Connect with us

Hi, what are you looking for?

သတင်း

ဖရူဆိုမြို့နယ် တိုက်ပွဲ စစ်​​ကောင်စီတပ်ထံမှလက်နက်ခဲယမ်းများကို ကရင်နီပူး​ပေါင်းတပ်များထပ်မံသိမ်းဆည်းရရှိ

သြဂုတ် (၁၂ ရက်)က ဖရူဆိုမြို့နယ်၊ ထီးသော်ကူးကျေးရွာအနီး၌ စစ်​ကောင်စီတပ်စွဲထား​သော​နေရာကို ကရင်နီပူး​ပေါင်းတပ်က ဝင်​ရောက်တိုက်ခိုက်ပြီး တစ်နာရီခန့်ကြာတိုက်ပွဲ ဖြစ်ပွား ခဲ့​ကြောင်းသိရသည်။

(ဖရူဆိုမြို့နယ်နှင့် ဖရူဆို-ဒီး​မော့ဆို လမ်း​ပေါ်တွင်ဖြစ်ပွား​သောတိုက်ပွဲများ၌ စစ်​ကောင်စီတပ်ထံမှ ကရင်နီတပ်​ပေါင်းစုထပ်မံသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-CJ)
(ဖရူဆိုမြို့နယ်နှင့် ဖရူဆို-ဒီး​မော့ဆို လမ်း​ပေါ်တွင်ဖြစ်ပွား​သောတိုက်ပွဲများ၌ စစ်​ကောင်စီတပ်ထံမှ ကရင်နီတပ်​ပေါင်းစုထပ်မံသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-CJ)

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်တိုက်ပွဲ တွင် စစ်ကောင်စီတပ် အထိနာပြီးစစ်တပ်ထံမှ လက်နက်ခဲယမ်းများ ထပ်မံသိမ်း ဆည်းရရှိခဲ့​ကြောင်းကရင်နီ တော်လှန်​ရေးအင်အားစုများက​ပြောသည်။

သြဂုတ် (၁၂ ရက်)က ဖရူဆိုမြို့နယ်၊ ထီးသော်ကူးကျေးရွာအနီး၌ စစ်​ကောင်စီတပ်စွဲထား​သော​နေရာကို ကရင်နီပူး​ပေါင်းတပ်က ဝင်​ရောက်တိုက်ခိုက်ပြီး တစ်နာရီခန့်ကြာတိုက်ပွဲ ဖြစ်ပွား ခဲ့​ကြောင်းသိရသည်။

(ဖရူဆိုမြို့နယ်နှင့် ဖရူဆို-ဒီး​မော့ဆို လမ်း​ပေါ်တွင်ဖြစ်ပွား​သောတိုက်ပွဲများ၌ စစ်​ကောင်စီတပ်ထံမှ ကရင်နီတပ်​ပေါင်းစုထပ်မံသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-CJ)
(ဖရူဆိုမြို့နယ်နှင့် ဖရူဆို-ဒီး​မော့ဆို လမ်း​ပေါ်တွင်ဖြစ်ပွား​သောတိုက်ပွဲများ၌ စစ်​ကောင်စီတပ်ထံမှ ကရင်နီတပ်​ပေါင်းစုထပ်မံသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-CJ)

“အဲဒါ က အခု ဒီးမော့ဆို-ဖရူဆို လမ်းပိုင်း နဲ့ ဆက်စပ် တဲ့တိုက်ပွဲလို့ ပြောလို့ရတယ်။မနေ့က ညနေ ၆ နာရီလောက်က ဖြစ်တာ။သူတို့တပ်စွဲတဲ့နေရာကို ဝင်တိုက် တာ။လေယာဥ်ပစ်ကူလာလို့ စကစ ဘက်က သေတဲ့သူအသေးစိတ်တော့ မသိရပေမယ့် လက်နက်တွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေရခဲ့တယ်”ဟု ကရင်နီပူး ပေါင်းတပ်ဖွဲ့မှ တာဝန်ရှိသူက People’s Spring သို့ပြောသည်။

