Connect with us

Hi, what are you looking for?

သတင်း

ဖရူဆိုမြို့ရှိ”သနားခြင်းမယ်တော်”ဘုရားကျောင်းစစ်ကောင်စီ လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်

ထီးသော်ကူးကျေးရွာရှိ ဘုရားကျောင်းအား စစ်ကောင်စီက ဩဂုတ် ၁၂ ရက် ည ၈နာရီခန့်က တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

(ဖရူဆိုမြို့ရှိ "သနားခြင်းမယ်တော်" ဘုရားကျောင်းအား စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
(ဖရူဆိုမြို့ရှိ "သနားခြင်းမယ်တော်" ဘုရားကျောင်းအား စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့ရှိ”သနားခြင်းမယ်တော်” ဘုရားကျောင်းအား စစ်ကောင်စီက အကြောင်းမဲ့ လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့ ထုတ်ပြန်သည်။

ထီးသော်ကူးကျေးရွာရှိ ဘုရားကျောင်းအား စစ်ကောင်စီက ဩဂုတ် ၁၂ ရက် ည ၈နာရီခန့်က တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

(ဖရူဆိုမြို့ရှိ "သနားခြင်းမယ်တော်" ဘုရားကျောင်းအား စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
(ဖရူဆိုမြို့ရှိ “သနားခြင်းမယ်တော်” ဘုရားကျောင်းအား စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – KNDF)

ထီးသော်ကူးကျေးရွာအနီး စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်များအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအပြီး တိုက်ပွဲပြန်လည်ငြိမ်သက်ချိန်တွင် စစ်ကောင်စီက တိုက်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသောကျေးရွာအတွင်းရှိ “သနားခြင်းမယ်တော်” ဘုရားကျောင်းအား တိုက်လေယာဥ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဘုရားကျောင်းအဆောက်အဦအပြင်ဘုရားကျောင်းဝန်းအတွင်းရှိ အခြားအဆောက်အဦများအပါအဝင် ခြံစည်းရိုးအုတ်တံတိုင်းများလည်း ထိခိုက်ပျက်စီးခဲ့သည်။

မြေပြင်စစ်ရေးအခြေနေအရ ယခုအချိန်မှသာ မှတ်တမ်းယူထုတ်ပြန်ပေးရခြင်းဟု KNDF က အသိပေးသည်။

Public Service Announcement

Public Service Announcement

(ဖရူဆိုမြို့ရှိ "သနားခြင်းမယ်တော်" ဘုရားကျောင်းအား စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
(ဖရူဆိုမြို့ရှိ “သနားခြင်းမယ်တော်” ဘုရားကျောင်းအား စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – KNDF)

“အခုမှ မဟုတ်ဘူးလေ။အရင်ကတည်းကလည်း လူထုနေအိမ်တွေနဲ့ ဘာသာရေးအဆောက်အဦးတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ စစ်ကောင်စီက ဖျက်ဆီးခဲ့တာပဲ။အခုကလည်း သူတို့ ဒီလိုတွေ ဆက်လုပ်နေဆဲဆိုတာ မှတ်တမ်းတင် ထုတ်ပြန်တာမျိုးပဲ။နောက်တစ်ခုက အခု ဖရူဆို -ဒီးမော့ဆို လမ်းပိုင်းတိုက်ပွဲကလည်း ခဏရပ်နေတဲ့သဘောပဲ။စစ်ကောင်စီဘက်က ထိုးစစ်ပြန်စတာနဲ့ တိုက်ပွဲ ပြန်ဖြစ်လာမှာပဲ”ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

(ဖရူဆိုမြို့ရှိ "သနားခြင်းမယ်တော်" ဘုရားကျောင်းအား စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
(ဖရူဆိုမြို့ရှိ “သနားခြင်းမယ်တော်” ဘုရားကျောင်းအား စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – KNDF)

ဒီးမော့ဆို – ဖရူဆို ပြည်ထောင်စုလမ်းမကြီးပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ တပ်မ (၅၅) လက်အောက်ခံတပ်ရင်းများနှင့် ကရင်နီပူးပေါင်းတပ်များအကြား သြဂုတ် ၂ရက် မှစ၍ ၁၄ရက်အထိ ထွေလီဗီလာကျေးရွာ ၊ ငွေတောင်ရွာသစ်ကျေးရွာ ၊ ကဒါးလားကျေးရွာ ၊ ထီးသော်ကူး ကျေးရွာများ တစ်လျှောက်တွင် ထိတွေ့တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားခဲ့သော နေရာများတွင် လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်ကာ အချိန်မရွေးထိတွေ့မှုဖြစ်နိုင်၍ ပြည်သူများအနေဖြင့် ဒီးမော့ဆို-ဖရူဆို လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားခြင်းမပြုလုပ်ရန်နှင့် စစ်ရေးသတိရှိစွာသွားလာနေထိုင်ပေးကြရန် KNDF တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းက ဘုရားကျောင်း တစ်ခုမှာ လူတွေ အထိတ်တလန့် စုပြုံတိုးဝှေ့ပြီး ပိမိနင်းမိကြလို့ ၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး တစ်ဒါဇင်ကျော် ဒဏ်ရာရခဲ့ပါတယ်။

Facebook