Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး နိုင်ငံရေးနှင့်စစ်ရေးကို ဟန်ချက်ညီ လျှောက်လှမ်းနိုင်ရန်လိုဟု ယာယီသမ္မတပြော

လူထုတော်လှန်ရေးကို ဦးဆောင်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူများအနေဖြင့်လည်း လူထုနှင့်တစ်သားတည်း နေထိုင်ကြရန် မှာကြားခဲ့ပြီး လူထုကို ဦးဆောင်ရာ၌ ဖြောင့်ဖြောင့်မတ်မတ် ရှိကြရန်လည်း ယာယီသမ္မတက သတိပေး တိုက်တွန်းသည်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး နိုင်ငံရေးနှင့်စစ်ရေးကို ဟန်ချက်ညီ လျှောက်လှမ်းနိုင်ရန်လိုဟု ယာယီသမ္မတပြော
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး နိုင်ငံရေးနှင့်စစ်ရေးကို ဟန်ချက်ညီ လျှောက်လှမ်းနိုင်ရန်လိုဟု ယာယီသမ္မတပြော

“လက်တွေ့ကျတဲ့ တော်လှန်ရေးအောင်ပွဲရလဒ် တွေကို လူထုထံ အပ်နှံဖို့ လိုအပ်ပါတယ်”

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် နိုင်ငံရေးနည်းနှင့် စစ်ရေးနည်းကို ညီညီညွတ်ညွတ် လျှောက်လှန်းနိုင်ရန်လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

ယနေ့ (ဩဂုတ် ၂၂ရက်) ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့အစည်းအဝေး၌ ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

နွေဦးတော်လှန်ရေးသည် လက်နက်ကိုင်လမ်းစဉ်တစ်ခုတည်းကို ကိုင်စွဲလျှောက်လှမ်းနေခြင်းမဟုတ်ဘဲ နိုင်ငံရေးနည်းကိုလည်း လူထုတိုက်ပွဲ အခြေခံမဟာဗျူဟာနှင့် ကျယ်ကျယ်ပြန့် ပြန့် လျှောက်လှမ်းနေခြင်းဖြစ်ကြောင်း ယာယီသမ္မတက ပြောသည်။

“ကျွန်တော်တို့အနေနဲ့ လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲကို ဘယ်ဘက်ခြေထောက်နဲ့ ညာဘက် ခြေထောက်ကဲ့သို့ မှတ်ယူဖို့ လိုပါတယ်။ ဒီသဘောတရားကို ကျွန်တော့်အနေနဲ့ ကနဦးကာလတွေကတည်းက အစိုးရအဖွဲ့ အစည်းအဝေးတွေမှာ ကြိုကြား ကြိုကြား ပြောကြားခဲ့တာရှိပါတယ်။ လူထုတိုက်ပွဲဟာ နိုင်ငံရေးနည်းအားဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျှောက်လှမ်းရတဲ့ ဘယ်ဘက်ခြေထောက်ဖြစ်ပြီး လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကတော့ စစ်ရေးနည်းအားဖြင့် နက်နက်နဲနဲ့ အသုံးပြုရတဲ့ ညာဘက်ခြေထောက်ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးမှာ ဘယ်ခြေနဲ့ ညာခြေကို အညီအညွတ် လျှောက်လှမ်းနိုင်မှ ဖြစ်ပါလိမ့်မယ်”ဟု ယာယီသမ္မတက ပြောသည်။

Public Service Announcement

Public Service Announcement

လူထုတော်လှန်ရေးလမ်းစဉ်နှင့် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ် သီးခြားဖြစ်နေ၍ မရဘဲ သိမ်မွေ့စွာ ပေါင်းစပ်ရန် အထူးလိုအပ်သည်ဟုလည်း ၎င်းကဆိုသည်။

