Connect with us

Hi, what are you looking for?

သတင်း

ဆန်ဈေးတက်နေချိန် ဆန်စပါးအသင်းချုပ်က လေးလအတွင်း ပြည်ပကို ဆန်တန်ချိန် ၃ သိန်းကျော်တင်ပို့

စစ်ကောင်စီနှင့် ဆန်စပါးအသင်းချုပ်တို့က ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပကို ဆန်တန် ၂၂ ဒဿမ ၆ သန်းတင်ပို့ပြီး ဒေါ်လာ သန်း ၈၅၀ရရှိခဲ့သည်။ ယခုဘဏ္ဍာနှစ် ၂၀၂၃-၂၄ တွင်လည်း ဆန်တန်ချိန် ၂သန်းခွဲတင်ပို့ကာ ဒေါ်လာ တစ်ဘီလီယံရရှိရန် ဆိုကာ ပြည်ပသို့ ဆန်များတိုးပို့နေခြင်းဖြစ်သည်။

(ပြည်ပသို့ ဆန်တင်ပို့ရန်ရန်ကုန်ရှိဆိပ်ကမ်းတစ်ခုတွင်သ​ဘော်​ပေါ်သို့တင်​နေစဥ်။ဓါတ်ပုံ-MMR)
(ပြည်ပသို့ ဆန်တင်ပို့ရန်ရန်ကုန်ရှိဆိပ်ကမ်းတစ်ခုတွင်သ​ဘော်​ပေါ်သို့တင်​နေစဥ်။ဓါတ်ပုံ-MMR)

ပြည်တွင်း၌ ဆန်ဈေးများဆက်တိုက်မြင့်တက်နေ​ချိန်တွင်၄ လအတွင်း ပြည်ပသို့ ဆန်တန်ချိန် ၃ ဒဿမ ၂ သန်းခန့်တင်ပို့ခဲ့ကြောင်း မြန်မာ့နိုင်ငံဆန်စပါးအသင်းချုပ်က သတင်းထုတ်ပြန်ထားသည်။

ထိုလေးလအတွင်း (၂၀၂၃ ဧပြီ၁ရက်မှ ဇူလိုင်လ၃၁ရက်အထိ) ဆန်တင်ပို့မှု တန်ချိန်၃ဒသမ ၂ သိန်းခန့်က စစ်ကောင်စီအတွက် နိုင်ငံခြားငွေ ဒေါ်လာ သန်း ၁၃၈ ရှာဖွေပေးနိုင်ခဲ့ကြောင်း အဆိုပါအသင်းချုပ်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီခွင့်ပြုချက်ဖြင့် မေလတစ်လထဲမှာပင် ဆန်တန်ချိန် ၁ ဒဿမ ၁ သိန်းကျော်ကို တင်ပို့ခဲ့ပြီး စစ်ကောင်စီအတွက် ဒေါ်လာသန်း ၅၀ခန့်ရှာဖွေပေးနိုင်ခဲ့ခြင်းဖြစ်သည်။

ဇူလိုင်လတွင်လည်း ဆန်တန်ချိန် ၅၈၀၀၀ ကျော်တင်ပို့ကာ ဒေါ်လာ ၂၆ သန်းရှာဖွေပေးနိုင်ခဲ့သည်ဟု အသင်းချုပ်ကဆိုသည်။

Public Service Announcement

Public Service Announcement

ဆန်တင်ပို့မှုကို ကုမ္ပဏီ ၃၅ခုက ဆောင်ရွက်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံအပါအဝင် စပိန်၊ ပိုလန်၊ ပေါ်တူဂီ၊ ဘယ်ဂျီယံနိုင်ငံများသို့တင်ပို့ခဲ့သည်ဟုဆိုသည်။

