Connect with us

Hi, what are you looking for?

သတင်း

အကြမ်းဖက်အဖွဲ့ကို ပြည်သူကပိုသိဟု KIA တာဝန်ရှိသူက စစ်ကောင်စီ၏ ပြောဆိုချက်အပေါ် တုံ့ပြန်

စစ်ကောင်စီက ယမန်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက “ အကြမ်းဖက်သမားတွေနဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း လျှောက်လှမ်းဖို့ မရှိပါဘူး”ဟု ပြောကြားခဲ့သည်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ပြည်သူများအနေဖြင့် မည်သည့်အဖွဲ့က အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည်ဆိုသည်ကို ပိုမိုသိရှိကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

စစ်ကောင်စီက ယမန်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက “ အကြမ်းဖက်သမားတွေနဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း လျှောက်လှမ်းဖို့ မရှိပါဘူး”ဟု ပြောကြားခဲ့သည်။

စစ်ကောင်စီက ပြည်သူလူထုကိုပစ်မှတ်ထား တိုက်ခိုက်သည့် အကြမ်းဖက်လုပ်ရပ်များစွာ ကျူးလွန်ခဲ့သော်လည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် တိုင်းရင်းသားအဖွဲ့အစည်းများကို အကြမ်းဖက်အဖွဲ့ဟု စွပ်စွဲပြောဆိုနေခြင်းဖြစ်သည်။

ယင်းနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “မနေ့က နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ အကြမ်းဖျက်အဖွဲ့ နဲ့ နိုင်ငံရေး မဆွေးနွေးဘူးလို့ပြောသွားတယ်၊ မှန်ပါတယ် မဆွေးနွေးတာကောင်းပါတယ်။ဘယ်အဖွဲ့က အကြမ်းဖျက်အဖွဲ့ ဆိုတာပြည်သူလူထုပဲပိုသိမှာပါ”ဟု ၎င်း၏ Facebook တွင် ယနေ့ ရေးသားဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီအနေဖြင့် ပြည်သူလူထုကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊ ဒေသအသီးသီး၌ ပြည်သူလူထုများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ အရှင်လတ်လတ်မီးရှို့ခြင်း၊ ပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို လုယက်ယူဆောင်ခြင်းစသည်တို့ကို ပုံစံမျိုးစုံဖြင့် ကျူးလွန်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ အာဏာသိမ်းစစ်တပ် ပူးပေါင်းတပ်နဲ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

နိုင်ငံတကာ

အီရန်ကသာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံရတဲ့ နစ်နာသူ ဖြစ်နေတာလို့ အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းက ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောကြားသွားပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တုံ့ပြန်လိုက်ပါတယ်။

သတင်း

တဦးတည်းသင်္ဘော ၄စီးထိဆုံးရှုံးရသူများရှိပြီး သင်္ဘောတစီး ကျပ်သိန်းရှစ်ထောင်မှသိန်းနှစ်သောင်းထိရှိကာ ​နွေဦး​တော်လှန်​ရေးရဲအရင်းအနှီးဟု အသိ​ပေး

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook