Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့လယ်တွင် ရှစ်လေးလုံး လူထုအရေးတော်ပုံ (၃၅)နှစ်ပြည့် လှုပ်ရှားမှုပြုလုပ်

လူငယ်များက အကျီအနက်ပေါ်တွင် ရှစ်လေးလုံး စာသားကို ရေးသား၍ ဆူးလေ ခုံးကျော်တံတားပေါ်၌ ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - DPNS
ဓာတ်ပုံ - DPNS

စစ်ကောင်စီက လုံခြုံရေးများ တင်းကျပ်ထားသည့်​ကြားမှ ရန်ကုန်မြို့လယ် ဆူးလေလမ်း လူကူးခုံးကျော်တံတားပေါ်တွင် တော်လှန်လူငယ်များက ရှစ်လေးလုံးလူထုအရေးတော်ပုံ (၃၅)နှစ်ပြည့် အထိမ်းအမှတ် လှုပ်ရှားမှုကို ယနေ့ (သြဂုတ် ၈) နံနက်က ပြုလုပ်ခဲ့သည်။

လူငယ်များက အကျီအနက်ပေါ်တွင် ရှစ်လေးလုံး စာသားကို ရေးသား၍ ဆူးလေ ခုံးကျော်တံတားပေါ်၌ ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယင်းဆန္ဒပြလှုပ်ရှားမှုကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)နှင့် လူ့ဘောင်သစ်လူငယ် (YNS)ရဲဘော်များ ပူးပေါင်း၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

‘၈’ လေးလုံးလူထုအရေးတော်ပုံ (၃၅)နှစ်ပြည့် အထိမ်းအမှတ်နေ့၌ ရန်ကုန်မြို့လယ် ဆူးလေလမ်းမ လူကူးကုန်းကျော်တံတားပေါ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ရပ် ကို ပြုလုပ်ခဲ့ပါသည်။ ၂၀၂၁ ဖေဖော်ဝါရီမှ ပြန်လည်စတင်ခဲ့သော လူထုတော်လှန်ရေးသည် လွန်ခဲ့သည့် ၃၅ နှစ်က လူထုလူလူတန်းစား အလွှာပေါင်းစုံ တော်လှန်ခဲ့သော စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး တိုက်ပွဲအဆက်ဖြစ်ကြောင်း DPNS က ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ယနေ့အထိ နှစ်ပေါင်းများစွာ ပြည်သူလူထုအား ဖိနှိပ်အနိုင်ကျင့်နေသော စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းပြီး တောင်တန်းမြေပြန့် လူထု လူတန်းစားတရပ်လုံး လွတ်မြောက်ရန် ဆက်လက် တိုက်ပွဲဝင်သွားကြရန်လည်း DPNS က တိုက်တွန်းနှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့လယ်က ဘိုရှင်းဂတ်ပန်းခြံမှာ မြန်မာတွေစုပေါင်းပြီး ရှစ်လေးလုံးအရေးတော်ပုံ (၃၈) နှစ်မြောက်အဖြစ် ချီတက်ဆန္ဒပြပွဲကို ဒီကနေ့ (သြဂုတ် ၉) ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမေရိကန်နိုင်ငံ၊ နယူးယောက်စီးတီးရှိ Time Square ရင်ပြင်မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ရှစ်လေးလုံး (၃၈)နှစ်ပြည့် အထိမ်းအမှတ် လှုပ်ရှားမှု ကို ဒီကနေ့ (သြဂုတ် ၉) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

Facebook