“ပြည်တွင်းမှာ ရာသီဥတုနဲ့ တိုက်ပွဲတွေကြောင့် စပါးမစိုက်နိုင်၊ ဆန်ဈေးတွေတက်နေချိန်မှာ ပြည်ပပို့နေတော့ပြည်တွင်းစားသုံးမှုဖူလုံရေးကို ထိခိုက်စေတာပေါ့။ဒါတွေကို စစ်ဗိုလ်ချုပ်တွေက သိလည်း သူတို့အသက်ဆက်ဖို့ ဒေါ်လာက အရမ်းလိုအပ်နေတာဆိုတော့ မိုက်တွင်းဆက်နက်နေဦးမှာပဲ”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ပြင်ပပေါက်ဈေးတွင် ရွှေဘိုပေါ်ဆန်းတစ်အိမ်ကို ကျပ် တစ်သိန်းခွဲရှိနေပြီး ပေါ်ဆန်းတအိတ်ကို ကျပ် ၁၀၀,၀၀၀မှ ၁၁၀,၀၀၀ အထိ ​ဈေးတက်လာကာ ၊ဆန်ကြမ်းတစ်အိတ်လျှင် ကျပ် ၈၀၀၀၀ကျော်ရှိနေသည်။ ထိုဈေးနှုန်းများသည် အာဏာမသိမ်းခင်က ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဈေး ၃ ဆကျော်အထိ့မြင့်တက်လာခြင်းဖြစ်သည်။

ပြည်တွင်းဆန်ထွက်ရှိမှုလျော့ကျနေသော်လည်း ဆန်စပါးအသင်းချုပ်နှင့်စစ်ကောင်စီပူးပေါင်းကာ ပြည်ပကို ဆန်တင်ပို့နေခြင်းကြောင့် ပြည်တွင်ဆန်ဈေးမြင့်တက်နေခြင်းဖြစ်သည်။

သို့​သော် စစ်​ကောင်စီနှင့် ဆန်အသင်းက ပြည်တွင်း၌ဆန်စပါးဖူလုံသည်ဆိုကာ ပြည်ပသို့တိုးပို့​နေပြီး ဆန်​ဈေးတက်လာလျှင် ဆန်စပါးကုန်သည်များလုပ်ငန်းရှင်များကိုအပြသ်ပုံချ​လေ့ရှိသည်။လတ်တ​လောတွင် ကျပ် နှစ်​သောင်တန်ထုတ်​ဝေ​သော ဂယက်​ကြောင့် ဆန်​ဈေးအပါအဝင်ကုန်​ဈေးနှုန်းများတက်လာရာ ဆန်းအသင်းက လူတစ်ဦးကို

တစ်လလျှင် မှတ်ပုံတင်ပြ ဝယ်ပါက ဆန်နှစ်အိတ်​ရောင်း​ပေးမည်ဟု ​ကြေညာထားသည်။သို့​သော် ဆန်​ဈေးများမှာ ကျမသွားဘဲ ဆက်တိုက်တက်​နေဆဲဖြစ်သည်။

စစ်ကောင်စီနှင့် ဆန်စပါးအသင်းချုပ်တို့က ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပကို ဆန်တန် ၂၂ ဒဿမ ၆ သန်းတင်ပို့ပြီး ဒေါ်လာ သန်း ၈၅၀ရရှိခဲ့သည်။ ယခုဘဏ္ဍာနှစ် ၂၀၂၃-၂၄ တွင်လည်း ဆန်တန်ချိန် ၂သန်းခွဲတင်ပို့ကာ ဒေါ်လာ တစ်ဘီလီယံရရှိရန် ဆိုကာ ပြည်ပသို့ ဆန်များတိုးပို့နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စက်သုံးဆီအခက်အခဲကြောင့် အိမ်အရောက်ပို့စနစ်နဲ့ ဆန်ရောင်းတာကို ဒီနေ့မတ်လ ၁၇ရက်ကစပြီး ရပ်နားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်နှင့်မန္တလေးအပါအဝင် မြို့ကြီးများ၌ အခြေခံစားသောက်ကုန်စည် စီးဆင်းမှုကို စစ်ကောင်စီက ပို၍ တင်းကြပ်လာကြောင်းကုန်သည်နှင့်လုပ်ငန်းရှင်အချို့က လူထုနွေဦးသို့ပြောသည်။

နိုင်ငံတကာ

ထိုင်းရဲ့ ပြည်ပတင်ပို့တဲ့ ဆန်စျေးဟာ ၂ နှစ်အတွင်း အနိမ့်ဆုံး အဆင့်ထိ ကျဆင်းလာတာကြောင့် ထိုင်းဆန်ကုန်သည်တွေအတွက် စိုးရိမ်စရာ ဖြစ်နေပါတယ်။

သတင်း

စစ်ကောင်စီသည် ၂၀၂၄ ဧပြီ ၁ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ ပြည်ပကို ဆန်တန်ချိန် ၁ ဒသမ ၇ သန်းတင်ပို့ခဲပြီး နိုင်ငံခြားငွေ ဒေါ်လာ သန်း ၈၀၀ ကျော်ရရှိထားသည်။