန်ရှိသူက ပြောသည်။

အင်အား ၄၀ခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်းသည် ရုံးပင်ရွာမှ ကြပ်ပြင်ကျေးရွာသို့စစ်ကြောင်းကူး တပ်စွဲထားခြင်းဖြစ်ပြီး ဇွန်လ ၂၀ ရက် နေ့လယ် ၁၁ နာရီခန့်တွင် စနိုက်ပါဖြင့် သုံးချက်ပစ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးကြောင်း ၎င်းက ပြောသည်။

စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်မှုများရှိသော်လည်း ၎င်းတို့ရဲဘော်အားလုံး ဘေးကင်းကြောင်း ၎င်းက ဆိုသည်။

“သူတို့တွေက စနိုက်ပါနေရာမသိဘူး။ ရမ်းပစ်နေတာ” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

မြနန္ဒာစစ်ဆင်ရေးအနေဖြင့် ယခုထက်ပို၍ မစ်ရှင်များ လုပ်ဆောင်၍ စစ်ကောင်စီကို တိုက်ခိုက်နိုင်ရန် ပြည်သူများ၏ ထောက်ပံ့မှုလိုအပ်သောကြောင့် ပါဝင်ကူညီပေးရန်လည်း မေတ္တာရပ်ခံထားသည်။

မြနန္ဒာစစ်ဆင်ရေးကို ထောက်ပံ့လိုသူများအနေဖြင့် ၎င်းတို့၏ ဖေ့စ်ဘွတ်ခ် ၊ တယ်လီဂရန် မှ ပါဝင်နိုင်သလို Voice of Mandalay မှ တစ်ဆင့်လည်း ထောက်ပံ့ပေးနိုင်သည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။