Connect with us

Hi, what are you looking for?

သတင်း

တိုင်းရင်းသားမဟာမိတ်ဆက်ဆံရေးအတိမ်းအစာင်းခံ၍မရ၊ စစ်ရေး၊နိုင်ငံရေး ပိုမိုပူးပေါင်းရန် အထူးလိုအပ်ဟု ယာယီသမ္မတ ပြော

အောက်တိုဘာ ၂၄ရက်တွင် ကျင်းပသည့် အစိုးရ အဖွဲ့အစည်းအဝေး၌ ယာယီသမ္မတက တိုင်းရင်းသား မဟာမိတ်အရေးကို အလေးထားပြောကြားခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသားမဟာမိတ်ဆက်ဆံရေးအတိမ်းအစာင်းခံ၍မရ၊ စစ်ရေး၊နိုင်ငံရေး ပိုမိုပူးပေါင်းရန် အထူးလိုအပ်ဟု ယာယီသမ္မတ ပြော
တိုင်းရင်းသားမဟာမိတ်ဆက်ဆံရေးအတိမ်းအစာင်းခံ၍မရ၊ စစ်ရေး၊နိုင်ငံရေး ပိုမိုပူးပေါင်းရန် အထူးလိုအပ်ဟု ယာယီသမ္မတ ပြော

▪️အိန္ဒိယ၊ တရုတ်၊ ထိုင်းနိုင်ငံတို့ မြန်မာ့အရေးဆိုင်ရာ နိုင်ငံခြားရေးမူဝါဒကို အစဉ်သုံးသပ်ရန် မှာကြား

နွေဦးတော်လှန်ရေး၏ ခုခံတော်လှန်စစ်အရှိန်ရလာပြီး ကျယ်ပြန့်လာသည်နှင့်အမျှ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့နှင့် တိုင်းရင်းသား မဟာမိတ်များအကြား စစ်ရေး၊ နိုင်ငံရေးဆက်ဆံမှုများ အရေးကြီးသထက်ကြီးလာကြောင်း ယာယီသမ္မတဒူဝါလရှီးလက ပြောကြားပြီး ပိုမိုပူးပေါင်းဆောင်ရွက်ရန် အထူးလိုအပ်ကြောင်း အစိုးရ အဖွဲ့ဝင်များကို မှာကြားခဲ့သည်။

အောက်တိုဘာ ၂၄ရက်တွင် ကျင်းပသည့် အစိုးရ အဖွဲ့အစည်းအဝေး၌ ယာယီသမ္မတက တိုင်းရင်းသား မဟာမိတ်အရေးကို အလေးထားပြောကြားခဲ့ခြင်းဖြစ်သည်။

“တိုင်းရင်းသားမဟာမိတ်ဆက်ဆံရေးမှာ ကျွန်တော်တို့အနေနဲ့ အတိမ်းအစောင်းခံလို့ မရပါဘူး။ သတိလက်လွတ် လွဲမှားချွတ်ချော်တာမျိုးလည်း လုံးဝ မဖြစ်သင့်ပါဘူး။ ဒါကို အထူးဂရုစိုက်ရမှာ ဖြစ်ကြောင်းပဏာမအားဖြင့် ပြောကြားလိုပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့နဲ့ တိုင်းရင်းသား မဟာမိတ်အဖွဲ့အစည်းတွေကြားမှာ စစ်ရေးအရ ပူးပေါင်းဆောက်ရွက်မှုတွေကို တိုးမြှင့်ဖို့ လိုနေပါတယ်။ နိုင်ငံရေးအရ ပိုမိုပေါင်းစည်းလာမှုလည်း အထူး လိုအပ်လာတယ်ဆိုတာ တွေ့ရပါတယ်”ဟု ယာယီသမ္မတက ပြာသည်။

ထို့ကြောင့် အစိုးရအဖွဲ့ဝင် ခေါင်းဆောင်များ အနေဖြင့် တိုင်းရင်းသားမဟာမိတ်ခေါင်းဆောင်များအကြား ရင်းနှီးမှု၊ ချစ်ခင်မှုနှင့် ယုံကြည်မှုတို့ကို ယခုကထက် ပိုမိုခိုင်မာကျယ်ပြန့်လာအောင် ဆက်လက် တည်ဆောက်ထိန်းသိမ်းရန် ပြောကြားခဲ့သည်။

Public Service Announcement

Public Service Announcement

“စစ်ရေးနဲ့ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေဟာ ယုံကြည်မှုအပေါ်မှာအခြေခံပါတယ်။ ယုံကြည်မှုဆိုတာလည်း စံတန်ဖိုးနဲ့ ခံယူချက် ယုံကြည်ချက်တွေအပေါ်မှာ မူတည်နေပြန်ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးလိုလားချက်နဲ့ လူမျိုးရေးစိတ်ဆန္ဒတွေကို အထူးဂရုစိုက်သင့်တယ်လို့ ပြောချင်ပါတယ်”ဟု ယာယီသမ္မတက ပြာသည်။

