Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းတုန်းမြို့ (၅)မိုင်စစ်ဆေးရေးဂိတ်ကို ​တော်လှန်​ရေးအဖွဲ့များတိုက်ခိုက်

မင်းတုန်းမြို့ရှိ စစ်ကောင်စီတပ်၏ (၅)မိုင်စစ်ဆေးရေးဂိတ်ကို သရက်ခရိုင်တပ်ရင်း – ၄ (Eagle Force)၊ လွတ်မြောက်ရေးအင်အားစုစစ်သည်များတပ်ဖွဲ့ (W.O.L.F)နှင့် ကျောင်းသားလက်ရုံးတပ်တော် (SAF) တို့ ပူးပေါင်းပြီး ပြီးခဲ့သည့်ဇူလိုင် ၃၀ ရက်ကလည်း တိုက်ခိုက်ခဲ့သေးသည်။

(ကျောင်းသားလက်ရုံးတပ်တော်(SAF)မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာတွင်တွေ့ရစဥ်-ဓါတ်ပုံ-SAF)
(ကျောင်းသားလက်ရုံးတပ်တော်(SAF)မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာတွင်တွေ့ရစဥ်-ဓါတ်ပုံ-SAF)

မကွေးတိုင်း၊ မင်းတုန်းမြို့ရှိ စစ်ကောင်စီတပ်၏ (၅)မိုင်စစ်ဆေးရေးဂိတ်ကို မဟာမိတ်ညီနောင်များနှင့်အတူ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်းကျောင်းသားလက်ရုံးတပ်တော်(SAF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့(သြဂုတ် ၁၅)ညနေ ၄ နာရီခန့်ကစစ်ကောင်စီတပ်၏ (၅)မိုင်စစ်ဆေးရေးဂိတ်အား နယ်မြေခံတပ်ရင်းတစ်ခုဖြစ်သော သရက်ခရိုင်တပ်ရင်း – ၄ (Eagle Force)၊ လွတ်မြောက်ရေးအင်အားစုစစ်သည်များတပ်ဖွဲ့ (W.O.L.F)နှင့် ကျောင်းသားလက်ရုံးတပ်တော် (SAF)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုတွင် အပြန် အလှန်ပစ်ခတ်မှု ၁ နာရီဝန်းကျင်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်မှ ခြောက်ဦးသေဆုံးသည်ကို မျက်မြင်အတည်ပြုနိုင်ခဲ့ကာ ထိခိုက်ဒဏ်ရာရသူများရှိခဲ့သော်လည်း လက်နက်ချို့ယွင်းမှုကြောင့် သိမ်းပိုက်နိုင်ခြင်းမရှိခဲ့ကြောင်း အသိပေးသည်။

Public Service Announcement
Public Service Announcement

“အဓိကကတော့ RPG ချို့ယွင်းသွားတာပါ။တိုက်ခိုက်ချိန်မှာ စကစအင်အား ၂၀ နဲ့ ၃၀ ကြားရှိနိုင်ပါတယ်။ သူတို့ဘက်က အင်အားတိုးချထားတာပါ”ဟု ကျောင်းသားလက်ရုံးတပ်တော်(SAF)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီတပ်မှမှ စက်လက်၊ ၄၀ မမများ နှင့် ပြန်လည်ပစ်ခတ်မှုများရှိသော်လည်း မိမိတို့ မဟာမိတ်ပူးပေါင်းတပ်များမှ အထိအခိုက်မရှိပြန် လည် ဆုတ်ခွာနိုင်ခဲ့သည်ဟုဆိုသည်။

မင်းတုန်းမြို့ရှိ စစ်ကောင်စီတပ်၏ (၅)မိုင်စစ်ဆေးရေးဂိတ်ကို သရက်ခရိုင်တပ်ရင်း – ၄ (Eagle Force)၊ လွတ်မြောက်ရေးအင်အားစုစစ်သည်များတပ်ဖွဲ့ (W.O.L.F)နှင့် ကျောင်းသားလက်ရုံးတပ်တော် (SAF) တို့ ပူးပေါင်းပြီး ပြီးခဲ့သည့်ဇူလိုင် ၃၀ ရက်ကလည်း တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။