ထို့အပြင်သြဂုတ်လ ၅ ရက်က ဖားဆောင်း နှင့် မယ်စဲ့မြို့ကြားရှိ ကျောက်စုရွာတိုက်ပွဲ တွင် စစ်​ကောင်စီတပ်အထိနာခဲ့ပြီးလက်နက်များ၊ခဲယမ်းများ ထောင်နှင့်ချီ သိမ်း ဆည်းနိုင်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အတူ သြဂုတ် ၁၀ ရက်က ဒီးမော့ဆို မြို့နယ်တွင်ဖြစ်ပွား​​သော တိုက်ပွဲတွင်လည်း လက်နက်များနှင့် ကျည်၊ခဲယမ်းများစွာကို ကရင်နီတပ်ပေါင်းစုက ထပ်မံသိမ်းဆည်းရရှိခဲ့ပြန်သည်။

သြဂုတ် ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ဖြစ်ပွား​သောတိုက်ပွဲများတွင် စစ်​ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းနှင့် ခြင်းကြားများ ဖိုးဝီးကား ၂ စီး​ကျော်စာ သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်​ကြောင်း ​ဒေသတွင်းစစ်​ရေးရင်းမြစ်တစ်ဦးက​ပြောသည်။

(ဖရူဆိုမြို့နယ်နှင့် ဖရူဆို-ဒီး​မော့ဆို လမ်း​ပေါ်တွင်ဖြစ်ပွား​သောတိုက်ပွဲများ၌ စစ်​ကောင်စီတပ်ထံမှ ကရင်နီတပ်​ပေါင်းစုထပ်မံသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-CJ)
(ဖရူဆိုမြို့နယ်နှင့် ဖရူဆို-ဒီး​မော့ဆို လမ်း​ပေါ်တွင်ဖြစ်ပွား​သောတိုက်ပွဲများ၌ စစ်​ကောင်စီတပ်ထံမှ ကရင်နီတပ်​ပေါင်းစုထပ်မံသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-CJ)

အခြားသတင်းတစ်ရပ်တွင် နေ့စဥ် တိုက်ပွဲဖြစ်ပွားနေသည့် ဒီးမော့ဆို -ဖရူဆို မြို့နယ်ကြား တိုက်ပွဲ၌ တပ်ရင်း ၄ မှ ရဲဘော် ၀င်းမောင်(ခ)ဆီမိုးနယ် သည် ယခုလ ၉ ရက်က ဖရူဆိုမြို့နယ်၊ကဒါးလားတိုက်ပွဲတွင် ကျဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ယနေ့ ထုတ်ပြန်ထားသည်။

“ကဒါးလားကလည်း ထီးပေါ်ဆို ကျေးရွာအုပ်စုထဲမှာပဲ မနေ့က ကရင်နီပူးပေါင်းတပ်တွေ ဝင်တိုက်ခဲ့တဲ့ ထီးသော်ကူးနဲ့လည်း ဆက်နေတာလေ။အဲဒီဘက်တိုက်ပွဲ ကနေ့စဥ်လိုလို ဖြစ်နေတာ။ပြီးတော့ လေယာဥ်ကလည်း ဒီနေ့လည်း ကျဲတာရှိတယ်”ဟု ကရင်နီစစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

စစ်ကောင်စီကမယ်စဲ့မြို့နယ်ကို ပြန်လည်သိမ်းပိုက်နိုင်ရေး အပါအဝင် ကယားပြည်နယ်ရှိ အဓိက လမ်းမကြီး များဖြစ်သော ဖယ်ခုံ-လွိုင်ကော်၊ဆီဆိုင်-လွိုင်ကော် နှင့် ဒီးမော့ဆို -ဖရူဆို ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်နိုင်ရေး စစ်အင်အားများတိုး၍ တိုက်ခိုက်​နေသည်။သို့​သော် တိုက်ပွဲအများစုတွင် စစ်​ကောင်စီတပ် ​သေဆုံးထိခိုက်မှုများပြီးလက်နက်ခဲယမ်းများစွာကိုလည်း ကရင်နီပူး​ပေါင်းတပ်များက ဆက်တိုက်သိမ်းပိုက်ရရှိ​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။