မဟာမိတ်ပေါင်းစည်းမှုများ၌ မတူညီသည့် အကျိုးစီးပွားနှင့် ကွဲပြားသည့်အမှတ်သရုပ်များကို သဘောထားကြီးစွာ နားလည်လက်ခံရန် အထူးအရေးကြီးသည်ဟုလည်း ပြောကြားခဲ့သည်။

ယာယီသမ္မတ၏အစိုးရ အဖွဲ့အစည်းအဝေး မိန့်ခွန်းတွင် နိုင်ငံတကာဆက်ဆံရေးအပိုင်းကိုလည်း ထည့်သွင်း ပြာကြားသည်။

နွေဦးတော်လှန်ရေး၌ နိုင်ငံတကာသံခင်းတမန်ခင်း ချည်းကပ်ပုံသည် အလွန်အရးကြီးကြောင်း၊ ဒီမိုကရေစီဖြစ်ထွန်းပြီးဖြစ်သည့် အနောက်နိုင်ငံကြီးများနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် အထူးအရေး ကြီးသကဲ့သို့ ဒေသတွင်းနိုင်ငံများ၏ အခြေအနေကိုလည်း လက်လွှတ်ထား၍ မရဟု ၎င်းက ပြောသည်။

“ဒေသတွင်းနိုင်ငံတကာ ဆက်ဆံရေးဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်းနဲ့ အာဆီယံနိုင်ငံတွေရဲ့ နွေဦးတော်လှန်ရေးအပေါ် ထားတဲ့ သဘောထားအမြင်ကိုလည်း အမြဲမပြတ်ချည်းကပ် စောင့်ကြည့်နေဖို့ လိုတယ်လို့ ပြောချင်ပါတယ်။ ပြည်တွင်းရေးအခြေအနေဟာ ဒေသတွင်း ပထဝီနိုင်ငံရေးချိန်ခွင်လျှာ အလှည့်အပြောင်းတွေကြားမှာ၊ ကြားညှပ်ပြီး တိမ်မြှုပ်မသွားဖို့ အထူးအရေးကြီးကြောင်း ပြောချင်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့၏ မြန်မာ့အရေးအပေါ်ထားသည့် နိုင်ငံခြားရေးမူဝါဒကို စဉ်ဆက်မပြတ်ခွဲခြမ်းစိတ်ဖြာသုံးသပ်နေဂန် သက်ဆိုင်ရာ ဝန်ကြီးဌာနများကို တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီ ဦးဆောင်ကောင်စီ စုဖွဲ့မှု ဖြစ်မြောက်လာရေး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အချိန်များစွာ ရင်းနှီးမြှုပ်နှံတာ၊ ယုံကြည်မှု တည်ဆောက်တာ တွေ ပါဝင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောပြခဲ့ပြီး ပြည်ထောင်စုလွှတ်တော်အနေနဲ့လည်း ဒီစုဖွဲ့မှု ဖြစ်မြောက်ရေး ၀ိုင်းဝန်း ပံ့ပိုးပေးစေလိုဟု မေတ္တာရပ်ခံခဲ့ပါတယ်။

သတင်း

ရုရှားနဲ့ အိမ်နီးချင်းနိုင်ငံအချို့က စစ်အာဏာရှင်သက်ဆိုးရှည်အောင် အားပေးနေသလိုတွေ့ရပြီး အာဏာသိမ်းစစ်ကော်မရှင်အပေါ် စစ်ရေးအကူအညီပေးမှုနဲ့ နည်းပညာပံ့ပိုးမှုတွေ ပြုလုပ်ခဲ့လို့ ရရှိပြီးသား ပြည်သူ့ထိန်းချုပ်နယ်မြေ အချို့ ပြန်လည်လက်လွှတ်ခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းမှုတွင် အဓိကပါဝင်ခဲ့သည့် စစ်ဗိုလ်ချုပ်ဟောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေ ယနေ့ (ဩဂုတ် ၇ရက်)တွင် သေဆုံးခဲ့မှုအပေါ် ဝမ်းနည်းကြောင်း ၀လက်နက်ကိုင်တပ် UWSAက သဝဏ်လွှာပေးပို့ခဲ့သည်။

သတင်း

၂၀၂၁ စစ်အာဏာသိမ်းမှုမှာ အဓိကပါဝင်ပတ်သက်သူ စစ်ဗိုလ်ချုပ်ဟောင်းမြင့်ဆွေဟာ ဒီနေ့ မနက်ပိုင်းက နေပြည်တော်ရှိ အမှတ်(၂)တပ်မတော်ဆေးရုံမှာ သေဆုံးသွားပြီလို့ အာဏာသိမ်းစစ်ကောင်စီက ကြေညာပါတယ်။