Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုတွင် PDFရဲဘော်နှစ်ဦး မိုင်းမတော်တဆမှုကြောင့် ကျဆုံး

နဂါးနီ-အာဠာဝက Shwebo PDF တပ်ဖွဲ့သည် ရွှေဘိုမြို့နယ်အတွင်း စစ်ကောင်စီအား ခုခံတိုက်ခိုက်နေသောအဖွဲ့ဖြစ်သည်။

(ကျဆုံးခဲ့သော ရဲဘော် နှစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ-နဂါးနီ-အာဠာဝက Shwebo PDF)
(ကျဆုံးခဲ့သော ရဲဘော် နှစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ-နဂါးနီ-အာဠာဝက Shwebo PDF)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီအား ခုခံတိုက်ခိုက်ရန် ပြင်ဆင်နေသည့် ရဲဘော် နှစ်ဦး မိုင်းမတော်တဆမှုကြောင့်ကျဆုံးခဲ့ကြောင်း နဂါးနီ-အာဠာဝက Shwebo PDF အဖွဲ့က ပြောသည်။

ဇူလိုင် ၂၃ ရက်က ရွှေဘိုမြို့အနောက်ဘက် (၃)မိုင်ခန့်အကွာက မြင်းချင်းနှင့် ဇီးကုန်း ပျူစောထီးရွာမှ စစ်အုပ်စု စစ်ကြောင်းထိုးမည်ဟုသတင်းရ၍ နဂါးနီ-အာဠာဝက Shwebo PDF အဖွဲ့က သွားရောက် မိုင်းဆင်ခဲ့သည်။

(ကျဆုံးခဲ့သော ရဲဘော် နှစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ-နဂါးနီ-အာဠာဝက Shwebo PDF)
(ကျဆုံးခဲ့သော ရဲဘော် နှစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ-နဂါးနီ-အာဠာဝက Shwebo PDF)

ထိုသို့မိုင်းဆင်နေစဥ် မတော်ဆပေါက်ကွဲ၍ တပ်ဖွဲ့ဝင် အသက်(၁၈)နှစ်အရွယ် ရဲဘော်လူပေနှင့် အသက်(၂၈)နှစ်အရွယ် ရဲဘော်ရွှေဘတို့ ရဲဘော် နှစ်ဦး ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း နဂါးနီ-အာဠာဝက Shwebo PDFအဖွဲ့၏ ခေါင်းဆောင် ကိုလမင်းက ပြောသည်။

Public Service Announcement
Public Service Announcement

“ကျွန်တော်တို့ ဘက်ကတော့ အတက်နိုင်ဆုံး အမှားနည်းအောင် မိုင်း‌အပေါ်မှာ လိုအပ်ချက်ကို အဖြေရှာပြီး မိုင်းနဲ့ပက်သက်တဲ့ အချက်အလက်တွေ ပိုပြီးသိအောင်၊ ကျဆုံးသွားတဲ့ ရဲဘော်နှစ်ဦးအတွက် ပိုကြိုးစားပြီး သွေးကြွေးပြန်ဆပ်သွားပါ့မယ်။”ဟု Shwebo PDF အဖွဲ့၏ ခေါင်းဆောင်က ပြောသည်။

Public Service Announcement

Public Service Announcement

ကျဆုံးရဲဘော်များ၏ ရုပ်အလောင်းများအား ကောင်းမွန်စွာသင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

နဂါးနီ-အာဠာဝက Shwebo PDF တပ်ဖွဲ့သည် ရွှေဘိုမြို့နယ်အတွင်း စစ်ကောင်စီအား ခုခံတိုက်ခိုက်နေသောအဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