Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကိုထောင်ဒဏ် ၃၃ နှစ်အနက် ၆ နှစ် သာလျှော့၊ သမ္မတဦးဝင်းမြင့်ကိုလည်း ၁၂ နှစ်အနက် နှစ်နှစ်သာလျှော့

သမ္မတကြီးဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ အတွက် ထောင်ဒဏ်နှစ် နှစ်၊ ပုဒ်မ ၅၀၅(ခ) အတွက် ထောင်ဒဏ် နှစ်နှစ် စုစုပေါင်းလေးနှစ်ချမှတ်ခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခဲ့သည့် ဒီဇင်ဘာ ၆ ရက်တွင် စုစုပေါင်းပြစ်ဒဏ်လေးနှစ်အနက် နှစ်နှစ်ကို လျှော့ပေါ့ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကိုထောင်ဒဏ် ၃၃ နှစ်အနက် ၆ နှစ် သာလျှော့၊ သမ္မတဦးဝင်းမြင့်ကိုလည်း ၁၂ နှစ်အနက် နှစ်နှစ်သာလျှော့
ဒေါ်အောင်ဆန်းစုကြည်ကိုထောင်ဒဏ် ၃၃ နှစ်အနက် ၆ နှစ် သာလျှော့၊ သမ္မတဦးဝင်းမြင့်ကိုလည်း ၁၂ နှစ်အနက် နှစ်နှစ်သာလျှော့

❝ လျော့ပေးလိုက်တဲ့အမှုများက ပြစ်ဒဏ်ကနေ လွတ်တော့မယ့်အမှုတွေဖြစ်ကြောင်း တရားရုံးနီးစပ်သူပြော ❞

ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားသည့် ဒါဇင်နှင့်ချီသောပုဒ်မများအနက် အမှု ၅ မှုအတွက်ချထားသည့် ထောင်ဒဏ်နှစ်အနည်းငယ်ကို ပြစ်ဒဏ်သက်သာခွင့်ပေးလိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

အခုပြစ်ဒဏ်လျှော့ပေးလိုက်သည့် အမှုများသည် ပြစ်ဒဏ်ကနေလွတ်တော့မည့် အမှုများဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“သူတို့လွတ်ငြိမ်းပေးတယ်ဆိုတာတွေက ပထမဆုံးစစွဲတဲ့အမှု ၅ မှု၊ ဒေါ်စုက NLD ကားယာဉ်တန်း လက်ပြတဲ့အမှုပါ ကိုဗစ်နဲ့က ၂ မှု၊ စကားပြောစက်တွေ့တယ်ဆိုပြီး စွဲဆိုတဲ့အမှု ၂မှုနဲ့ ၅၀၅ (ခ)နဲ့က ၁ မှုပါတယ်။ အဲဒီအမှုတွေသည် ပြစ်ဒဏ်ကနေ လွတ်တော့မယ့်အမှုတွေဖြစ်ပါတယ်” ဟုဆိုသည်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၉ မှု စွဲဆိုထားပြီး စုစုပေါင်းထောင်ဒဏ် ၃၃ နှစ်ချမှတ်ထားပြီးဖြစ်သည်။ ယခုအခါ စွဲဆိုထားသည့် အမှုများအနက် ၅ မှုအတွက် ကျခံနေရသည့် ထောင်ဒဏ်များကို သက်သာခွင့်ပြုလိုက်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဒေါ်အောင်ဆန်းစုကြည်ကို ဆူပူအောင်လှုံ့ဆောင်မှု ၅၀၅ (ခ) အတွက် ချမှတ်ထားသည့် ပြစ်ဒဏ်နှစ်နှစ်၊ ဆက်သွယ်ရေးပုဒ်မ ၆၇၊ ပို့ကုန်သွင်းကုန်ပုဒ်မ ၈ တို့အတွက်ချမှတ်ထားသည့် ထောင်ဒဏ်နှစ်နှစ်၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ နှင့် နှစ်မှုစွဲဆိုထားသည့်အတွက် ထောင်ဒဏ်လေးနှစ်တို့ကို လျော့ပေ့ါပေးလိုက်ခြင်းဖြစ်သည်။

ယင်းအမှု ၅ မှုအတွက် ထောင်ဒဏ်စုစုပေါင်းက ၈ နှစ်ဖြစ်သော်လည်း သဘာဝဘေးပုဒ်မနှင့် ၅၀၅ (ခ)အတွက်ချမှတ်ထားသော ထောင်ဒဏ်ကို ပြစ်ဒဏ်စီရင်သည့် ၂၀၂၁ ဒီဇင်ဘာ ၆ ရက်မှာပင် နှစ်နှစ်လျှော့ပေါ့ထားသည့်အတွက် လက်ရှိလျှော့ပေါ့ပေးလိုက်သည့် ပြစ်ဒဏ်မှာ ၆ နှစ်သာဖြစ်သည်။

သမ္မတဦးဝင်းမြင့်ကိုလည်း အလားတူ ပြစ်ဒဏ်သက်သာခွင့်ပေးခဲ့ပြီး၊ ဦးဝင်းမြင့်ရင်ဆိုင်နေရသည့် အမှု ၈ မှုအနက် နှစ်မှု၏ ထောင်ဒဏ်များကို သက်သာခွင့်ပေးလိုက်ခြင်းဖြစ်သည်။

သမ္မတကြီးဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ အတွက် ထောင်ဒဏ်နှစ် နှစ်၊ ပုဒ်မ ၅၀၅(ခ) အတွက် ထောင်ဒဏ် နှစ်နှစ် စုစုပေါင်းလေးနှစ်ချမှတ်ခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခဲ့သည့် ဒီဇင်ဘာ ၆ ရက်တွင် စုစုပေါင်းပြစ်ဒဏ်လေးနှစ်အနက် နှစ်နှစ်ကို လျှော့ပေါ့ခဲ့သည်။

ယနေ့ သြဂုတ် ၁ ရက် ပြစ်ဒဏ်လျှော့ပေါ်မှုကြေညာချက်တွင် ယင်းကျန်ရှိနေသည့် နှစ်နှစ်ကို လျှော့ပေ့ါလိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည့်သည် ပြစ်ဒဏ်စုစုပေါင်း ၂၇ နှစ်ကျန်ရှိပြီး၊ သမ္မတကြီးဦးဝင်းမြင့်က ထောင်ဒဏ်စုစုပေါင်း ၁၀ နှစ်ကျန်ရှိနေဦးမည်ဖြစ်သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်လွတ်မြောက်ရေး ပိုမိုအားထုတ်ပေးရန် နိုင်ငံတကာနှင့် တော်လှန်ရေးအင်အားစုများအား မေတ္တာရပ်ခံ

သတင်း

စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးချုပ်နှောင်ထားမှုကနေ ပြန်မလွှတ်ပေးတာကိုလည်း သားငယ်ဖြစ်သူက ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။

သတင်း

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၉ မှု စွဲဆိုထားပြီး စုစုပေါင်းထောင်ဒဏ် ၃၃ နှစ်ချမှတ်ထားပြီးဖြစ်သည်။