Connect with us

Hi, what are you looking for?

သတင်း

မန္တလေး ရွှေမဟာနွယ်ပရဟိတအသင်း ဥက္ကဋ္ဌ အမျိုးသမီးထပ်မံ ဖမ်းခံရ

အောင်မြေသာစံမြို့နယ်က နေအိမ်မှာ မနေ့ နေ့ခင်းပိုင်းက လာရောက်ဖမ်းဆီးသွားတာလို့ ဒေါ်နွယ်နွယ်ဝင်းနဲ့နီးစပ်သူတစ်ဦးကအတည်ပြုပါတယ်။

မန္တလေး ရွှေမဟာနွယ်ပရဟိတအသင်း ဥက္ကဋ္ဌ အမျိုးသမီးထပ်မံ ဖမ်းခံရ
မန္တလေး ရွှေမဟာနွယ်ပရဟိတအသင်း ဥက္ကဋ္ဌ အမျိုးသမီးထပ်မံ ဖမ်းခံရ

ထောင်ကနေလွတ်လာပြီး လပိုင်းပဲကြာသေးတဲ့ မန္တလေးမြို့ ရွှေမဟာနွယ်ပရဟိတ အသင်း ဥက္ကဋ္ဌ အမျိုးသမီး ကို စစ်ကောင်စီတပ်က မနေ့က ထပ်မံဖမ်းဆီးလိုက်တယ်လို့သိရပါတယ်။

ပရဟိတအသင်းဥက္ကဋ္ဌ ဒေါ်နွယ်နွယ်ဝင်းဟာ သြဂုတ်လ ၈ ရက်မှာကျရောက်တဲ့ ရှစ်လေးလုံးနှစ်ပတ်လည် လှုပ်ရှားမှုမှာပါဝင်တယ်ဆိုကာ ဖမ်းဆီးဖို့အတွက် စစ်ကောင်စီလော်ဘီတယ်လီဂရမ်တွေမှာ ဖော်ပြခံရပြီးနောက် ဖမ်းခံရတာပါ။

အောင်မြေသာစံမြို့နယ်က နေအိမ်မှာ မနေ့ နေ့ခင်းပိုင်းက လာရောက်ဖမ်းဆီးသွားတာလို့ ဒေါ်နွယ်နွယ်ဝင်းနဲ့နီးစပ်သူတစ်ဦးကအတည်ပြုပါတယ်။

အိမ်စီးကားနဲ့ရောက်လာတဲ့ အရပ်ဝတ်တွေက ဖမ်းဆီးသွားတာလို့လည်းဆိုပါတယ်။

Public Service Announcement

Public Service Announcement

အခုလို ဖမ်းဆီးခံရတဲ့ ဒေါ်နွယ်နွယ်ဝင်းဟာ စစ်တပ်အာဏာသိမ်းပြီး ၉ လကျော်အကြာ မှာ ဖမ်းဆီးခံရပြီး ဆူပူအောင်လှုံဆော်မှုနဲ့ ထောင်ချခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ကဆုန်လပြည့်နေ လွတ်ငြိမ်းမှာ ပြန်လည်လွတ်မြောက်လာပြီး လပိုင်းအကြာမှာပဲ ဒုတိယအကြိမ် ထပ်မံဖမ်းခံရတာပါ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

Facebook