Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရေယာဉ်အုပ်စုကို ကနီနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နှစ်ရက်ဆက်တိုက်ခိုက်

မြစ်အတွင်းမှလည်း လက်နက်ကြီးများဖြင့်ပစ်သလို‌ ခြေလျင် စစ်ကြောင်းလည်း ထိုးသောကြောင့် ယင်းမာပင်နှင့် ကနီမြို့နယ်မှ ချင်းတွင်းမြစ်ကမ်းဘေးရှိ ကျေးရွာများမှ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

(ချင်းတွင်းမြစ်အတွင်း၌ စစ်ကောင်စီ၏ သင်္ဘာတစ်စင်းဖြတ်သန်းသွားလာနေသည်ကို ၂၀၂၂ တွေ့ရစဉ်။ ဓာတ်ပုံ - ANPTT)
(ချင်းတွင်းမြစ်အတွင်း၌ စစ်ကောင်စီ၏ သင်္ဘာတစ်စင်းဖြတ်သန်းသွားလာနေသည်ကို ၂၀၂၂ တွေ့ရစဉ်။ ဓာတ်ပုံ - ANPTT)

မုံရွာမြို့ဆိပ်ကမ်းမှ ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာသည့် စစ်ကောင်စီရေယာဉ်အုပ်စုကို ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နှစ်ရက်ဆက်စောင့်ကြိုတိုက်ခိုက်ခဲ့သည်။

မုံရွာမြို့ အလုံမင်းဒေါင့်ဆိပ်ကမ်းမှ ဆန်တက်လာသော စစ်သင်္ဘောအပါအဝင် ထောက်ပို့ သင်္ဘောရှစ်စီးကို ကနီမြို့အခြေစိုက် ချိုးငှက်ပျောက်ကြားတပ်ဖွဲ့၊သိန်းငှက်ပျောက်ကြားတပ်ဖွဲ့၊ ချိုမိုင်မိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဘုတလင်ခရိုင်တပ်ရင်း(၁၆)တို့က ဩဂုတ် ၈ရက်တွင် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

“သူတို့ဖက်က အငိုက်မိသွာတယ်။ ရှေ့ကဖလက်( ရေယာဉ်)တွေကို မပစ်တော့သူတို့က အစုလိုက်ကြီးထိုင်နေကြတာ။ အဲ့ချိန်မှာကျနော်တို့ဖက်ကစပြီး စနိုက်ပါနဲ့ အရင်ပစ်တာ။ သူတို့ဖက်က စလင်ခန်းလက်တန်းပေါ်လျှောက်နေတဲ့သုံးကောင်လဲသွားတဲ့အချိန်ထပြေးကြတာ။ အဲ့မှာပဲဝိုင်းပစ်ကြတာ”ဟု ချိုးငှက်ပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အပြန်အလှန်တိုက်ပွဲဖြစ်ပွားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှလည်း ရဲဘော်လေးဦး လက်နက်ကြီးကျည်ထိမှန်ခဲ့သည်။ ချိုးငှက်ပျောက်ကြားတပ်ဖွဲ့ခေါင်းဆောင်ဗိုလ်မုဆိုး၊ သိန်းငှက်ပျောက်ကြားတပ်ဖွဲ့မှ ရဲဘော်နှစ်ဦး၊ချိုမိုင်မိုင်အဖွဲ့မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး စိုးရိမ်စရာမရှိကြောင်း ၎င်းက အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့အပြင် ယမန်နေ့(ဩဂုတ် ၉ရက်) နေ့လယ် ၂နာရီခန့်တွင် အဆိုပါ ရေယာဉ်အုပ်စုအား ယင်းမာပင်ခရိုင် တပ်ရင်း (၂၁၊ ၂၂၊ ၂၃)ဖြစ်သည့် KLG PDF(ကျောက်လုံးကြီး)အဖွဲ့က စနိက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုတွင် စိတ်ကောင်စီတပ်သား တစ်ဦးသေဆုံးခဲ့သည်ဟု KLG PDFက ထုတ်ပြန်သည်။

“သေသွားတဲ့သူကို ကနီမြို့ ဆေးရုံတောင်ဘက် သင်္ချိုင်းကုန်းမှာ မီးသဂြိုလ်‌သွားတယ်”ဟု KLG PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါစစ်ကောင်စီရေယာဉ်အုပ်စုသည် ချင်းတွင်းမြစ်အတွင်း ပြီးခဲ့သည့် ဇူလိုင်ကတည်းက ရောက်ရှိနေခြင်းဖြစ်သည်။ မြစ်အတွင်းမှလည်း လက်နက်ကြီးများဖြင့်ပစ်သလို‌ ခြေလျင် စစ်ကြောင်းလည်း ထိုးသောကြောင့် ယင်းမာပင်နှင့် ကနီမြို့နယ်မှ ချင်းတွင်းမြစ်ကမ်းဘေးရှိ ကျေးရွာများမှ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ယနေ့(ဩဂုတ် ၁၀ရက်)တွင်လည်း ချင်းတွင်းမြစ်အတိုင်း အထက်သို့ဆန်တက်နေသည်။ ကနီမြို့နယ်ကို ကျော်ပါက မင်းကင်းနှင့် ကလေးဝမြို့များသို့ ရောက်မည်ဖြစ်သည်။ ထို့ကြောင့် ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံပြည်သူများ သတိပြုကြရန် ကနီမြို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။