Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က မတ္တရာတွင် စစ်ကြောင်းထိုးဖျက်ဆီးမှုပြုလုပ်နေသည့်ကြားက တောင်ပြုံးပွဲ ကျင်းပရန်စီစဥ်နေ

မတ္တရာမြို့နယ်သည် မန္တလေးတိုင်းအတွင်း စစ်ကောင်စီကို ခုခံတော်လှန်မှုအားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး မြို့နယ်အရှေ့ခြမ်းနှင့် အနောက်ခြမ်းတွင် စစ်တပ်က စစ်ကြောင်းထိုးဖျက်ဆီးမှုများ ပြုလုပ်နေသည်။

(တောင်ပြုံးပွဲတော်သို့ လာရောက်သူများအား တွေ့ရစဥ်။ ပုံအဟောင်းကို အသုံးပြုထားပါသည်)
(တောင်ပြုံးပွဲတော်သို့ လာရောက်သူများအား တွေ့ရစဥ်။ ပုံအဟောင်းကို အသုံးပြုထားပါသည်)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဖျက်ဆီးမှုများ ပြုလုပ်နေသည့်ကြားက တောင်ပြုံးပွဲတော်ကို ကျင်းပရန်စီစဥ်နေကြောင်း သတင်းရရှိသည်။

မတ္တရာမြို့နယ်၊ ​တောင်ပြုံးကြီးကျေးရွာရှိ တောင်ပြုံးအရှင်နှစ်ပါးပွဲတော်(တောင်ပြုံးပွဲ)ကို လာမည့် သြဂုတ် ၂၄ ရက်မှ ​၃၁ရက်(ဝါခေါင်လပြည့်နေ့)အထိ ကျင်းပသွားမည်ဖြစ်ကြောင်း အဆိုပါပွဲတော်ကျင်းပရေးကော်မတီက ကြေညာထားသည်။

စစ်ကောင်စီသည် ပွဲတော်များကျင်းပပြီး တိုင်းပြည်အေးချမ်းနေသယောင် ဝါဒဖြန့်လေ့ရှိ၍ ပြီးခဲ့သည့် ၂၀၂၂ကလည်း တောင်ပြုံးပွဲတော်ကျင်းပချိန် ပြ​ည်သူများသွားလာခြင်းမပြုရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတိပေးခဲ့ဖူးသည်။

တောင်ပြုံးပွဲသည် ပြည်သူများ၏ ကိုးကွယ်ယုံကြည်မှုနှင့်သက်ဆိုင်သည့်ပွဲတော်ဖြစ်၍ သီးခြားမှတ်ချက်မပြုလိုကြောင်း မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“တော်လှန်ရေးကသူ့အရှိန်နဲ့သူသွားနေတယ်။ စကစက အေးချမ်းသာယာနေပါတယ်ဆိုပြီး လိမ်လည်ဝါဒဖြန့်နေတာတော့ ထုံးစံပဲလေ။ သိပ်ပြီးထည့်မတွက်ဘူး။ ပြည်သူတွေအနေနဲ့ ရိုးရာယုံကြည်မှုတွေလည်း သွားပါ။ ဘာသာရေးယုံကြည်မှု ပွဲလမ်းသဘင်တွေလည်းသွားပါ။ တော်လှန်ရေးကိုလည်းအားစိုက်ပါ။ ကူညီပေးပါ။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

တောင်ပြုံးပွဲတော်နှင့်ပတ်သက်၍ မန္တလေးအခြေစိုက် တော်လှန်ရေးအင်အားစုများက တစ်စုံတရာထုတ်ပြန်ခြင်း မရှိသေးပေ။။

“အခုကို တောင်ပြုံးမှာ လူတိုးနေရပြီ။”ဟု သွားရောက်ခဲ့သူအမျိုးသမီးတစ်ဦးက ပြောသည်။

မတ္တရာမြို့နယ်သည် မန္တလေးတိုင်းအတွင်း စစ်ကောင်စီကို ခုခံတော်လှန်မှုအားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး မြို့နယ်အရှေ့ခြမ်းနှင့် အနောက်ခြမ်းတွင် စစ်တပ်က စစ်ကြောင်းထိုးဖျက်ဆီးမှုများ ပြုလုပ်နေသည်။

ပြီးခဲ့သည့် သြဂုတ် ၉ရက်ကလည်း မတ္တရာမြို့နယ် အနောက်ခြမ်းသို့ ရောက်ရှိနေသော စစ်ကောင်စီတပ်သည် စကျင်ရွာရှိ ကျောက်ပြားစက် စာသင်ကျောင်းအတွင်း ဒေသခံပြည်သူသုံးဦးအား သတ်ဖြတ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook