Connect with us

Hi, what are you looking for?

သတင်း

ခမ်းပတ်နှင့် တမူးမြို့နယ်စပ်၌ တိုက်ပွဲပြင်းထန်

ကာကွယ်ရေးတပ်ဖွဲ့ဘက်တွင် ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးကြောင်း သတင်းရရှိသည်။

ခမ်းပတ်နှင့် တမူးမြို့နယ်စပ်၌ တိုက်ပွဲပြင်းထန်
ခမ်းပတ်နှင့် တမူးမြို့နယ်စပ်၌ တိုက်ပွဲပြင်းထန်

▪️စစ်ကောင်စီတပ်အထိနာ၍ လေကြောင်းတိုပ်ခိုက်

စစ်ကိုင်းတိုင်း ခမ်းပတ်နှင့် တမူးမြို့နယ်စပ်၌ တိုက်ပွဲအပြင်းအထန်ဖြစ်နေပြီး ယမန်နေ့ နေ့လယ်က တိုက်ပွဲမှာစစ်ကောင်စီတပ် အထိနာ၍ လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိသည်။

တမူးမြို့နှင့် (၂၄)မိုင်ခန့်ဝေးပြီး ခမ်းပတ်နှင့် တမူးနယ်စပ်ရှိ ဘုတ်ကန်ကျေးရွာကို စစ်ကောင်စီတပ် က ဇူလိုင် ၂၈ရက် နေ့လယ် ၂နာရီ ၄၀မိနစ်ခန့်တွင် Mi-35ဖြင့် လာရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

“အင်အားလည်း လာဖြည့်တယ်။ ပစ်လည်းပစ် သွားတယ်။ ခမ်းပတ်ကိုမဆင်းဘဲ ခမ်းပန်အလွန်ကို လာဆင်းသွားတာ”ဟု အထက်ပါ ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်က ပြောသည်။

ခမ်းပတ်မြို့အနီးတွင် ဇူလိုင်၂၂ရက်မှစတင်ပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များ တိုက်ခိုက်ပွဲဖြစ်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ခမ်းပတ်နှင့် တမူးမြို့နယ်စပ်၌ တိုက်ပွဲပြင်းထန်
ခမ်းပတ်နှင့် တမူးမြို့နယ်စပ်၌ တိုက်ပွဲပြင်းထန်

ခမ်းပတ်မြို့ပေါ် ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက စတင်တိုက်ခိုက်ခြင်းဖြစ်ပြီး နောက်တနေ့တွင် စစ်ကောင်စီတပ်က လေကြောင်းမှ အင်အားတိုးချခဲ့သည်။ အဆိုပါစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက ပိတ်ဆို့တိုက်ခိုက်ရာ ဇူလိုင် ၂၅ရက်တွင် တိုက်ပွဲအလွန်ပြင်းထန်ခဲ့သည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ကာကွယ်ရေးတပ်ဖွဲ့ဘက်တွင် ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးကြောင်း သတင်းရရှိသည်။

ယမန်နေ့က မြေပြင်တိုက်ပွဲတွင် စစ်ကောင်စီတပ် အထိနာပြီး လေကြောင်းမှ လာရောက်တိုက်ခိုက်ခြင်းဟု ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်က ပြောသည်။

ထို့အပြင် နေအိမ်အချို့ ထိခိုက်မှုရှိသော်လည်း အသေးစိတ် မသိရသေးပေ။

တမူးနှင့် ခမ်းပတ်ဒေသတွင် စစ်ရေးတင်းမာနေ၍ ပြည်သူများ စစ်ရေးသတိရှိရန် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက သတိပေးထားသည်။ တိုက်ပွဲနှင့်ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook