Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လွိုင်​ကော်တက္ကသိုလ်မှ ပါချုပ်အပါအဝင် ဆရာ၊ ဆရာမနှင့် ဝန်ထမ်းများ​ဘေးကင်းစွာရှိ​နေ​ကြောင်း KNDF ထုတ်ပြန်

နိုဝင်ဘာလ(၁၃)ရက်နေ့တစ်နေ့လုံးတွင် လွိုင်ကော်တက္က သိုလ်ဝန်းထဲတွင် တပ်စွဲထားသော စစ်ကောင် စီ၏ ခမရ(၄၂၅) တပ်ရင်းမှူး နှင့် ဒု-ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီးပါးသေဆုံးခဲ့ပြီး ခမရ(၆)၏ အင်အား တစ်ဝက်နီးပါးကိုပါ ချေမှုန်းနိုင်ခဲ့သည်။

( ​လွိုင်​ကော်တကာကသိုလ်ပါ​မောက္ခချုပ် ဦး​အောင်ခင်မြင့်။ဓါတ်ပုံ-IEC)
( ​လွိုင်​ကော်တကာကသိုလ်ပါ​မောက္ခချုပ် ဦး​အောင်ခင်မြင့်။ဓါတ်ပုံ-IEC)

လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် အပါအဝင် Non-CDM ဆရာ ၊ ဆရာမများနှင့် မိသားစုဝင်များ လုံခြုံဘေးကင်းစွာရှိနေကြောင်း ကရင်နီအမျိုးသား များကာကွယ်ရေးတပ်ဖွဲ့ KNDF နှင့် ကြား ကာလအုပ်ချုပ်ရေးကောင်စီ (IEC) တို့က ယနေ့ ထုတ် ပြန်သည်။

၁၁.၁၁ စစ်ဆင်ရေး ၏ လွိုင်ကော်မြို့သို့ ဝင်ရောက်သော KNDF စစ်ကြောင်းအား စစ်ကောင်စီတပ်မှ လွိုင်ကော်တက္ကသိုလ် မှ ဆီးကြိုတိုက်ခိုက်ခဲ့သဖြင့် အပြန် အလှန် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တက္ကသိုလ် ဝန်ထမ်းများ နှင့် မိသားစုဝင်များ ကျောင်းဝန်းအတွင်း ပိတ်မိနေခဲ့ ခြင်းဟု သိရသည်။

စစ်ကောင်စီတပ်မှ လေယာဉ် ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်လာခြင်းကြောင့် အထက်ပါလွိုင်ကော်တက္ကသိုလ် မှ ဝန်ထမ်းနှင့်မိသားစုများ ၊ စက်မှုကျောင်းမှ ဝန်ထမ်းများအပါအဝင် (၂၀၄)ဦးတို့အား လက်နက်ကြီးကျရောက်မှု အနည်းငယ်လျော့နည်းလာ​သော အချိန်၌ ဘေးကင်းရာသို့ ကရင်နီတပ်ပေါင်းစုကအရေးပေါ် ကူညီရွေ့ပြောင်းခဲ့ရကြောင်း အသိပေးသည်။

“သူတို့(စစ်ကောင်စီ)ဘက်က ဒီနေ့အထိ ဝါဒ အမျိုးမျိုးဖြန့်နေတာပေါ့။အဓိကတော့ ပါမာက္ခ ချုပ်ကို ကျွန်တော်တို့တပ်ဖွဲ့တွေက သတ်လိုက်ပြီး ကျန်တဲ့ Non CDM တွေကို ဖမ်းထားတယ်ဆိုတာမျိုး။ဒီနေရာ မှာ ပြောလိုတာက ကျွန်တော်တို့ ကရင်နီတပ်ပေါင်းစု တွေအနေနဲ့ နိုင်ငံတကာ စံ တွေနဲ့အညီ လူ့ကျင့်ဝတ် စစ် ဘက်ဆိုင်ရာ ကျင့်ဝတ်တွေနဲ့အညီ ကျင့်သုံးနေပါတယ်”ဟု KNDF တာဝန်ရှိသူက လူထုနွေဦး သို့ ပြောကြားသည်။

Public Service Announcement

Public Service Announcement

လွိုင်ကော်တက္ကသိုလ် မှ Non-CDM ဝန်ထမ်းများနှင့် မိသားစုဝင်များကို လူသားချင်းစာနာထောက်ထားရေး၊ လူ့အခွင့်အရေးများနှင့်အညီ ကရင်နီပြည် ကြား ကာလအုပ်ချုပ်ရေးကောင်စီ (IEC) မှ ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားပြီး မိသားစုများနှင့်အမြန်ဆုံး ပြန်လည်ဆုံတွေ့နိုင်စေရေး လုပ်ငန်းကိစ္စများကို IEC မှ ဆက်လက်လုပ်ဆောင်ပေးလျှက်ရှိကြောင်းလည်း ထုတ်ပြန်ချက်၌ဖော်ပြသည်။

