Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးတွင် စစ်ကောင်စီစစ်ကြောင်း တစ်ရက်တည်းနှစ်ကြိမ်တိုက်ခို​က်ခံရ

သြဂုတ် ၄ ရက် နံနက် ၁၁နာရီခန့်က နွားထိုးကြီးမြို့နယ်၊ ဖောင်းကျင်းတောင်ရွာအနီးတွင်အင်အား ၂၀ခန့်ပါ စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ရာ စစ်သား နှစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း နွားထိုးကြီး PDFအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် နေပြည်တော်တစ်နေရာ၌တွေ့ရသော စစ်ကောင်စီယာဉ်တန်း။ (Photo : AFP)
(စစ်တပ်အာဏာသိမ်းပြီးနောက် နေပြည်တော်တစ်နေရာ၌တွေ့ရသော စစ်ကောင်စီယာဉ်တန်း။ (Photo : AFP)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်​တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်အား တစ်ရက်တည်း နှစ်ကြိမ်တိုက်ခို​က်ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်း နွားထိုးကြီး PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သြဂုတ် ၄ ရက် နံနက် ၁၁နာရီခန့်က နွားထိုးကြီးမြို့နယ်၊ ဖောင်းကျင်းတောင်ရွာအနီးတွင်အင်အား ၂၀ခန့်ပါ စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ရာ စစ်သား နှစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း နွားထိုးကြီး PDFအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါစစ်ကြောင်းကိုပင် ညနေ ၅နာရီခန့်က ဆူးဖြူကုန်းရွာအနီးအရောက်၌ ဒေသတွင်းတော်လှန်ရေးအင်အားစုများက ထပ်မံ ကြားဖြတ်တိုက်ခိုက်ခဲ့သေးသည်။

တိုက်ခိုက်မှုနှစ်ကြိမ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိသွားကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ဆူးဖြူကုန်းမှာ မွှေနှောက်ပြီးပြန်လာတဲ့အချိန် ထိတွေ့တိုက်ပွဲပုံစံဖြစ်သွားတယ်။ အလောင်းတွေကိုတော့ ည ၇နာရီဝန်းကျင်လောက်မှာ ဝက်လူးရဲစခန်းကထွက်ပြီးလာကောက်သွားတယ်။”ဟု နွားထိုးကြီး PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအား သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ စစ်ဆင်ရေးအား မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်းNatogyi People Defence Force၊ နဂါးနီပြောက်ကျားတပ်ဖွဲ့၊ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့၊ Myingyan Drone Strike Team တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ယင်းစစ်ကြောင်းသည် နွားထိုးကြီးမြို့နယ်အတွင်းရှိ ကျေးရွာ ၅ရွာခန့်အား ဝင်ရောက်ဖျက်ဆီးသွားပြီး ပြည်သူအချို့ကိုလည်း ဖမ်းဆီးမှုများရှိကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်၂၀ ရက်ကလည်း နွားထိုးကြီးမြို့နယ် စင်္ကြာတောင်၏အရှေ့ဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား နွားထိုးကြီး PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။