Connect with us

Hi, what are you looking for?

သတင်း

မင်းတုန်းမြို့ (၅)မိုင်စစ်ဆေးရေးဂိတ်ကို ​တော်လှန်​ရေးအဖွဲ့များတိုက်ခိုက်

မင်းတုန်းမြို့ရှိ စစ်ကောင်စီတပ်၏ (၅)မိုင်စစ်ဆေးရေးဂိတ်ကို သရက်ခရိုင်တပ်ရင်း – ၄ (Eagle Force)၊ လွတ်မြောက်ရေးအင်အားစုစစ်သည်များတပ်ဖွဲ့ (W.O.L.F)နှင့် ကျောင်းသားလက်ရုံးတပ်တော် (SAF) တို့ ပူးပေါင်းပြီး ပြီးခဲ့သည့်ဇူလိုင် ၃၀ ရက်ကလည်း တိုက်ခိုက်ခဲ့သေးသည်။

(ကျောင်းသားလက်ရုံးတပ်တော်(SAF)မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာတွင်တွေ့ရစဥ်-ဓါတ်ပုံ-SAF)
(ကျောင်းသားလက်ရုံးတပ်တော်(SAF)မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာတွင်တွေ့ရစဥ်-ဓါတ်ပုံ-SAF)

မကွေးတိုင်း၊ မင်းတုန်းမြို့ရှိ စစ်ကောင်စီတပ်၏ (၅)မိုင်စစ်ဆေးရေးဂိတ်ကို မဟာမိတ်ညီနောင်များနှင့်အတူ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်းကျောင်းသားလက်ရုံးတပ်တော်(SAF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့(သြဂုတ် ၁၅)ညနေ ၄ နာရီခန့်ကစစ်ကောင်စီတပ်၏ (၅)မိုင်စစ်ဆေးရေးဂိတ်အား နယ်မြေခံတပ်ရင်းတစ်ခုဖြစ်သော သရက်ခရိုင်တပ်ရင်း – ၄ (Eagle Force)၊ လွတ်မြောက်ရေးအင်အားစုစစ်သည်များတပ်ဖွဲ့ (W.O.L.F)နှင့် ကျောင်းသားလက်ရုံးတပ်တော် (SAF)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုတွင် အပြန် အလှန်ပစ်ခတ်မှု ၁ နာရီဝန်းကျင်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်မှ ခြောက်ဦးသေဆုံးသည်ကို မျက်မြင်အတည်ပြုနိုင်ခဲ့ကာ ထိခိုက်ဒဏ်ရာရသူများရှိခဲ့သော်လည်း လက်နက်ချို့ယွင်းမှုကြောင့် သိမ်းပိုက်နိုင်ခြင်းမရှိခဲ့ကြောင်း အသိပေးသည်။

Public Service Announcement
Public Service Announcement

“အဓိကကတော့ RPG ချို့ယွင်းသွားတာပါ။တိုက်ခိုက်ချိန်မှာ စကစအင်အား ၂၀ နဲ့ ၃၀ ကြားရှိနိုင်ပါတယ်။ သူတို့ဘက်က အင်အားတိုးချထားတာပါ”ဟု ကျောင်းသားလက်ရုံးတပ်တော်(SAF)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီတပ်မှမှ စက်လက်၊ ၄၀ မမများ နှင့် ပြန်လည်ပစ်ခတ်မှုများရှိသော်လည်း မိမိတို့ မဟာမိတ်ပူးပေါင်းတပ်များမှ အထိအခိုက်မရှိပြန် လည် ဆုတ်ခွာနိုင်ခဲ့သည်ဟုဆိုသည်။

မင်းတုန်းမြို့ရှိ စစ်ကောင်စီတပ်၏ (၅)မိုင်စစ်ဆေးရေးဂိတ်ကို သရက်ခရိုင်တပ်ရင်း – ၄ (Eagle Force)၊ လွတ်မြောက်ရေးအင်အားစုစစ်သည်များတပ်ဖွဲ့ (W.O.L.F)နှင့် ကျောင်းသားလက်ရုံးတပ်တော် (SAF) တို့ ပူးပေါင်းပြီး ပြီးခဲ့သည့်ဇူလိုင် ၃၀ ရက်ကလည်း တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

တော်လှန်ရေးအဖွဲ့တွေအချင်းချင်းပွတ်တိုက်မှု ပိုများလာတာကို အချိန်မီပြင်ဆင်ဖို့လိုပြီး ဘုံရန်သူ စစ်အာဏာရှင်ကိုမမေ့ဖို့ ကယန်းအမျိုးသားတပ်မတော်(KNA)ဥက္ကဌ ခွန်းဗဟန်းထန်က သတိပေးပြောလိုက်ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။