Connect with us

Hi, what are you looking for?

သတင်း

ပန်းတိုင်အောင်ပွဲကိုသာ အာရုံပြုရန် ယာယီသမ္မတက ပြည်သူများအား သတင်းစကားပါး

ယာယီသမ္မတအနေဖြင့် ပြည်သူလူထုအား အသိပေးပြောကြားလိုသည့် သတင်းစကားများကို အလျဉ်းသင့်လျင် သင့်သလို ၎င်း၏ Facebook စာမျက်နှာ၌ ဖော်ပြလေ့ရှိသည်။

ပန်းတိုင်အောင်ပွဲကိုသာ အာရုံပြုရန် ယာယီသမ္မတက ပြည်သူများအား သတင်းစကားပါး
ပန်းတိုင်အောင်ပွဲကိုသာ အာရုံပြုရန် ယာယီသမ္မတက ပြည်သူများအား သတင်းစကားပါး

ပြည်သူများအနေဖြင့် ပန်းတိုင်အောင်ပွဲကိုသာ အာရုံပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့(ဇူလိုင် ၃၁ရက်) ပြည်သူများထံ သတင်းစကားပါးလိုက်သည်။

ယာယီသမ္မတအနေဖြင့် ပြည်သူလူထုအား အသိပေးပြောကြားလိုသည့် သတင်းစကားများကို အလျဉ်းသင့်လျင် သင့်သလို ၎င်း၏ Facebook စာမျက်နှာ၌ ဖော်ပြလေ့ရှိသည်။

Public Service Announcement
Public Service Announcement

“ကျနော်တို့ အားလုံးဟာ တော်လှန်ရေးမှာ လုပ်ကိုင် ဆောင်ရွက်ပုံတွေ မတူညီကြပေမယ့် လျှောက်တဲ့လမ်းချင်း တူလို့ လူချင်းတွေ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်လှေတည်းစီး တစ်ခရီးတည်းသွားသူချင်း တက်နိုင်သရွေ့ ညီညီညွတ်ညွတ် ဖေးဖေးမမနဲ့ ပန်းတိုင် အောင်ပွဲကိုပဲ အာရုံပြုပြီး လျှောက်လှမ်းကြရမှာ ဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ အဓိကလုပ်ငန်းတာဝန်မှာ ပြည်သူ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးရန်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် ပြည်သူ၏ အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးနေသည်မှာ စစ်ကောင်စီဖြစ်ကြောင်း ယာယီသမ္မတက ဇူလိုင် ၂၅ရက် အစိုးရ အဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့ပြီး စစ်ကောင်စီကို အမြစ်ပြတ် ချေမှုန်းနိုင်ရေးသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် တိုက်ရိုက်သက်ဆိုင်နေကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ရန်ကုန်-ပုသိမ်အဝေးပြေးကားလမ်းမ တလျှောက် စစ်တပ်စစ်ဆေးရေးဂိတ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ထဲမှာ ခါတိုင်းကိုင်ထားနေကြ သေနတ်နဲ့ ငွေစက္ကူအကြွေတွေအပြင် ​မေလ ၄ မှာတော့ ပိတောက်ပန်းတွေပါ ​တွေ့ရပါတယ်။