Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့နယ်ရှိ သာစည်ရဲစခန်းဂိတ် ကို NPRF တိုက်ခိုက်

စက်တင်ဘာ ၃၀ ရက်က မုံရွာမြို့နယ် သာစည်ကျေးရွာရဲစခန်းရှေ့ရှိ စစ်ကောင်စီတပ် ဂိတ်အားအလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား နှစ်ဦးသေဆုံးကြောင်း၊ ထို့အပြင် စခန်းမှူးတစ်ဦးအပါအဝင် သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ကိုဝေလင်းက ပြောသည်။

(မုံရွာမြို့တွင် စစ်တပ်အာဏာသိမ်းမှု ကန့်ကွက်ဆန္ဒပြနေသော ပြည်သူများအား အကြမ်းဖက်ဖြိုခွင်းနေသော စစ်ကောင်စီတပ်သားများကို ၂၀၂၁ က တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(မုံရွာမြို့တွင် စစ်တပ်အာဏာသိမ်းမှု ကန့်ကွက်ဆန္ဒပြနေသော ပြည်သူများအား အကြမ်းဖက်ဖြိုခွင်းနေသော စစ်ကောင်စီတပ်သားများကို ၂၀၂၁ က တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် သာစည်ကျေးရွာရဲစခန်းရှိ စစ်ကောင်စီဂိတ်အား ပစ်ခတ်တိုက်ခိုက်ရာ နှစ်ဦးသေဆုံးကြောင်း အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစု(NPRF)၏ ခေါင်းဆောင် ကိုဝေလင်းက ပြောသည်။

စက်တင်ဘာ ၃၀ ရက်က မုံရွာမြို့နယ် သာစည်ကျေးရွာရဲစခန်းရှေ့ရှိ စစ်ကောင်စီတပ် ဂိတ်အားအလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား နှစ်ဦးသေဆုံးကြောင်း၊ ထို့အပြင် စခန်းမှူးတစ်ဦးအပါအဝင် သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ကိုဝေလင်းက ပြောသည်။

“စထောက်မိတာတော့ ၆ ယောက်ရှိတယ်ကြားလို့သွားပစ်တာ။ တကယ်မျက်မြင်ပစ်ရတော့ ၁၀ အထက်မှ ာရှိတယ်။ အသေချာတော့မရေတွက် လိုက်ရဘူး။ သေဆုံးတာကတော့ စစ်သားပါ။ ဒဏ်ရာရတာကတော့ စစ်သားရော၊ ရဲရောပါတယ်။ သေဆုံးတာရော ဒဏ်ရာရတာကောက မျက်မြင်မြင်ရတယ်။ အရေတွက်သာ အတိကျမသိလို့ သတင်းပေးကနေတဆင့်ပြန်ထောက်ရတယ်။”ဟု ကိုဝေလင်းက ‌ပြောသည်။

Public Service Announcement
Public Service Announcement

တိုက်ခိုက်မှုအတွင်း ရဲဘော် သုံးဦးလည်း မစိုးရိမ်ရသည့်ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီဘက်က ပစ်အားသာပြီး လက်နက်အချို့ ချို့ယွင်းမှုဖြစ်ပေါ်ခဲ့၍ လက်နက်များသိမ်းဆည်းနိုင်ခြင်းမရှိကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

သို့သော် ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စက်တင်ဘာ ၂၈ ရက် ညပိုင်းကလည်း မုံရွာမြို့နယ်၊ မုံရွာ – မန္တလေးလမ်းပိုင်းရှိ စွမ်းရည်ထက် ဆီဆိုင်အနီးတပ်စွဲထားသော စစ်ကောင်စီတပ်ကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းမှာ စက်လှေတိမ်းမှောက်ပြီး အလုပ်ပြန် သင်္ဘောကျင်းလုပ်သား ၅ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မုံရွာမြို့မှာ အာဏာသိမ်း စစ်တပ်နဲ့ ရဲတွေက ၆ ရက်အတွင်း လူငယ်နဲ့ လူလတ်ပိုင်း ၁၈၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးပြီး အနောက်မြောက် တိုင်းစစ်ဌာနချုပ် (နမခ) အတွင်း ပို့ဆောင်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ လူတစ်စုက စစ်ကောင်စီရဲ့ တိုင်းရုံးက ရဲတွေလို့ဆိုပြီး နေအိမ်နဲ့ ဆိုင်ခန်းတွေကို ခြိမ်းခြောက်ငွေလိုက်တောင်းနေကြောင်း မြို့ခံတွေက ပြောပါတယ်။