Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့နယ်တွင် ပျူစောထီးအဖွဲ့​ပစ်ခတ်၍ ပြည်သူနှစ်ဦးသေဆုံး

ပြီးခဲ့သည့် ဇူလိုင် ၂၉ရက်ကလည်း မုံရွာမြို့နယ်၊ မအူကျေးရွာအနောက်ပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ပြည်သူနှစ်ဦးသေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာနယ်ရှိ ကင်းထောက်များက ပြောသည်။

ပျူအဖွဲ့၏ ပစ်ခတ်မှုကြောင့် နေအိမ်ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - စွမ်းလင်းထက်(မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး)
ပျူအဖွဲ့၏ ပစ်ခတ်မှုကြောင့် နေအိမ်ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - စွမ်းလင်းထက်(မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကြာပိုင်ကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့​က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့၍ ပြည်သူနှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(သြဂုတ် ၁၃ ရက်) ညနေ ၆နာရီခွဲခန့်က မုံရွာမြို့နယ်၊ တောပုကျေးရွာမှ ပျူအဖွဲ့ဝင်များသည် ၎င်းတို့ရွာကပ်လျက်ရှိ ကြာပိုင်ကျေးရွာအတွင်းသို့ (၆၀)မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပစ်ခတ်မှုကြောင့် ရွာရှိ အမျိုးသား သုံးဦး၊ အမျိုးသမီး သုံးဦး လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့ကြောင်း၊ ၎င်းတို့အနက် (၄၅)နှစ်အရွယ်အမျိုးသား တစ်ဦး၊ (၃၂)အရွယ် အမျိုးသမီးတစ်ဦး ​သေဆုံးခဲ့ကြောင်း မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

” ကြာပိုင်နဲ့တောပုနဲ့က ကပ်လျက်ဗျ။ သူတို့က(ပျူတွေက) ကင်းပုန်းဝပ်နေတာနဲ့ တူတယ်။ ရဲဘော်တွေလာတော့ သူတို့က သေနတ်တွေနဲ့ထပစ်ကြတာ။ ရဲဘော်တွေဘက်က တစ်ချက်နှစ်ချက်ပစ်ပြီးဆုတ်ကြတာ။ အဲချိန်မှာ တောပုရွာဘက်ကနေ လက်နက်ကြီးနဲ့လှမ်းထုတာ။ တောပုနဲ့ကြာပိုင်နဲ့က ခြေကျင်သွားမယ်ဆိုငါးမိနစ်လောက်ဝေးတာ။”ဟု မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ကိုစွမ်းလင်းထက်က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့အပြင် ရွာအတွင်းရှိ နွားနှစ်ကောင်လက်နက်ကြီးထိမှန် သေဆုံးခဲ့ပြီး နှစ်ကောင်ဒဏ်ရာရရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၉ရက်ကလည်း မုံရွာမြို့နယ်၊ မအူကျေးရွာအနောက်ပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ပြည်သူနှစ်ဦးသေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာနယ်ရှိ ကင်းထောက်များက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၌ ပြည်သူများ ဖိနှိပ်နေသည့် သိန်းငှက်‌ပျူစောထီးအဖွဲ့ကို မြို့ပြကြွက်ကွန်ရက်အတွင်းရှိ ပြောက်ကျားရဲဘော်များက လက်လုပ်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ယင်းအဖွဲ့တာဝန်ရှိသူကပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့အနီးကို ပတ်လည်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးအုပ်စုက လေးရက်အတွင်း စုစုပေါင်း ဒေသခံ‌ ၁၁ဦးကို သတ်ဖြတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်ဆယ်နဲ့ချီ​သေဆုံးထိခိုက်ပြီး ပျူစခန်းတခုသိမ်း၊လက်နက်ခဲယမ်းတွေရရှိ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ဇီးကုန်းမြို့နဲ့ အနီးဝန်းကျင် ကျေးရွာတွေက ဖမ်းဆီးသွားတဲ့သူ တွေကို စစ်​တပ်က ပြန်မလွှတ်တော့ဘဲပျူစောထီးသင်တန်းတက်ခိုင်းပြီးစစ်တိုက်ခိုင်းနေတယ်လို့ တော်လှန်ရေး တပ်တွေဆီကသိရပါတယ်။