Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းပြည်သူတွေရဲ့ ဘဝကို မြှင့်တင်ပေးဖို့ ကြိုးစားသွားမယ်လို့ ထိုင်းဝန်ကြီးချုပ်သစ်ပြော

ထိုင်းနိုင်ငံရဲ့ အယောက် ၃၀ မြောက် ဝန်ကြီးချုပ် ဖြစ်ခွင့် ရလာတဲ့အတွက် အရမ်း ဂုဏ်ယူသလို ပြည်သူတွေ၊ လွှတ်တော်မှာ မဲပေးခဲ့ကြတဲ့ နိုင်ငံရေး မဟာမိတ် အင်အားစုတွေနဲ့ ကိုယ်စားလှယ် အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ဆရက်သာက ပြောပါတယ်။

ထိုင်းပြည်သူတွေရဲ့ ဘဝကို မြှင့်တင်ပေးဖို့ ကြိုးစားသွားမယ်လို့ ထိုင်းဝန်ကြီးချုပ်သစ်ပြော
ထိုင်းပြည်သူတွေရဲ့ ဘဝကို မြှင့်တင်ပေးဖို့ ကြိုးစားသွားမယ်လို့ ထိုင်းဝန်ကြီးချုပ်သစ်ပြော

နိုင်ငံကို ဦးဆောင်ချိန်မှာ သူ့ရဲ့ အကြီးမားဆုံး ရည်မှန်းချက်က ထိုင်းပြည်သူတွေရဲ့ ဘဝကို မြှင့်တင်ပေးနိုင်ရေး ဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ်သစ် ဖြစ်လာတဲ့ ဆရက်သာ သာဗီဆန်က ပြောပါတယ်။

ဖျူထိုင်း (PTP) ပါတီကို ကိုယ်စားပြုတဲ့ အသက် ၆၀ အရွယ် အိမ်ခြံမြေ လုပ်ငန်းရှင် သူဌေးကြီးဟာ ဩဂုတ် ၂၂ ရက်က ထိုင်းလွှတ်တော် မဲပေး ရွေးချယ်မှုတွေမှာ ဝန်ကြီးချုပ်အဖြစ် တင်မြှောက် ခံခဲ့ရပါတယ်။ PTPဟာ အရင်က ခါးသီးပြိုင်ဘက်တွေ ဖြစ်ခဲ့တဲ့ ကွန်ဆာဗေးတစ်တွေ၊ ထိုင်းစစ်တပ် အားပေးတဲ့ ပါတီတွေနဲ့ မဟာမိတ်အဖြစ် ပူးပေါင်းပြီး ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းဖို့ သဘောတူခဲ့တဲ့နောက် ဆရက်သာဟာ နိုင်ငံရဲ့ အယောက် ၃၀ မြောက် ဝန်ကြီးချုပ် ဖြစ်လာဖို့ လုံလောက်တဲ့ လွှတ်တော် ထောက်ခံမဲ အရေအတွက်ကို စုစည်းယူနိုင်ခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ အယောက် ၃၀ မြောက် ဝန်ကြီးချုပ် ဖြစ်ခွင့် ရလာတဲ့အတွက် အရမ်း ဂုဏ်ယူသလို ပြည်သူတွေ၊ လွှတ်တော်မှာ မဲပေးခဲ့ကြတဲ့ နိုင်ငံရေး မဟာမိတ် အင်အားစုတွေနဲ့ ကိုယ်စားလှယ် အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ဆရက်သာက ပြောပါတယ်။

သူဟာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူနေချိန် အတောအတွင်း ထိုင်းပြည်သူတွေရဲ့ ဘဝ တိုးတက် ကောင်းမွန်ရေးအတွက် မမောစတမ်း အပတ်တကုတ် ကြိုးပမ်းသွားမယ်လို့လည်း ဆရက်သာ ကတိပြုသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သတင်းထောက်တွေက ဆရက်သာ အနေနဲ့ ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်ဖို့ အသင့်ရှိနေသလားလို့ မေးမြန်းတဲ့အခါ သူက လက်သီးကို မြှောက်ရင်း ‘အသင့်ပဲ’လို့ ယုံကြည်ချက်ရှိရှိ တုံ့ပြန်ခဲ့ပါတယ်။ သူက တခြား မေးခွန်း တော်တော်များများကိုတော့ မဖြေခဲ့ပါဘူး။ လောလောဆယ်မှာ သူဟာ ဝန်ကြီးချုပ်အဖြစ် တင်မြှောက် ခံရဖို့ လွှတ်တော် ထောက်ခံချက်ကိုသာ ရရှိထားပြီး ထိုင်းဘုရင်ရဲ့ တရားဝင် အသိအမှတ်ပြုမှု မခံရခင် တချို့ မေးခွန်းတွေကို ဖြေဖို့ မသင့်တော်သေးဘူးလို့ ယုံကြည်ကြောင်း ဆရက်သာက မှတ်ချက် ပေးခဲ့ပါတယ်။