“လူထုတိုက်ပွဲဖြစ်တဲ့ နိုင်ငံရေးနည်းနဲ့ ခုခံတော်လှန်စစ်ဖြစ်တဲ့ လက်ကိုင်တိုက်ပွဲဟာ ရန်ဖက်တွေ မဟုတ်ပါဘူး ၊မိတ်ဖက်တွေဖြစ်ကြောင်း နားလည်ဖို့ လိုပါတယ်။ လူထုတိုက်ပွဲဟာ စစ်ရေးခုခံမှုကို အထောက်အကူပြုရမှာ ဖြစ်သလို၊ လက်နက်ကိုင်တိုက်ပွဲကလည်း လူထုတော်လှန်ရေးကို အထောက်အကူပြုရမှာ ဖြစ်ပါတယ်။ ဒီလို ပေါင်းစပ်နိုင်မှုဟာ အင်မတန် အရေးကြီးကြောင်း ပြောချင်ပါတယ်”ဟု ယာယီသမ္မတက ပြောကြားသည်။

လူထုတော်လှန်ရေးကို ဦးဆောင်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူများအနေဖြင့်လည်း လူထုနှင့်တစ်သားတည်း နေထိုင်ကြရန် မှာကြားခဲ့ပြီး လူထုကို ဦးဆောင်ရာ၌ ဖြောင့်ဖြောင့်မတ်မတ် ရှိကြရန်လည်း ယာယီသမ္မတက သတိပေး တိုက်တွန်းသည်။

“လက်တွေ့ကျတဲ့ တော်လှန်ရေးအောင်ပွဲရလဒ်တွေကို လူထုထံ အပ်နှံဖို့ လိုအပ်ပါတယ်။ လူထုနဲ့ မကင်းကွာတဲ့ တော်လှန်ရေးကသာလျှင် အောင်ပွဲရလဒ်ကို အမှန်တကယ် ဆောင်ကြဉ်းပေးနိုင်တာ”ဟု ယာယီသမ္မတက ပြောသည်။

နွေဦးတော်လှန်ရေး (၂)နှစ်ကျော် (၃)နှစ်အတွင်းရောက်ရှိလာပြီဖြစ်ပြီး အထူးအလေးထားရမည့်ကိစ္စများအနက် ပထမဆုံးအချက်မှာ လူထုထောက်ခံမှု ဖြစ်ကြောင်း အသိပေးသည်။

ထို့အပြင် လူထုထောက်ခံမှုကို အစဉ်အမြဲ ရနေရန်အတွက် အလုပ်နှင့် သက်သေပြကြရမည်ဟု ပြောသည်။

“နောက်ထပ် ဒုတိယအနေနဲ့ အရေးကြီးတာကတော့ မဟာမိတ်စုဖွဲ့နိုင်မှုဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးမှာ ကျွန်တော်တို့ဟာ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ မဟာမိတ်ဆက်ဆံရေးကို ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အပေါ် အခြေခံပြီး စနစ်တကျ တည်ဆောက်ထားပါတယ်။ ဒါကို ပိုပြီး စည်းနှောင်အားကောင်းတဲ့ မဟာမိတ်ဆက်ဆံရေး ဖြစ်ထွန်းအောင် လုပ်ဆောင်ထားဖို့ လိုအပ်ပါတယ်။ ခုခံတော်လှန်စစ်အောင်ပွဲဟာ စစ်ရေးအရ မဟာမိတ်စုဖွဲ့နိုင်မှုအပေါ်မှာ အများကြီး မူတည်နေတယ်လို့ ပြောချင်ပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံဟာ စစ်ရေးပဋိပက္ခနဲ့ ကူးစက်ရောဂါဆိုး တပြိုင်နက် ထိုးနှက်တဲ့ဒဏ်ကို ကြုံတွေ့နေရပြီလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောကြားခဲ့ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)မှာ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားပြီး အဲဒီ ကော်မတီမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့က စစ်ရေးခေါင်းဆောင် ၂ဦးစီ စုစုပေါင်း ၁၀ဦး ပါဝင်တယ်လို့ SCEF အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။