Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကလေးမြို့ပေါ်တွင် စစ်ဆေးရေးလုပ်နေသည့်စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး လေးဦးသေဟုဆို

ယမန့်နေ့(ဩဂုတ် ၃ရက်)နံနက် ၉နာရီခန့်က တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်သားတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး သုံးဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိပြီးနောက် သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

(ကလေးမြို့၌ စစ်တပ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်သည့်ဆန္ဒပြပွဲဖြိုခွင်းရန် ပြင်ဆင်နေသည့် စစ်သားများအား ၂၀၂၁ ဖေဖော်ဝါရီ ၁၂ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ကလေးမြို့၌ စစ်တပ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်သည့်ဆန္ဒပြပွဲဖြိုခွင်းရန် ပြင်ဆင်နေသည့် စစ်သားများအား ၂၀၂၁ ဖေဖော်ဝါရီ ၁၂ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ကလေးမြို့ တောင်ဖီလာရပ်ကွက်ရှိ အထက(၂)ကျောင်းရှေ့၌ စစ်ဆေးရေးလုပ်နေသည့် စစ်ကောင်စီတပ်သားများအား မိုင်းဆွဲတိုက်ခိုက်ရာ လေးဦးသေဆုံးကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

ယမန့်နေ့(ဩဂုတ် ၃ရက်)နံနက် ၉နာရီခန့်က တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်သားတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး သုံးဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိပြီးနောက် သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“မိုင်းကွဲပြီးတော့ သူတို့ထဲက တစ်ယောက်က သေတယ်။ သုံးယောက်က လှုပ်တောင်မလှုပ်နိုင်လို့ အနားကအမှိုက်ကားပေါ်ဆွဲတင်သွားတာတွေ့ လိုက်ရတယ်”ဟု မျက်မြင်သက်သေတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်သားများအား ကလေးမြို့ပေါ်ရှိ ကုတင်(၁၀၀)စစ်ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု ကလေးမြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

သို့သော် စစ်ကောင်စီတပ်သားများသေဆုံးမှုကို People’s Spring က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

စစ်ကောင်စီတပ်သားများက အထက (၂)ကျောင်းရှေ့ရှိ ဂေါက်ကွင်းလမ်း၌ အင်အား ၁၅ဦးခန့်ဖြင့် စစ်ဆေးရေးလုပ်နေစဉ် ကလေးမြို့ပြစစ်ဆင်ရေးအဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား ကျည်ထိမှန် ဒဏ်ရာရခဲ့သည်ဟု မျက်မြင်သက်သေတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။