၁၁ ပါတီ ညွန့်ပေါင်း အစိုးရသစ်ရဲ့ တခြားပါတီ အကြီးအကဲတွေကလည်း လွှတ်တော် မဲခွဲမှု အပြီးမှာ ဆရက်သာဆီ ဖုန်းဆက်ပြီး ဂုဏ်ပြုစကား ဆိုခဲ့ကြပါတယ်။

ထိုင်းဖွဲ့စည်းပုံ ဥပဒေအရ ဝန်ကြီးချုပ် ဖြစ်လာမယ့် ပုဂ္ဂိုလ်ဟာ ရွေးကောက်ခံ အောက်လွှတ်တော်အမတ် ၅၀၀ နဲ့ ရွေးကောက်ခံ မဟုတ်တဲ့ အထက်လွှတ်တော်အမတ် ၂၅၀ ထဲက စုစုပေါင်း အမတ်ဦးရေ ၃၇၅ ဦးထက်မနည်းရဲ့ ထောက်ခံမဲကို လိုအပ်ပါတယ်။ လွှတ်တော် ထုတ်ပြန်ချက်အရ ဆရက်သာဟာ ထောက်ခံမဲ ၄၈၂ မဲနဲ့ ကန့်ကွက်မဲ ၁၆၅ မဲအပေါ် အသာစီး ရခဲ့တယ်လို့ သိရပါတယ်။ ကျန်တာတွေကတော့ ပျက်ကွက်မဲတွေပါ။

ကန့်ကွက်မဲ အများစုကတော့ တချိန်က PTPရဲ့ မဟာမိတ် ဖြစ်ခဲ့ပြီး မေလလယ် ရွေးကောက်ပွဲမှာ ထောက်ခံမဲ အများဆုံးနဲ့ အနိုင်ရခဲ့တဲ့ Move Forward ပါတီဆီက ဖြစ်ပါတယ်။ MFP ခေါင်းဆောင် ဖီထာ လင်မ်ဂျရွန်ရတ်ကို PTPက ဝန်ကြီးချုပ်လောင်းအဖြစ် လွှတ်တော်မှာ ထောက်ခံခဲ့ဖူးပေမယ့် အထက်လွှတ်တော် အမတ် အများစုရဲ့ ဆန့်ကျင်မှုကြောင့် လုံလောက်တဲ့ ထောက်ခံမဲကို မရခဲ့ပါဘူး။ အဲဒီနောက်ပိုင်းမှာ PTPက MFPနဲ့ လက်တွဲဖြုတ်ပြီး ပြိုင်ဘက် ကွန်ဆာဗေးတစ်တွေနဲ့ ပူးပေါင်းရင်း အစိုးရသစ် ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။ အတိုက်အခံ ပါတီဖြစ်လာတဲ့ MFPကတော့ ဖျူထိုင်းရဲ့ အစိုးရသစ် ဖွဲ့စည်းမှုဟာ ရွေးကောက်ပွဲ ရလဒ်၊ ပြည်သူ့ဆန္ဒတွေအပေါ် သစ္စာဖောက်လိုက်တာ ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲနှစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နှစ်ယောက်ကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

သတင်း

လူသိထင်ရှား တရုတ် အနုပညာ ကြယ်ပွင့် တစ်ဦးကို တွေ့ခွင့်ရဖို့ ကြိုးစားတဲ့ တရုတ် ပရိသတ် အဖွဲ့တစ်ဖွဲ့ကို လေယာဉ်ပေါ် ပေးမတက်ခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာရှိတဲ့ သုဝဏ္ဏဘူမိ လေဆိပ်က ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မိုးရွာထဲ ဘောလုံးကန်နေတုန်း မိုးကြိုးပစ်ချလို့ ဘောလုံးသမားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။