Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးတွင် စစ်ကြောင်းထိုးလာသည့်စစ်တပ် တိုက်ခိုက်ခံရ

စစ်ကောင်စီတပ်သည် နွားထိုးကြီးမြို့နယ်အတွင်း ဧပြီလလယ်ကတည်းက စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ဒေသခံပြည်သူများအားဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်နေသည်။

(၂၀၂၂ ဧပြီအတွင်းက နွားထိုးကြီး - တောင်သာလမ်းတွင် အဝေးပြေးကား များအား နွားထိုးကြီး PDF အဖွဲ့တစ်ဖွဲ့က စစ်ဆေးနေစဥ်၊ ဓာတ်ပုံ - နွားထိုးကြီး PDF)
(၂၀၂၂ ဧပြီအတွင်းက နွားထိုးကြီး - တောင်သာလမ်းတွင် အဝေးပြေးကား များအား နွားထိုးကြီး PDF အဖွဲ့တစ်ဖွဲ့က စစ်ဆေးနေစဥ်၊ ဓာတ်ပုံ - နွားထိုးကြီး PDF)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား နှစ်ဦးသေဆုံးကြောင်း မြင်းခြံခရိုင်အမှတ် – ၄ တပ်ရင်း Natogyi People Defence Force အဖွဲ့က ပြောသည်။

ယမန်နေ့ (ဇူလိုင်လ ၂၀ ရက်) နံနက် ၁၁ နာရီဝန်းကျင်က မြင်းခြံမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်အစပ်ရှိ စင်္ကြာတောင်အနီး စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား နှစ်ဦးသေဆုံးသည်ကို မျက်မြင်တွေ့ခဲ့ကြောင်း နွားထိုးကြီး PDF အဖွဲ့က ပြောသည်။

“အင်အားက ၄၀ဝန်းကျင်လောက်ရှိတယ်။ ၈ လုံးပဒေသာမိုင်းဆင်တယ်။ နှစ်ယောက်ပဲမိုင်းကွင်းထဲဝင်လို့ အဲ နှစ်ယောက် ပွဲချင်းပြီးသေဆုံးတယ်။”ဟု နွားထိုးကြီး PDF အဖွဲ့ တာဝန်ရှိသူကပြောသည်။

သေဆုံးစစ်သားနှစ်ဦး၏ ရုပ်လောင်းအား အနီးရှိ ကျေးရွာမှ ဆိုင်ကယ်များယူပြီး သယ်ဆောင်သွားသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် နွားထိုးကြီးမြို့နယ်အတွင်း ဧပြီလလယ်ကတည်းက စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ဒေသခံပြည်သူများအားဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။