Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်ရိက္ခာတင်ရေယာဉ်များ လုံခြုံရေးယူပေးနေသည့်ခြေလျင်စစ်ကြောင်း တိုက်ခိုက်ခံရ

စစ်ကောင်စီရေယာဉ်များ ယင်းမာပင်ဆိပ်ကမ်း၌ ရှိနေစဉ် ပြည်သူပိုင်မော်တော်ရေယာဥ်များအနေဖြင့် ချင်းတွင်းမြစ်အတွင်း မောင်းနှင်သွားလာခြင်းမပြုကြရန် နဂါးညီနောင်အထူးတပ်ဖွဲ့ (DBTF)က သတိပေးထားသည်။

(မုံရွာမြို့သို့ ပြန်ဆင်းလာနေသည့် စစ်ကောင်စီ၏ သင်္ဘာတစ်စင်းအား ၂၀၂၂ သြဂုတ်က တွေ့ရစဉ်၊ ဓာတ်ပုံ ချင်းတွင်းချစ်သူ)
(မုံရွာမြို့သို့ ပြန်ဆင်းလာနေသည့် စစ်ကောင်စီ၏ သင်္ဘာတစ်စင်းအား ၂၀၂၂ သြဂုတ်က တွေ့ရစဉ်၊ ဓာတ်ပုံ ချင်းတွင်းချစ်သူ)

ယင်းမာပင်မြို့နယ် ချင်းတွင်းမြစ်အတွင်း၌ စစ်ကောင်စီတပ်ရိက္ခာတင်ရေယာဉ်များ လုံခြုံရေးယူပေးနေသည့် ခြေလျင်စစ်ကြောင်း ယနေ့ နံနက် တိုက်ခိုက်ခံရပြီးနောက် ညနေပိုင်းတွင်ကျေးရွာများအား လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သတင်းရရှိသည်။

အင်အား ၁၀၀ခန့်ရှိသော စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်းသည် ယနေ့ နံနက် ၁၀နာရီခန့်က ယင်းမာပင်မြို့နယ် သံဗိုလ်ကျေးရွာနှင့် ပန်းတိမ်ပြင်ကျေးရွာအနီး ရောက်ရှိလာစဉ် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည်။

ထို့နောက် ညနေဘက်တွင် စစ်ကောင်စီတပ်က အဆိုပါ ကျေးရွာနှစ်ရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းဟု ယင်းမာပင်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

“မနက်က တိုက်ပွဲမှာ သူတို့(စစ်ကောင်စီတပ်)အထိနာတယ်ထင်တယ်။ ညနေမှာ စစ်ရှောင်နေတဲ့ ပြည်သူတွေကို လက်နက်ကြီးတဲ့ပစ်တာ။ ပြည်သူ ငါးဦး၊ ခြောက်ဦးလောက်ထိတယ်။ တစ်ဦးက သေဆုံးတယ်လို့ ကြားတယ်”ဟု အထက်ပါ ရဲဘော်က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီရေယာဉ်အုပ်စုသည် ယင်းမာပင်မြို့နယ်ဆိပ်ကမ်းတွင် ဇူလိုင်လနှောင်းပိုင်းကတည်းက ကမ်းကပ်ထားပြီး ခြေလျင်စစ်ကြောင်းနှစ်‌ကြောင်းက မြစ်ကမ်း‌ဘေးရှိ ကျေးရွာများအား စစ်ကြောင်းထိုးနေခြင်းဟု သိရသည်။

အဆိုပါ စစ်ကြောင်းကြောင့် စုန်းချောင်း၊ကျောက်မှော်၊ သံဗိုလ်၊ စေသူနှင့် ပန်းတိမ်ပြင်ကျေးရွာတို့မှ ဒေသခံများ ဘေးလွတ်ရာတိမ်းရှောင်နေကြရသည်။

စစ်ကောင်စီရေယာဉ်များ ယင်းမာပင်ဆိပ်ကမ်း၌ ရှိနေစဉ် ပြည်သူပိုင်မော်တော်ရေယာဥ်များအနေဖြင့် ချင်းတွင်းမြစ်အတွင်း မောင်းနှင်သွားလာခြင်းမပြုကြရန် နဂါးညီနောင်အထူးတပ်ဖွဲ့ (DBTF)က သတိပေးထားသည်။

အဆိုပါစစ်ကောင်စီရိက္ခာတင် ရေယာဉ်အုပ်စုသည် ဇူလိုင်လလယ်က ပခုက္ကူမြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်းမှ ချင်းတွင်းမြစ်အတွင်းဝင်လာပြီး ယင်းမာပင်မြို့တွင် ကမ်းကပ်ထားခြင်းဖြစ်သည်။

ချင်းတွင်းမြစ်အတိုင်း အထက်သို့ဆန်တက်ပါက ကနီ၊မင်းကင်းနှင့် ကလေးဝမြို့များသို့ ရောက်မည်ဖြစ်သည်။ ထို့ကြောင့် ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံပြည်သူများ သတိပြုကြရန် ယင်းမာပင်မြို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပျက်ကျတယ်လို့ယူဆရတဲ့နေရာကို KIA ပူးပေါင်းတပ် လိုက်လံရှာ​ဖွေ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဝမ်ပေါင်က ကြေးနီတွေသယ်လာတဲ့ စစ်ယာဥ်တန်းတွေ ဖြတ်သန်းလာလို့ လုံခြုံရေးတင်းကြပ်ထားပြီး လမ်းပိတ်ဆို့မှုတွေပါ ဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်