Connect with us

Hi, what are you looking for?

သတင်း

မင်းတုန်းမြို့ရှိ စစ်တပ် စစ်ဆေးရေးဂိတ်နှစ်ခုကို တော်လှန်ရေးပူးပေါင်းအဖွဲ့ ပစ်ခတ်တိုက်ခိုက်

ယမန်နေ့(ဇူလိုင် ၃၀) နံနက် ၆နာရီခန့်က မင်းတုန်းမြို့၊ ဗူးတောင်းကျေးရွာအနီးရှိ မင်းတုန်းတံတား (ကန်လည်တံတား)ဂိတ်နှင့် (၅)မိုင်စစ်ဆေးရေးဂိတ်တို့ကို ဒရုန်း၊ (၄၀) မမများအပါအဝင် လက်နက်ငယ်များဖြင့် စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(ကျောင်းသားလက်ရုံးတပ်တော်(SAF)မှ ရှေ့တန်းရောက်ရဲဘော်အချို့အားတွေ့ရစဥ်။ဓာတ်ပုံ - SAF)
(ကျောင်းသားလက်ရုံးတပ်တော်(SAF)မှ ရှေ့တန်းရောက်ရဲဘော်အချို့အားတွေ့ရစဥ်။ဓာတ်ပုံ - SAF)

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်ရှိ စစ်ကောင်စီ၏ မင်းတုန်းတံတားဂိတ်နှင့် (၅)မိုင်စစ်ဆေးရေးဂိတ်တို့ကို တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ကျောင်းသားလက်ရုံးတပ်တော်(SAF)က ယနေ့(ဇူလိုင် ၃၁)အသိပေး ထုတ်ပြန်သည်။

ယမန်နေ့(ဇူလိုင် ၃၀) နံနက် ၆နာရီခန့်က မင်းတုန်းမြို့၊ ဗူးတောင်းကျေးရွာအနီးရှိ မင်းတုန်းတံတား (ကန်လည်တံတား)ဂိတ်နှင့် (၅)မိုင်စစ်ဆေးရေးဂိတ်တို့ကို ဒရုန်း၊ (၄၀) မမများအပါအဝင် လက်နက်ငယ်များဖြင့် စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ရန်သူအင်အားက ဂိတ် နှစ်ခုပေါင်း ၄၀ဝန်းကျင်ရှိပါတယ်။ တိုက်ခိုက်ချိန် နာရီဝက်ကြာမြင့်ပါတယ်။ နောက်ဆက်တွဲကတော့ ထိခိုက်မှုရှိတယ်လို့ပဲ သိရပါတယ်။ အသေးစိတ်မသိရသေးပါ” ဟု ကျောင်းသားလက်ရုံးတပ်တော်(SAF)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

အထက်ပါတိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အတိ အကျမသိရသေးဘဲ စုံစမ်းဆဲဖြစ်ကြောင်း၊ တိုက် ခိုက်မှုတွင် ပြန်လည်ပစ်ခတ်မှုများရှိသော်လည်း ပူးပေါင်းတပ်မှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း SAF က အသိပေးသည်။

Public Service Announcement

Public Service Announcement

အထက်ပါ စစ်ရေးတိုက်ခိုက်မှုများကို နယ်မြေခံတပ်ရင်းတစ်ခုဖြစ်သည့် အမှတ် (၁) စစ်ဒေသ သရက်ခရိုင် အမှတ်(၄)တပ်ရင်း၊ ကျောင်းသားလက်ရုံးတပ်တော်(SAF)နှင့် လွတ်မြောက်ရေးအင်အားစု စစ်သည်တော်များတပ်ဖွဲ့(WOLF)တို့ ပူးပေါင်းဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဆွေးနွေးပွဲမတိုင်မီ RCSS ထိန်းသိမ်းထားတဲ့ ပအိုဝ်း PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစု ၇၈ဦးကို စစ်တပ်ထံ လွှဲပေးခဲ့

Facebook