တော်လှန်​ရေးအင်အားစုများက ကယ်ထုတ်ထား​သောတက္ကသိုလ်မှ ဆရာ၊ဆရာမ ၊ဝန်ထမ်းများ၊မိသားစုဝင်စုစု​ပေါင်း ၂၀၄ဦး၏ အမည်စာရင်းကို People’s Spring တယ်လီဂရန်ချန်နယ်လ်တွင်

https://t.me/PeopleSpring/24041?single

ကြည့်ရှုနိုင်ပါသည်။

ကရင်နီ(ကယား)ပြည်နယ်၏ ၁၁.၁၁ စစ်ဆင်ရေး၏ တတိယနေ့(နိုဝင်ဘာ ၁၃ ရက်) နှင့် စတုတ္ထနေ့တိုက်ပွဲများတွင် တပ်မ(၆၆) လက်အောက်ခံ ခမရ (၄၂၅) နှင့် ခမရ (၆) တပ်ရင်းတို့အား အပြီးသတ်ချေမှုန်းကာ နောက်ဆုံးလက်ကျန် တပ်ဖွဲ့ဝင်များမှ လက်နက်ချအညံ့ခံပြီး လက်နက်ခဲယမ်းများစွာကို ကရင်နီတပ်ပေါင်းစုက သိမ်းဆည်းနိုင်ခဲ့သည်။

နိုဝင်ဘာလ(၁၃)ရက်နေ့တစ်နေ့လုံးတွင် လွိုင်ကော်တက္က သိုလ်ဝန်းထဲတွင် တပ်စွဲထားသော စစ်ကောင် စီ၏ ခမရ(၄၂၅) တပ်ရင်းမှူး နှင့် ဒု-ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီးပါးသေဆုံးခဲ့ပြီး ခမရ(၆)၏ အင်အား တစ်ဝက်နီးပါးကိုပါ ချေမှုန်းနိုင်ခဲ့သည်။

နိုဝင်ဘာလ(၁၄)ရက်တွင် လွိုင်ကော်တက္ကသိုလ်ဝန်းအတွင်းတပ်စွဲကျန်ရှိနေသော ခမရ (၆) မှ တပ်ဖွဲ့ဝင်များ အား အပြီးသတ်ချေမှုန်းရန် စစ်ဆင်ရေးအား မနက်ပိုင်းမှစ၍ ညနေပိုင်းတွင် ကျန်ရှိစစ်ကောင်စီ တပ်ဖွဲ့များအား လက်နက်ချအညံ့ခံရန် အခွင့်အရေးပေးခဲ့ပြီးနောက် တပ်ခွဲမှူး “ကောင်းမြတ်ကို” ဦးစီးသော စစ်ကောင်စီတပ်သား (၃၂) ဦး လက်နက်ချ အညံ့ခံခဲ့ခြင်းဖြစ်သည်။

ယနေ့အထိ လွိုင်ကော်မြို့တွင်း တိုက်ပွဲများမှာ ပြင်း ထန်နေပြီး စစ်ကောင်စီက နေ့စဥ် လေယာဥ် အများ အပြားအသုံးပြု၍ ဗုံးကြဲ နေဆဲ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်တွင်တာဝန်ထမ်း‌ ဆောင်ရန် တပ်ရင်းသို့ဆက်သွယ်လာသူများရှိနေပြီး စိစစ်လက်ခံလျက်ရှိကြောင်းလည်း အသိပေးသည်။

သတင်း

လွယ်ဂျယ်မြို့ကို ဝိုင်းထားပြီး စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့နှင့် ဝန်ထမ်းများထွက်ခွာခွင့်ကို ယနေ့ ၁ ရက်အချိန်ပေးထားသည်ဟု သိရသည်။

သတင်း

လွိုင်ကော်တက္ကသိုလ်မှ ကယ်တင်ခေါ်ထုတ်လာခဲ့သည့် Non-CDM ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်များကို Non-CDM ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများ ဖြင့် စိစစ်ဆောင်ရွက်ခဲ့ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)က ကနဦး အသိပေးသည်။

သတင်း

ယမန်နှစ် နိုဝင်ဘာ ၁၁ ရက်ကစတင်ခဲ့သော ကရင်နီဒေသ ၁၁၁၁ စစ်ဆင်ရေး၏ အဓိက စစ်ရေးနေရာ ဖြစ်သည့် လွိုင်ကော်မြို့တိုက်ပွဲမှာ သုံးလ နှင့် ၁၇ ရက်ရှိလာပြီဖြစ်သည်။