Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းချိန် ယာယီသမ္မတဖြစ်ခဲ့သူ ဗိုလ်ချုပ်ဟောင်းမြင့်ဆွေ သေဆုံး

၂၀၂၁ စစ်အာဏာသိမ်းမှုမှာ အဓိကပါဝင်ပတ်သက်သူ စစ်ဗိုလ်ချုပ်ဟောင်းမြင့်ဆွေဟာ ဒီနေ့ မနက်ပိုင်းက နေပြည်တော်ရှိ အမှတ်(၂)တပ်မတော်ဆေးရုံမှာ သေဆုံးသွားပြီလို့ အာဏာသိမ်းစစ်ကောင်စီက ကြေညာပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်မှာ စစ်ဗိုလ်ချုပ်ဟောင်းမြင့်ဆွေနဲ့ အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေကိုတွေ့ရစဥ်။ဓါတ်ပုံ-File

သြဂုတ်-၇၊ ၂၀၂၅။ People’s Spring

၂၀၂၁ စစ်အာဏာသိမ်းမှုမှာ အဓိကပါဝင်ပတ်သက်သူ စစ်ဗိုလ်ချုပ်ဟောင်းမြင့်ဆွေဟာ ဒီနေ့ မနက်ပိုင်းက နေပြည်တော်ရှိ အမှတ်(၂)တပ်မတော်ဆေးရုံမှာ သေဆုံးသွားပြီလို့ အာဏာသိမ်းစစ်ကောင်စီက ကြေညာပါတယ်။

NLD အရပ်သားအစိုးရလက်ထက်မှာဒုတိယသမ္မတ(၁)တာဝန်ထမ်းဆောင်ခဲ့သူ ဦးမြင့်ဆွေဟာ ဒီနေ့(သြဂုတ် ၇ရက်) မနက် ၈နာရီ ၂၈ မိနစ်မှာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။ သေဆုံးချိန်မှာ ၇၄နှစ်အရွယ် ဦးမြင့်ဆွေဟာ ၂၀၂၃ နှစ်ဆန်းပိုင်းကတည်းက အာရုံကြောတွေ နှေးကွေးတုန့်ဆိုင်းတဲ့ရောဂါ(Parkinson’s Disease)နဲ့ ဆက်စပ်အာရုံကြောအားနည်းရောဂါတွေ ခံစားနေခဲ့ရတာလို့ အာဏာသိမ်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ် ၅ရက်က ဦးမြင့်ဆွေဟာ လက်ရှိအခြေအနေမှာ အထူးစိုးရိမ်ဖွယ်ရာအခြေအနေဖြစ်တာကြောင့် အမှတ်(၂)တပ်မတော်ဆေးရုံ အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှုခံယူနေတယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေးပါတယ်။ အဲဒီလို ထုတ်ပြန်အပြီး ၁၂ နာရီ မပြည့်မီမှာပဲ ကွယ်လွန်သွားပြီလို့ စစ်တပ်အမာခံထောက်ခံသူတွေက မနေ့က ရေးသားခဲ့ကြပါတယ်။ ဒါပေမဲ့ မိနစ်ပိုင်းအကြာမှာပဲ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက ဦးမြင့်ဆွေ မသေဆုံးသေးကြောင်း စစ်ကောင်စီထောက်ခံတဲ့သတင်းဌာနတစ်ခုကို ပြောဆိုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ဒီနေ့ မနက်ပိုင်းမှာတော့ အာဏာသိမ်းစစ်ကောင်စီဟာ သူခန့်အပ်ထားတဲ့ ယာယီသမ္မတမြင့်ဆွေ သေဆုံးမှုကို အတည်ပြုခဲ့ပြီး မြင့်ဆွေရဲ့ စျာပနကိုနိုင်ငံတော်စျာပနအဖြစ်ကျင်းပမယ်လို့ ထုတ်ပြန်ပါတယ်။

