Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်တွင် စစ်ရှောင်စခန်းအတွက် ဆန်အိတ်လာသယ်သည့် လူငယ်လေးဦး အသတ်ခံရ

ယခုအခါ စစ်ကောင်စီတပ်သည် ထီးချိုင့်မြို့ အမှတ်(၁)ရပ်ကွက်ရှိ မြသိန်းတန်တောင်ပေါ်၌ အခိုင်အမာစခန်းတည်ဆောက်ထားပြီး စခန်းပတ်ချာလည်ရှိ ဒေသခံများ၏နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

(ထီးချိုင့်မြို့ရှိ ဒေသခံများ​၏ နေအိမ်များအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - CJ)
(ထီးချိုင့်မြို့ရှိ ဒေသခံများ​၏ နေအိမ်များအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့တွင် တိုက်ပွဲများ ငြိမ်သက်နေချိန် စစ်ရှောင်စခန်းမှ မြို့ပေါ်သို့ ဆန်အိတ်လာသယ်သည့် လူငယ်လေးဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။

ထီးချိုင့်မြို့နှင့် (၂)မိုင်ခန့်အကွာရှိ စစ်ရှောင်စခန်းမှ လူငယ်လေးဦးသည် ယမန်နေ့(နိုဝင်ဘာ ၁၉ ရက်)နေ့လယ်က မြို့ပေါ်ရှိ နေအိမ်သို့ ဆန်အိတ်လာသယ်စဉ် စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့်လိုက်လံပစ်ခတ်ခြင်းဟု သတင်းရရှိသည်။

” ဆန်သုံးအိတ်သယ်ရင် တစ်အိတ်ပေးမယ်ဆိုလို့ ဆိုင်ကယ်နဲ့ သွားသယ်ကြတာ။ အမှတ် (၂)ရပ်ကွက်ထဲမှာ စစ်တပ်က ပစ်သတ်တာ။ လေးယောက်စလုံး အလောင်းပြန်မကောက်နိုင်သေးဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထီးချိုင့်မြို့‌ ပေါ်တွင် နိုဝင်ဘာ ၆ ရက်မှစတင်ပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။

Public Service Announcement

Public Service Announcement

မြို့ခံများသည် ယင်းနေ့ကတည်းက စစ်‌ဘေးရှောင်နေကြရသည်။ နိုဝင်ဘာလ ၁၂ရက်ခန့်မှစ၍ မြို့ပေါ်တိုက်ပွဲများငြိမ်သက်နေသော်လည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေသလို ဒေသခံများ၏နေအိမ်များကိုလည်း မီးရှို့ဖျက်စီးနေကြောင်း သတင်းရရှိသည်။

ယခုရက်ပိုင်း၌ တိုက်ပွဲများငြိမ်သက်နေ၍ မြို့ခံများက နေရပ်ပြန်လိုကြသော်လည်း စစ်ကောင်စီရန်ကြောင့် မပြန်ရဲကြသေးပေ။ တိုက်ပွဲငြိမ်သက်နေချိန် ဆန်ပြန်သယ်သည့် လူငယ်များအား စစ်ကောင်စီက သေနတ်ဖြင့်ပစ်သတ်လိုက်သည့်ဖြစ်စဉ်သည် အလွန်ထိတ်လန့်စရာကောင်းသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ယခုအခါ စစ်ကောင်စီတပ်သည် ထီးချိုင့်မြို့ အမှတ်(၁)ရပ်ကွက်ရှိ မြသိန်းတန်တောင်ပေါ်၌ အခိုင်အမာစခန်းတည်ဆောက်ထားပြီး စခန်းပတ်ချာလည်ရှိ ဒေသခံများ၏နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၁၂ ရက်မှ နိုဝင်ဘာလ ၁၄ ရက်အထိ ထီးချိုင့်မြို့နယ်၊ သခွတ်ချောင်ရွာ၊ ကိုးတဲရွာ၊အလယ်တောရွာနှင့် အင်းတိန်ရွာများကို ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ်သုံးဦးအပါအဝင် ပြည်သူ ၁၇ ဦးသေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက နိုဝင်ဘာလ ၁၅ရက်တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် နမ္မတီးမြို့ပေါ် စစ်ရှောင်စခန်းတွေမှာ လေပြင်းကြောင့် စစ်ရှောင်နေအိမ်အများအပြား ပျက်စီးခဲ့ရပြီး အရေးပေါ် အကူအညီတွေလိုအပ်နေကြောင်း စစ်ရှောင်စခန်း ဦးဆောင်တာဝန်ခံ တစ်ဦးက ပြောပါတယ်။

သတင်း

စစ်ကောင်စီထိန်းချုပ်ထားတဲ့ စစ်တွေမြို့ပေါ်ကို ပို့ဆောင်မယ့် မူးယစ်ဆေးဝါးတွေတင်ဆောင်လာတဲ့စက်လှေနှစ်စီးနဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၁ဦးကို အာရက္ခတပ်တော် (AA)က ဖမ်းဆီးနိုင်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ထီးချိုင့်မြို့အနီက တော်လှန်ရေးတပ်‌တွေထိန်းချုပ်ထားတဲ့ နေရာအချို့ကို စစ်တပ်ကပြန်ထိန်းချုပ်ပြီးနောက် စစ်ကြောင်းတွေဟာ ကသာနဲ့ အင်းတော်မြို့ကို ဦးတည်နေပါတယ်။

သတင်း

စစ်တပ်က ကရင်ပြည်နယ်၊ မြဝတီတောင်ဘက် လေးကေ့ကော်ဒေသ အနီးတဝိုက်က ဒေသခံတွေ ခိုလှုံနေတဲ့ စစ်ရှောင်စခန်းကို ကာမီကာဇေဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။