Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းတွင် စစ်ကောင်စီစစ်ကြောင်းရန်ကြောင့် ရွာ၂၀ကျော်မှ ပြည်သူများဘေးလွတ်ရာ တိမ်းရှောင်

ဒီပဲယင်းနယ်ရှိ စစ်ရှောင်များအပြင် ရွှေဘိုမြို့နယ်ဘက်ခြမ်းမှ စစ်ရှောင်များလည်း ရောက်ရှိနေပြီး စစ်ရှောင်အလွန်များပြားနေ၍ အကူညီများလိုအပ်နေကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

(ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်လာရသောပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - ဒီပဲယင်းမြို့နယ်ညီနောင်များ)
(ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်လာရသောပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - ဒီပဲယင်းမြို့နယ်ညီနောင်များ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ရွာပေါင်း ၂၀ ကျော်မှ ပြည်သူများမှာ ဘေးလါတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီး မရကန်ရွာကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (သြဂုတ် ၂ ရက်)နံနက်ပိုင်းက ရေဦးနယ်မှ ဒီပဲယင်းအရှေ့ခြမ်းသို့ ဝင်ရောက်လာသည့် စစ်ကောင်စီ၏ ခမရ(၇၀၈)နှင့် (၇၀၂)စစ်ကြောင်းသည် မရကန်ကျေးရွာ၌ တပ်စွဲပြီး နေအိမ်များမီးရှို့ဖျက်ဆီးနေကြောင်း ရေဦးအခြေပြုPeople’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်က လက်နက်ကြီး​​ဖြင့်ပါ အနီးဝန်းကျင်ရှိ ကျေးရွာများအား ပစ်ခတ်နေကြောင်းလည်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

“မရကန်ရွာကို မီးရှို့နေတဲ့စစ်ကြောင်းက ခုအချိန်ထိ မရကန်ရွာထဲမှာပဲ ရှိနေသေးပြီး ၎င်းရွာမှာပဲ ညအိပ်တပ်စွဲထားတယ်လို့ သတင်းရတယ်။”ဟု ဒေသတွင်းကင်းထောက်ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မရကန်ရွာနှင့် အနီးဝန်းကျင်ရှိကျေးရွာများမှ ပြည်သူများအနေဖြင့် တိမ်းရှောင်ထားကြရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတိပေးသည်။

ဒီပဲယင်းနယ်ရှိ စစ်ရှောင်များအပြင် ရွှေဘိုမြို့နယ်ဘက်ခြမ်းမှ စစ်ရှောင်များလည်း ရောက်ရှိနေပြီး စစ်ရှောင်အလွန်များပြားနေ၍ အကူညီများလိုအပ်နေကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်က ပြီးခဲ့သည့် ဇူလိုင်တစ်လအတွင်း နေအိမ်ပေါင်း ၁,၇၅၀ ကျော် မီးရှို့ဖျက်ဆီးပြီး ပြည်သူကိုးဦး မီးရှို့သတ်ဖြတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။