ပြည်သူအများစုကတော့ စစ်ဗိုလ်ချုပ်ဟောင်းမြင့်ဆွေရဲ့သေဆုံးမှုကို တစ်ရက်ကြိုတင် ပျော်ရွှင်ခဲ့ကြပြီး လက်ရှိအာဏာသိမ်းစစ်ခေါင်းဆောင်တွေကို တပါတည်း ခေါ်ဆောင်မသွားလို့ စိတ်ကောင်းဖြစ်ရကြောင်း မှတ်ချက်ရေးသား​နေကြပါတယ်။

စစ်တပ်မှာ ဒုတိယဗိုလ်ချုပ်ကြီးအထိ ရာထူးရခဲ့သူ ဦးမြင့်ဆွေဟာ နဝတ/နအဖ စစ်အစိုးရလက်ထက် ရန်ကုန်စစ်ရုံးမှာ အချိန်အများစု ရှိနေခဲ့တာလို့ စစ်ဘက်အရာရှိကြီးဟောင်းတစ်ဦးက ပြောပါတယ်။ စစ်ဝတ်စုံနဲ့ရန်ကုန်တိုင်းမှူးဖြစ်ခဲ့သလို၂၀၁၁ အရပ်ဝတ်လဲတော့လည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ဆက်ရှိခဲ့ပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီး စစ်တပ်ကရွေးချယ်တဲ့ ဒုတိယသမ္မတလောင်းဖြစ်ခဲ့ပြီး NLD အစိုးရလက်ထက်မှာ ဒုတိယသမ္မတ(၁) တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၁ စစ်တပ်အာဏာသိမ်းချိန်မှာ ၂၀၀၈ အခြေခံဥပဒေကို ကိုယ်တိုင်ချိုးဖောက်ပြီး ယာယီသမ္မတအနေနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဏာ ၃ရပ်လွှဲပြောင်း ပေးခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂နှစ် ဦးမြင့်ဆွေ ကျန်းမာရေးမကောင်းချိန်ကတည်းက အာဏာသိမ်းစစ်ခေါင်းဆောင်က ယာယီသမ္မတတာဝန်ကို ယူခဲ့ကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ စစ်ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် စတဲ့ရာထူးတွေကိုတစ်ယောက်တည်းရယူ၊ သူ့ကိုယ့်သူ ခန့်အပ်ခဲ့ပါတယ်။ လက်ရှိမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လူမပြောင်း၊ မူမပြောင်းဘဲ အဖွဲ့နာမည်ပဲ ပြောင်းပြီး နိုင်ငံတော်အရေးပေါ်အခြေအနေကို ရုတ်သိမ်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

သတင်း

ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချအာဏာသိမ်းချိန်ကတည်းက မတရားဖမ်းဆီးထားတဲ့ သမ္မတ ဦးဝင်းမြင့်ကို အာဏာသိမ်းခေါင်းဆောင်က ဒီနေ့ မြန်မာနှစ်ဆန်းတစ်ရက်မှာ လွှတ်ပေး လိုက်တယ်လို့ စစ်တပ်အတွက် ဝါဒဖြန့်ပေးနေတဲ့သတင်းမီဒီယာအချို့က ဖော်ပြလာပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီ ဦးဆောင်ကောင်စီ စုဖွဲ့မှု ဖြစ်မြောက်လာရေး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အချိန်များစွာ ရင်းနှီးမြှုပ်နှံတာ၊ ယုံကြည်မှု တည်ဆောက်တာ တွေ ပါဝင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောပြခဲ့ပြီး ပြည်ထောင်စုလွှတ်တော်အနေနဲ့လည်း ဒီစုဖွဲ့မှု ဖြစ်မြောက်ရေး ၀ိုင်းဝန်း ပံ့ပိုးပေးစေလိုဟု မေတ္တာရပ်ခံခဲ့ပါတယ်။