Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့နယ်တွင် ပျူစောထီးအဖွဲ့​ပစ်ခတ်၍ ပြည်သူနှစ်ဦးသေဆုံး

ပြီးခဲ့သည့် ဇူလိုင် ၂၉ရက်ကလည်း မုံရွာမြို့နယ်၊ မအူကျေးရွာအနောက်ပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ပြည်သူနှစ်ဦးသေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာနယ်ရှိ ကင်းထောက်များက ပြောသည်။

ပျူအဖွဲ့၏ ပစ်ခတ်မှုကြောင့် နေအိမ်ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - စွမ်းလင်းထက်(မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး)
ပျူအဖွဲ့၏ ပစ်ခတ်မှုကြောင့် နေအိမ်ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - စွမ်းလင်းထက်(မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကြာပိုင်ကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့​က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့၍ ပြည်သူနှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(သြဂုတ် ၁၃ ရက်) ညနေ ၆နာရီခွဲခန့်က မုံရွာမြို့နယ်၊ တောပုကျေးရွာမှ ပျူအဖွဲ့ဝင်များသည် ၎င်းတို့ရွာကပ်လျက်ရှိ ကြာပိုင်ကျေးရွာအတွင်းသို့ (၆၀)မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပစ်ခတ်မှုကြောင့် ရွာရှိ အမျိုးသား သုံးဦး၊ အမျိုးသမီး သုံးဦး လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့ကြောင်း၊ ၎င်းတို့အနက် (၄၅)နှစ်အရွယ်အမျိုးသား တစ်ဦး၊ (၃၂)အရွယ် အမျိုးသမီးတစ်ဦး ​သေဆုံးခဲ့ကြောင်း မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

” ကြာပိုင်နဲ့တောပုနဲ့က ကပ်လျက်ဗျ။ သူတို့က(ပျူတွေက) ကင်းပုန်းဝပ်နေတာနဲ့ တူတယ်။ ရဲဘော်တွေလာတော့ သူတို့က သေနတ်တွေနဲ့ထပစ်ကြတာ။ ရဲဘော်တွေဘက်က တစ်ချက်နှစ်ချက်ပစ်ပြီးဆုတ်ကြတာ။ အဲချိန်မှာ တောပုရွာဘက်ကနေ လက်နက်ကြီးနဲ့လှမ်းထုတာ။ တောပုနဲ့ကြာပိုင်နဲ့က ခြေကျင်သွားမယ်ဆိုငါးမိနစ်လောက်ဝေးတာ။”ဟု မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ကိုစွမ်းလင်းထက်က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့အပြင် ရွာအတွင်းရှိ နွားနှစ်ကောင်လက်နက်ကြီးထိမှန် သေဆုံးခဲ့ပြီး နှစ်ကောင်ဒဏ်ရာရရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၉ရက်ကလည်း မုံရွာမြို့နယ်၊ မအူကျေးရွာအနောက်ပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ပြည်သူနှစ်ဦးသေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာနယ်ရှိ ကင်းထောက်များက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Facebook