Connect with us

Hi, what are you looking for?

သတင်း

ရှမ်းမြောက် ဂုတ်တွင်းလမ်းပိုင်းတွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ

နောင်ချိုနှင့်ကျောက်မဲမြို့ကြား ညောင်ပစ်ရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသောယာဉ်တန်း ပစ်ခတ်ခံရခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

(၂၀၁၉ ဩဂုတ် ၁၅ရက်က ဂုတ်တွင်း၌ စစ်တပ် ရဲကင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရသော စစ်သားများ။ ဓာတ်ပုံ - AFP)
(၂၀၁၉ ဩဂုတ် ၁၅ရက်က ဂုတ်တွင်း၌ စစ်တပ် ရဲကင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရသော စစ်သားများ။ ဓာတ်ပုံ - AFP)

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုနှင့်ကျောက်မဲမြို့ကြား ဂုတ်တွင်းလမ်းပိုင်းတွင် ယနေ့နံနက် စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံခဲ့ရပြီး ထိခိုက် သေဆုံးမှုရှိကြောင်း ဒေသခံများက ပြောသည်။

နောင်ချိုနှင့်ကျောက်မဲမြို့ကြား ညောင်ပစ်ရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသောယာဉ်တန်း ပစ်ခတ်ခံရခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

“စစ်ကားတွေကို ပစ်တာ။ တော်တော်ထိတယ်။ သေဆုံးတာတွေရှိတယ်”ဟု ဒေသခံတစ်ဦးက People’s Spring သို့ ပြောသည်။

ပစ်ခတ်မှုသည် ၁၅မိနစ်ခန့်ကြာပြီး စစ်ကောင်စီဘက်က သေဆုံးသူ ၁၀ဦးထပ်မနည်းရှိကြောင်း ဒေသခံများက ပြောသော်လည်း People’s Spring အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီယာဥ်တန်းကို တအာင်းတပ်မတော် (TNLA) နှင့် PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်အချိူ့ကပြောသော်လည်း အသေးစိတ်မသိရှိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်း တိုက်ခိုက်တာအပါအဝင် ပုံစံမျိုးစုံနဲ့ စစ်ရေးအရ ဖိအားပေးလာနိုင်လို့ ဒေသခံ ပြည်သူတွေ လေကြောင်းရန် အထူးသတိထားဖို့ လိုအပ်ကြောင်း ရှမ်းမြောက်ဒေသစစ်ရေးလေ့လာသူ တဦးက တိုက်တွန်းပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲပြန်ဖြစ်လာနိုင်တယ်လို့ သတင်းတွေထွက်နေစဉ်မှာ ကျောက်မဲမြို့ကပေါ်ကနေ အဏာသိမ်းစစ်တပ်က ဒီက​နေ့မှာ တိုက်လေယာဉ်အနိမ့်ပျံပြီးခြိမ်းခြောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။