Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အကြမ်းဖက်အဖွဲ့ကို ပြည်သူကပိုသိဟု KIA တာဝန်ရှိသူက စစ်ကောင်စီ၏ ပြောဆိုချက်အပေါ် တုံ့ပြန်

စစ်ကောင်စီက ယမန်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက “ အကြမ်းဖက်သမားတွေနဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း လျှောက်လှမ်းဖို့ မရှိပါဘူး”ဟု ပြောကြားခဲ့သည်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ပြည်သူများအနေဖြင့် မည်သည့်အဖွဲ့က အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည်ဆိုသည်ကို ပိုမိုသိရှိကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

စစ်ကောင်စီက ယမန်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက “ အကြမ်းဖက်သမားတွေနဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း လျှောက်လှမ်းဖို့ မရှိပါဘူး”ဟု ပြောကြားခဲ့သည်။

စစ်ကောင်စီက ပြည်သူလူထုကိုပစ်မှတ်ထား တိုက်ခိုက်သည့် အကြမ်းဖက်လုပ်ရပ်များစွာ ကျူးလွန်ခဲ့သော်လည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် တိုင်းရင်းသားအဖွဲ့အစည်းများကို အကြမ်းဖက်အဖွဲ့ဟု စွပ်စွဲပြောဆိုနေခြင်းဖြစ်သည်။

ယင်းနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “မနေ့က နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ အကြမ်းဖျက်အဖွဲ့ နဲ့ နိုင်ငံရေး မဆွေးနွေးဘူးလို့ပြောသွားတယ်၊ မှန်ပါတယ် မဆွေးနွေးတာကောင်းပါတယ်။ဘယ်အဖွဲ့က အကြမ်းဖျက်အဖွဲ့ ဆိုတာပြည်သူလူထုပဲပိုသိမှာပါ”ဟု ၎င်း၏ Facebook တွင် ယနေ့ ရေးသားဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီအနေဖြင့် ပြည်သူလူထုကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊ ဒေသအသီးသီး၌ ပြည်သူလူထုများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ အရှင်လတ်လတ်မီးရှို့ခြင်း၊ ပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို လုယက်ယူဆောင်ခြင်းစသည်တို့ကို ပုံစံမျိုးစုံဖြင့် ကျူးလွန်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။