Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မြို့တွင် ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံတိုက်ရ

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ ရပ်ကွက်(၂)ရှိ မိုးရတနာရွှေဆိုင်သည် ယနေ့ (အောက်တိုဘာ ၅ရက်) နေ့လယ် ၂နာရီခန့်တွင် ဓားပြတိုက်ခံရခြင်းဖြစ်သည်။

(ဓားပြတိုက်ခံရသည့် မိုးရတနာရွှေဆိုင်အား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ဓားပြတိုက်ခံရသည့် မိုးရတနာရွှေဆိုင်အား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ကျပ်သိန်း ၆၀၀၀ခန့်တန်ကြေးရှိ ရွှေထည်ပစ္စည်းများပါသွားဟုဆို

ကချင်ပြည်နယ် ဖားကန့်မြို့တွင် စစ်ရေးတင်းမာနေ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား တပ်စွဲထားချိန် မြို့ပေါ်ရှိ ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံတိုက်ရပြီး ကျပ်သိန်း ၆၀၀၀ခန့်တန်ကြေးရှိ ရွှေထည်ပစ္စည်းများပါသွားကြောင်း သတင်းရရှိသည်။

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ ရပ်ကွက်(၂)ရှိ မိုးရတနာရွှေဆိုင်သည် ယနေ့ (အောက်တိုဘာ ၅ရက်) နေ့လယ် ၂နာရီခန့်တွင် ဓားပြတိုက်ခံရခြင်းဖြစ်သည်။

” လူလေးယောက်က ဆိုင်ကယ်နဲ့ လာတာ။ ပေါ်တင်ပဲ။ အေးဆေးပဲ။မျက်နှာတော့ မျက်နှာဖုံး တပ်ထားတယ်။ ဆိုင်ရှင်နဲ့ ဝန်ထမ်း‌တွေကို ကြိုးတုပ်ပြီး ရွှေတွေကိုယူသွားတာ”ဟု အဆိုပါရွှေဆိုင်အနီးနေသူတစ်ဉီးက ပြောသည်။

ဓားပြတိုက်ခံရမှုတွင် ရွှေထည်စုစုပေါင်း အလေးချိန် ၁ပိဿာခန့်ပါသွားပြီး စုစုပေါင်း ဆုံးရှုံးမှုသည် ကျပ်သိန်း ၆၀၀၀ခန့် ရှိကြောင်း ရွှေဆိုင်နှင့်နီးစပ်သူများက ဆိုသည်။

Public Service Announcement

Public Service Announcement

ဖားကန့်မြို့တွင် အောက်တိုဘာ ၃ရက်က ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားမှာ မြို့ပေါ်၌ တပ်စွဲထားသည်။ ထိုအခြေအနေတွင် ‌ရွှေဆိုင်ဓားပြတိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပက်သက်မှုရှိနိုင်ကြောင်း ဒေသခံများက သုံးသပ်သည်။

“ယူနီ‌ဖောင်းတွေနဲ့ရော အရပ်ဝတ်နဲ့ပါ လမ်းတွေပေါ်တွေ့နေရတယ်။ ဒီကြားထဲကနေ ဓားပြတိုက်ခံရတာ”ဟု ဖားကန့်မြို့ခံတစ်ဦးက ပြောသည်။

အောက်တိုဘာ ၃ရက်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံးပြီး စစ်ကောင်စီတပ်ထံမှ သေနတ်နှစ်လက်၊ ကားတစ်စီးကို KIA၊PDF ပူးပေါင်းတပ်ဖွဲ့က သိမ်းယူနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာမှာ မူးယစ်ဆေးဝါးရောင်းတဲ့နေအိမ် ဓားပြတိုက်သူတွေနဲ့ နေအိမ်ပိုင်ရှင်ကို ဖမ်းဆီးရမိတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊မုဆိုးခြုံရွာမ ရွာမှာ စပါးရောင်းလာတဲ့ လင်မယားနှစ်ဦး နေအိမ်ဓားပြတိုက်ခံရပြီး ငွေကျပ်သိန်း၂၅၀နဲ့ဖုန်းတွေပါယူသွားခံရကာ အမျိုးသားဖြစ်သူကိုပါ သတ်ဖြတ်သွားတယ်လို့ ‌‌‌‌ ဒေသခံ တွေက ပြောပါတယ်။

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

မန္တလေးမြို့က မီလျံနာရွှေဆိုင်ဓားပြတိုက်မှု ကျူးလွန်သူတွေဖမ်းမိပြီး ကျူးလွန်သူတွေဟာ စစ်ကောင်စီရဲ့လွတ်ငြိမ်းနဲ့ လွတ်မြောက်လာသူတွေပါဝင်တယ်လို့ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက ပြောပါတယ်။